စင်္ကာပူ

၃ ညအိပ် ၄ ရက် ခရီးစဉ်

ခရီးစဉ်ဈေးနှုန်း

လူကြီး
USD 830
ကလေး ကုတင်ယူလျှင်
USD
ကလေး ကုတင်မယူလျှင်
USD
Travel Peroid

All Year Around

ခရီးစဉ်ဈေးနှုန်း

လူကြီး
USD 830
ကလေး ကုတင်ယူလျှင်
USD
ကလေး ကုတင်မယူလျှင်
USD
Travel Peroid

All Year Around

Day 1

-ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Amazing Planet မှ လိုက်ပါဝန်ဆောင်မှုပေးမည့် Tour Leader နှင့် နံနက် ၅နာရီခွဲ၌ တွေ့ဆုံကာ Myanmar National Airlines (UB001) ဖြင့် စင်္ကာပူနိုင်ငံသို့ စတင်ထွက်ခွါကြပါမည်။
-စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ နေ့လည် ၁၂နာရီဝန်းကျင်တွင်ရောက်ရှိပြီး ဒေသခံ ဧည့်လမ်းညွှန်မှ နွေးထွေးစွာ လာရောက်ကြိုဆိုကာ နေ့လည်စာသုံးဆောင်ရန် စားသောက်ဆိုင်သို့ ပို့ဆောင်ပေးပါမည်။
-ထို့နောက် ခြင်္သေ့တစ်ပိုင်း ငါးတစ်ပိုင်း ရုပ်ထုရှိရာ စည်ကားလှသည့် နေရာတစ်ခုဖြစ်သည့် Merlion Park ၊ စကာၤပူနိုင်ငံအား ဆိပ်ကမ်းမြို့ အဖြစ် စတင်တည်ထောင်ခဲ့သူဖြစ်သည့် Sir Raffles ၏ ရုပ်ထုရှေ့ဖြတ်သန်းကာ လက်ရာမြောက်လှသည့် Esplanade ပြဇာတ်ရုံ နှင့် စီးပွားရေး အချက်အချာ နေရာဖြစ်သည့် Suntec City တို့ကို သွားရောက်လည်ပတ်ကြပါမည်။
-ညစာ သုံးဆောင်ပြီးနောက် ဟိုတယ် check-in ဝင်ကာ အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 2

-ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် လူကြီးလူငယ်မရွေး ပျော်ရွှင်စေမည့် စကာၤပူနိုင်ငံ၏ တစ်ခုတည်းသော နာမည်ကျော် Universal Studio သို့ Mt Faber မှတဆင့် Cable Car စီးကာ ပင်လယ်အော်ကို ဖြတ်သန်းကာ သဘာဝရှုမျှော်ခင်းအား ခံစားကြည့်ရှုရင်း သွားရောက် လည်ပတ်ကြပါမည်။
-နေ့လည်စာကို Universal Studio ထဲတွင် Coupon ဖြင့် သုံးဆောင်ကြပါမည်။
-ထို့နောက် ရေနေသတ္တဝါ မျိုးစိတ်ပေါင်း ၈၀၀ ကျော် ရေအောက် သတ္တဝါအကောင်ရေ တစ်သိန်းကျော်ရှိသည့် Sea Aquarium တွင် လည်ပတ်ကြပါမည်။
-ညစာ သုံးဆောင်ပြီးနောက် Wings of time Show ကို ကြည့်ရှုကြပါမည်။
-ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 3

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်
-2008 ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး စကာၤပူနိုင်ငံ၏အကြီးဆုံး Flyer ဖြစ်ပြီး တစ်မြို့လုံးကို အပေါ်စီးမှ မြင်ရသည့် Singapore Flyer သို့ သွားရောက်ကာ Journey of Dream တွင် အမှတ်တရဓာတ်ပုံများရိုက်ကူးပြီးနောက် Flight စီးနှင်းလိုက်ပါရင်း မြို့တော်အလှကို ခံစားကြပါမည်။


-ထို့နောက် မြို့တော်အလှအား ရေပေါ် ကုန်းပေါ် နှစခုစလုံးမှ ခံစားနိုင်မည့် Duck Tour လုပ်ကြပါမည်။
-ထို့နောက် ကမ္ဘာပေါ်ရှိ နိုင်ငံများ၏ အထင်ကရ ပန်းမျိုးစိတ်များနှင့် အပင်များ စုစည်းစိုက်ပျိုး ပြသထားသည့် Flowe Dome နှင့် စင်္ကာပူနိုင်ငံ၏ တိုးတက်သည့် နည်းပညာများကို မြင်တွေ့ရမည့် Cloud Forest တို့ရှိရာ Garden By the Bay သို့ သွားရောက် လည်ပတ်ကြပါမည်။
-ညစာသုံးဆောင်ပြီးနောက် ဧရာမ သစ်ပင်ကြီးများ ပုံစံတည်ဆောက်ထားကာ ခမ်းနားလှပသည့် Garden Rhapsody Light Show ကို ကြည့်ရှုကြပါမည်။
-ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 4

-ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် စကာၤပူနိုင်ငံ၏ တစ်ခုတည်းသော ဗုဒ္ဓဆွယ်တော်ဖြစ်သည့် Buddha Tooth Relic Temple နှင့် China Town သို့သွားရောက်လည်ပတ်ကြပါမည်။
-နေ့လည်စာသုံးဆောင်ကြပါမည်။
-ထို့နောက် လေဆိပ်သို့ မထွက်ခွါခင်အချိန်အထိ စကာၤပူမြို့လည်ခေါင် Orchard နှင့် Bugis လမ်းမကြီးတစ်လျှောက် ပျော်ရွှင်စွာ Shopping ထွက်ကြပါမည်။
-ညနေ ၆နာရီခွဲတွင် Orchard ရှိ စုရပ်တွင် ပြန်လည်ကြိုဆိုရာ ချန်ဂီလေဆိပ်သို့ ထွက်ခွါကြပါမည်။ စကာၤပူ စံတော်ချိန် ည ၉နာရီ ၄၅မိနစ်တွင် UB 004 ဖြင့် ရန်ကန်ရွှေမြို့တော်သို့ ပြန်လည်ထွက်ခွါလာကြပါမည်။
-ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာစံတော်ချိန် ည ၁၁နာရီ ၁၅မိနစ်တွင် အေးချမ်းစွာ ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်။

“ပျော်ရွှင်စရာ ခရီးစဉ်လေး ဖြစ်ပါစေ”
လေကြောင်းလိုင်း
:
Myanmar National Airlines
လေယာဉ် အချိန်ဇယား
:
ရန်ကုန် - စင်္ကာပူ -ရန်ကုန်
From To လေယာဉ် အမှတ် ထွက်ခွါချိန် ဆိုက်ရောက်ချိန်
Yangon Singapore UB001 07:30 AM 12:00 PM
Singapore Yangon UB004 09:45 PM 11:15 PM
Price may change base on availability!

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

Flight
Sight seeing
Transfer
Hotels
Meals
Guides
  • ရန်ကုန်-စင်္ကာပူ-ရန်ကုန် အသွားအပြန် လေယာဉ်လတ်မှတ် (ကီလိုပါပြီး)
  • ဟိုတယ်တွင် ၃ည တည်းခိုမှု (ဧည့်သည် ၂ဦးလျှင် တစ်ခန်း)
  • ဖော်ပြပါ နံနက်စာ ၊ နေ့လည်စာ ၊ ညစာ
  • ဖော်ပြပါ လည်ပတ်မည့် နေရာအားလုံးအတွက် ဝင်ကြေးများ
  • ခရီးစဉ်တစ်လျှောက် သီးသန့် Air-con ကား
  • Amazing Planet မှ လိုက်ပါဝန်ဆောင်မှုပေးမည့် Tour Leader
  • ဒေသခံ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်
  • နေ့စဉ် ရေသန့်
  • ကားဆရာ နှင့် ဧည့်လမ်းညွှန်အတွက် မုန့်ဖိုး (Tipping)

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

  • လေယာဉ်တွင် သတ်မှတ်ထားသော ကီလိုထက် အပိုသယ်ယူခြင်း
  • လေယာဉ်လတ်မှတ် ရက်ပြောင်း အချိန်ပြောင်းခြင်း
  • ဟိုတယ်နှင့် စားသောက်ဆိုင်များတွင် အပိုမှာယူသော ဝန်ဆောင်မှု
  • ခရီးစဉ်တွင် ဖော်ပြမထားသော ဝန်ဆောင်မှုများ

Road

Map