Wonderful Vietnam

ဟနွိုင်း - ဟာလောင် - ဒါနန်း - ဟွေးအမ်း

( ၄ ညအိပ် ၅ ရက် ခရီးစဉ် )

Transportation

CAR
BOAT

DOMESTIC FLIGHT

Travel Peroid

All Year Around

Transportation

CAR
BOAT

DOMESTIC FLIGHT

Travel Peroid

All Year Around

Day 1

မနက် 6-နာရီခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်အဖွဲ့ခေါင်းဆောင်နှင့်တွေ့ဆုံပြီး၊ ဗီယက်နမ် နိုင်ငံ၏ မြို့တော် ဟနွိုင်းမြို့သို့ ထွက်ခွါပါမည်။ ဟနွိုင်းမြို့သို့ ရောက်လျင် ဧည့်လမ်းညွှန်မှ တွေ့ဆုံနှုတ်ဆက်ပြီး နေ့လည်စာ သုံးဆောင်ကြမည်။ ထို့နောက် ဟိုတယ်သို့ ပို့ဆောင်ပေးပြီး ခေတ္တအနားယူူကာ ညနေပိုင်းတွင် ဟနွိုင်းမြို့အတွင်း Hoang Kiem Lake နှင့် Old Town market တို့သို့ သွားရောက်လည်ပတ်ကြပါမည်။

Day 2

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီး၊ ဟနွိုင်းမြို့အတွင်း ဗီယက်နမ်နိုင်ငံ၏ပထမဆုံးတက္ကသိုလ်အဖြစ်ထင်ရှားသော Literature Temple, ဟိုချီမင်းမြို့တွင်အထိမ်းအမှတ်စိုက်ထူထားသောကျောက်တိုင်ကြီး Ho Chi Minh Mausoleum, တိုင်တလုံးကျောင်းဆောင်ဟုလူသိများထင်ရှာသော One Pillar Pagoda, ပထမဦးဆုံး သမတ္တ ဟိုချီမင်းနေထိုင်ခဲ့သော Uncle Ho‘s Still House တို့သို့သွားရောက်လည်ပတ်ပြီး၊ နေ့လည်စာ သုံးဆောင်ကာ၊ ဟာလောင်မြို့သို့ ကားဖြင့် ခရီးဆက်ပါမည်။ ဟာလောင်မြို့သို့ရောက်လျင် ဗီယက်နမ်ရိုးရာ ရုပ်သေး ကပြဖျော်ဖြေပွဲသွားရောက်ကြည့်ရှုပြီး၊ ညနေစာသုံးဆောင်ကာ ဟိုတယ်သို့ ပို့ဆောင်ပေး ပါမည်။

Day 3

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီး၊ Hon Gai ဆိပ်ကမ်းသို့သွားရောက်ပြီး၊ ဟာလောင်ပင်လယ်အော်အတွင်း လည်ပတ်ရန် ၄-နာရီခန့်ကြာမည့်သင်္ဘောဖြင့် ခရီးစဉ်စတင်မည်။ သင်္ဘောပေါ်တက်တက်ချင်း၊ ကြိုဆိုနှုတ်ဆက် ဧည့်ခံသည့်ဖျော်ရည်ကို သုံးဆောင်ပြီး၊ ရင်သပ်ရှုမောဖွယ် Ha Long Bay ၏ အလှအပခံစားကြည့်ရှုရင်း၊ သင်္ဘောပေါ်တွင်နေ့လည်စာဖြင့် ဧည့်ခံပါမည်။ ထို့နောက် ကျွန်းပေါင်းနှစ်ထောင်ကျော်ရှိသော ဟာလောင် ပင်လယ်အော် အတွင်း ကျောက်စက်ပန်းဆွဲများဖြင့် သဘာ၀ အလှဆင်အပြိုင်အဆိုင်လှနေသော Paradise Grotto, Wooden cave ဂူအတွင်းတက်ရောက်လည်ပတ်လေ့လာရင်း၊ ဓါတ်ပုံများရိုက်ကြမည်။ သင်္ဘောပေါ်တွင် ပင်လယ်စာ နေ့လည်စာ အရသာရှိရှိသုံးဆောင်ပြီးနောက် ဟနွိုင်းမြို့သို့ ကားဖြင့်ပြန်လာပြီး၊ ဒါနန်းသို့ လေယာဉ်ဖြင့် ခရီးဆက်ပါမည်။ ဒါနန်းမြို့သို့ ရောက်လျင် UNESCO မှကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်မြို့လေး အဖြစ်သတ်မှတ်ထားသောဟိုအမ်းမြို့သို့ခရီးဆက်မည်။နေချင်စဖွယ်လှပသောထိုမြို့ကလေး တွင်ပျော်ရွှင်စွာ လည်ပတ်ရင်း ၊ဓါတ်ပုံရိုက်၊ အဝတ်အစားများဝယ်ကြပြီး၊ နာမည်ကြီး အကျီချုပ်ဆိုင်များတွင် လှလှပပ ဂါဝန်ကလေးများ နေ့ချင်းပြီးမိမိတို့ကိုယ်တိုင်းဖြင့်အပ်နိုင်ပါသည်။ ထို့နောက်Danangမြို့သို့ပြန်လာပြီး၊ ညနေစာ သုံးဆောင်ကာ၊ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။

Day 4

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်၊၁နာရီခွဲခန့်ကားဖြင့်သွားရသော Ba-Na-Hill အမည်ရှိဥရောပတွင် ရောက်နေသကဲ့သို့လှပသော အဆောက်အဦးလေးများရှိရာပြင်သစ်စတိုင်ရွာကလေးသို့ တနေ့တာလည်ပတ်မည်။ Ba-Na တောင်ထိပ်တွင်တည်ထားကိုးကွယ်လျက်ရှိသောLinh Ung Pagoda (ကွမ်ရင်) သို့ Cable Car သွားရောက်ဖူးမြော်လည်ပတ်မည်။ Cable Car စီးစဉ် အချိန်အတွင်း တောင်တက်လမ်းတလျောက် မြင်ရသောမြင်ကွင်းမှာ ကြည်နူးစရာရေတံခွန်များ၊ စိမ်းလန်းစိုပြေနေသော အဆုံးမရှိသစ်ပင်ကြီးများ ၊ ဥရောပစတိုင် အဆောက်အဦးလေးများကိုအပေါ်စီးများတွေ့မြင်ရပါမည်။ထို့နောက် Fantasy Park ဥယျာဉ်ကြီးထဲတွင် Disney Land ကဲ့သို့ ကစားစရာမျိုးစုံတို့ဖြင့် ပျော်ရွှင်စွာလည်ပတ်ကြမည်။ ထို့နောက်မြို့တွင်းရှိ Champa Museum အမည်ရှိပြတိုက်တွင်၊ အကောင်းဆုံးအကျော်ကြားဆုံးပန်းပုထုထားသကဲ့သို့သော ရှေးဟောင်းလက်ရာမျာ ကို အချိန်ရပါက ဝင်ရောက်လည်ပတ်ကြည့်ရှုပြီး ၊ ညနေစာသုံးဆောင်ကာ၊ဟိုတယ်တွင်အနားယူပါမည်။

Day 5

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ဟနွိုင်းမြို့သို့လေယာဉ်ဖြင့် ထွက်ခွါမည်။ လေဆိပ်ရောက်လျင် နေ့လည်စာ၊ Sen Tay Ho ဘူဖေးဖြင့် ဧည့်ခံ ပြီးကားဖြင့် အချိန်ရပါက အိမ်ပြန်လက်ဆောင်ဈေးဝယ်ရန်အတွက် Aeon Shopping Mall ဈေးသို့ပို့ဆောင်ပေးပါမည်။ ထို့နောက် မိမိတို့ရွှေမြို့တော်သို့ပြန်ရန်လေဆိပ်သို့ ပို့ဆောင်ပေးပါမည်။

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

Flight
Sight seeing
Transfer
Hotels
Meals
Guides
  • ကြယ် (4)ပွင့်အဆင့်ရှိဟိုတယ်တွင် ၄-ညတည်းခိုခွင့်
  • လေယာဉ်လက်မှတ် (ရန်ကုန်-ဟနွိုင်း-ရန်ကုန်) Vietnam Airline (20 kg) ပါဝင်ပြီး
  • ဗီယက်နမ်အဲလိုင်းမှ လေယာဉ်ပေါ်တွင်လည်း အစားအသောက်ကျွေးပါသည်။
  • ပြည်တွင်းလေယာဉ်လက်မှတ် (ဟိုချီမင်း - ဓနန်း / ဓနန်း - ဟနွိုင်း)
  • ဟာလောင်ပင်လယ်အော်အတွင်းစီးမည့်သင်္ဘောနှင့်သင်္ဘောပေါ်တွင်ကျွေးမည့်နေ့လည်စာ
  • နံနက်၊နေ့လည်၊ညနေစာခရီးစဉ်တွင် ဖော်ပြသည့်အတိုင်း
  • အင်္ဂလိပ်စကားပြောဧည့်လမ်းညွှန် နှင့် မြန်မာ တိုးလီဒါ (30-pax)
  • တစ်နေ့လျင်ရေသန့်ဗူးတစ်ဗူး
  • ခရီးစဉ်တွင်ပါဝင်သောဝင်ကြေးများအားလုံး

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

  • ဟိုတယ်တွင်မှာယူသုံးစွဲသော Phone calls၊ အအေး၊ ရေသန့်နှင့် ယမကာများ၊
  • ဟိုတယ်တွင်းအဝတ်လျှော်အပ်ခြင်းများ
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးဆောင်သောအစားအစာများ
  • ခရီးစဉ်တွင်းဖော်ပြထားခြင်းမရှိသောနေရာများသို့ သွားရောက်လည်ပတ်ခြင်းများ လေယာဉ်တွင် သတ်မှတ်ထားသောကီလိုထက် ပို၍သယ်ဆောင်ခြင်းများ

Road

Map