တောင်ကိုရီးယား နိုင်ငံ - ဆိုးလ်မြို့

( ၄ ညအိပ် ၅ ရက် ခရီးစဉ် )

Price Per Pax

USD 1050

Transportation

CAR

FLIGHT

Travel Peroid

All Year Around

ခရီးစဉ်ဈေးနှုန်း

လူကြီး(၁)ယောက်လျင်
US $ 4,250
ကလေး (2-11)နှစ်အောက်
US $ 3,800
(with bed)

US $ 3,500
(with extra bed)

Day 1

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ထွက်ခွါမည့်နေ့တွင် Amazing Planet Travel မှ လိုက်ပါဝန်ဆောင်မှုပေးမည့် Tour Leader မှ ကြိုဆိုကာ ကိုရီးယားနိုင်ငံ၏ မြို့တော်ဖြစ်သော ဆိုးလ်မြို့သို့ စတင်ထွက်ခွါကြပါမည်။

Day 2

နောက်တစ်နေ့ နံနက်ပိုင်းတွင် ဆိုးလ်မြို့ရှိ အင်ချွန်းလေဆိပ်သို့ ရောက်ရှိကာ ဒေသခံ ဧည့်လမ်းညွှန်မှ နွေးထွေးစွာ လာရောက်ကြိုဆိုပါမည်။
• နံနက်စာကို အရသာရှိသော ကိုရီးယားစာ Udon or Similar ဖြင့် ဧည့်ခံပါမည်။
• နံနက်စာသုံးဆောင်ပြီးနောက် နာမည်ကျော်ကိုရီးယားဇာတ်လမ်းတွဲဖြစ်တဲ့ ဟေမာန်ဆောင်းရဲ့ချစ်သံစဉ် ဇာတ်လမ်းတွဲရိုက်ကူးခဲ့သည့်
နမ်မီကျွန်း သို့သွားရောက်လည်ပတ်ကြပါမည်။ အလွန်သာယာသည့် နမ်မီကျွန်းတွင် လှည့်ပတ်သွားလာရင်း အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။
• နေ့လည်စာကို Chicken BBQ ဖြင့် တည်ခင်းဧည့်ခံမည် ဖြစ်ပါသည်။
ထို့နောက် ဆိုးလ်မြို့၏ Landmark ဖြစ်သော Namsan Tower (ခေါ်) N Seoul Tower သို့ သွားရောက်လည်ပတ်ရင်း ချစ်စရာ စုံတွဲ သော့လေးများ ချိတ်ဆွဲကြပါမည်။
• ထို့နောက် ဆိုးလ်မြို့၏ အစည်ကားဆုံးနေရာဟု ပြောနိုင်သည့် ဒုံဒေမွန် ဈေး ဧရိယာသို့ သွားရောက်လည်ပတ်ရင်း ပျော်ရွှင်စွာ Shopping ထွက်နိုင်မည် ဖြစ်ပါသည်။
• ညစာ Pork BBQ ဖြင့် သုံးဆောင်ပြီးနောက် ဆိုးလ်မြို့ရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။ 

Day 3

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဂျိုဆွန်းမင်းဆက်တစ်လျှောက် အကြီးဆုံး နန်းတော်ရာ ဖြစ်သည့် Gyeongbok Palace သို့ သွားရောက် လည်ပတ်ကြပါမည်။
• ထို့နောက် Korean Folk Museum ထဲတွင် ကိုရီးယားနိုင်ငံ၏ သမိုင်းကြောင်း ၊ ရိုးရာ ယဉ်ကျေးမှု ၊ ဓလေ့ထုံးတမ်းများကို လေ့လာကြမည် ဖြစ်ပါသည်။
• နေ့လည်စာ အာဟာရဓာတ်ကြွယ်ဝသည့် Ginseng Chicken Soup ဖြင့် ဧည့်ခံပါမည်။
• ထို့နောက် ကိုရီးယားနိုင်ငံတော် သမ္မတအပါအဝင် ဌာနဆိုင်ရာ အကြီးအကဲများ ရုံးထိုင်သည့် အိမ်ပြာတော် Blue House ရှေ့ကို ဖြတ်သန်းလေ့လာကြပါမည်။
• ထို့နောက် ကိုရီးယားတွင် ဈေးအကြီးဆုံး နေရာဖြစ်သည့် Gangnam ဧရိယာသို့ Walking Tour လုပ်ကြပါမည်။
ညစာ Pork Shabu Shabu သုံးဆောင်ကာ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 4

• ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် အလွန်ဆေးဖက်ဝင်သည့် နိုင်ငံကျော် ဂျင်ဆင်းအစစ်များ ရှိသည့် Ginseng Showroom သို့ သွားရောက်လေ့လာကြပါမည်။
• ထို့နောက် အလှကုန်ပစ္စည်းများတွင် ကိုရီးယားအလှကုန်ပစ္စည်းများသည် အလွန်ကောင်းသည့်အပြင် နာမည်ကြီးသည့် အလျှောက်
ရွေးချယ်ဝယ်ယူနိုင်ရန် Comestic Shop သို့ ပို့ဆောင်ပေးမည် ဖြစ်ပါသည်။
• နေ့လည်စာကို အရသာရှိသော Grilled Fish ဖြင့် သုံးဆောင်ကြပါမည်။
• ထို့နောက် လူကြီးလူငယ်မရွေး ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သည့် ဆိုးလ်မြို့၏ အကြီးဆုံး Theme Park ဖြစ်သည့် Everland Theme Park သို့ သွားရောက်လည်ပတ်ကာ ပျော်စရာအချိန်များ ဖြတ်သန်းကြပါမည်။
• ညစာကို ဟင်းအမယ်အစုံအလင်ပါဝင်သည့် Hanjeongsik ဖြင့် တည်ခင်းဧည့်ခံပါမည်။
ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 5

• ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ၁၄ ရာစုက စတင်တည်ဆောက်ခဲ့ပြီး ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းလာခဲ့သည့် ကိုရီးယားနိုင်ငံရှိ ဗုဒ္ဓဘာသာကိုးကွယ်သူတို့အတွက် အထွက်အမြတ်အထားဆုံး ဘုရားကျောင်းဖြစ်သည့် Jogyesa Temple သို့ သွားရောက် ဖူးမြော်ကြပါမည်။

• ထို့နောက် ရိုးရာအိမ်လေးများ ယခုထက်ထိ တည်ရှိနေဆဲဖြစ်သော Bukcon Hanok ရွာလေးသို့ သွားရောက် လည်ပတ်ကြပါမည်။
• နေ့လည်စာကို Thai Food ဖြင့် သုံးဆောင်ကြပါမည်။
• စကာၤပူရှိ Orchard လမ်းမကြီးကဲ့သို့ပင် ဆိုးလ်မြို့၏ အစည်းကားဆုံး ဈေးဝယ်လမ်းမကြီးဖြစ်သည့် Insadong သို့ သွားရောက်ကြပါမည်။
• လေဆိပ်မဆင်းမှီအချိန်အထိ ကိုရီးယားဇာတ်လမ်းတွဲများတွင် ပါလေ့ရှိသည့် နာမည်ကျော် မြောင်းဒုံဧရိယာတွင် လည်ပတ်ကြပါမည်။
ညနေပိုင်းလေယာဉ်ဖြင့် ဆိုးလ်မြို့မှ ရန်ကုန်မြို့သို့ တိုက်ရိုက်လေယာဉ်ဖြင့် ပျံသန်းကာ ရန်ကုန်လေဆိပ်သို့ ည ၁၀နာရီဝန်းကျင်တွင် အေးချမ်းစွာ ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်။

မှတ်ချက်။ ***အထက်ပါခရီးစဉ်သည် ရာသီဥတုနှင့် လေယာဉ်အချိန်လိုက်ပြီး အပြောင်းအလဲ ရှိနိုင်ပါသည်။***
Price may change base on availability!
Accommodation
:
Galaxy Hotel (or) IBC Hotel Dongdaemun (4 Stars)
Flight Information
:
Korean Airline
မှ / သို့ လေယာဉ်အမှတ် ထွက်ခွါမည့်အချိန် ဆိုက်ရောက်မည့်အချိန် ခန့်မှန်းပျံသန်းချိန်
Yangon – Seoul KE 472 23:15 07:35+1 ၅ နာရီ ၅၀ မိနစ်
Seoul – Yangon KE 471 18:15 22:10 ၆နာရီ ၂၅ မိနစ်

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

Flight
Sight seeing
Transfer
Hotels
Meals
Guides
  • ရန်ကုန် - ဆိုးလ် - ရန်ကုန် အသွားအပြန်လေယာဉ်လက်မှတ်
  • 4 Star ဟိုတယ်တွင် ၃ည တည်းခိုမှု (၂ယောက်/၃ယောက်လျှင် တစ်ခန်း)
  • ကိုရီးယားဗီဇာကြေး နှင့် ဗီဇာဝန်ဆောင်မှု
  • ခရီးစဉ်တွင်ဖော်ပြထားသည့် နေရာများအတွက် ဝင်ကြေးမျာ
  • ခရီးစဉ်တစ်လျှောက် ဇိမ်ကျသော Air Con (သို့) Heater ကားများအသုံးပြုထားခြင်
  • ခရီးစဉ်တွင်ဖော်ပြထားသည့်အတိုင်း နံနက်စာ၊ နေ့လည်စာ၊ ညစာ
  • Amazing Planet မှ လိုက်ပါဝန်ဆောင်မှုပေးမည့် Tour Leader
  • ဒေသခံ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်
  • နေ့စဉ်အတွက် သောက်ရေသန့်
  • Driver နှင့် Guide အတွက် မုန့်ဖိုးများ (Tipping) ကားပေါ်တွင် Free Wi-Fi ဝန်ဆောင်မှု

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

  • ဟိုတယ်တွင်မှာယူသုံးစွဲသော Phone calls၊ အအေး၊ ရေသန့်နှင့် ယမကာများ၊
  • ဟိုတယ်တွင်းအဝတ်လျှော်အပ်ခြင်းများ
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးဆောင်သောအစားအစာများ
  • ခရီးစဉ်တွင်းဖော်ပြထားခြင်းမရှိသောနေရာများသို့ သွားရောက်လည်ပတ်ခြင်းများ လေယာဉ်တွင် သတ်မှတ်ထားသောကီလိုထက် ပို၍သယ်ဆောင်ခြင်းများ

Road

Map

ကိုရီးယားဗီဇာလျှောက်ရန် လိုအပ်ချက်များ

  • နိုင်ငံကူးလက်မှတ် Passport မူရင်း (Passport သက်တမ်း(၆)လ နှင့် အထက်ကျန်ရှိရမည်။)
  • (3)လ အတွင်း ရိုက်ထားသောဓါတ်ပုံ (၂) ပုံ (၂လက်မပတ်လည် နှင့်နောက်ခံအဖြူဖြစ်ရမည်။)
  • အိမ်ထောင်စုဇယား / မှတ်ပုံတင် မူရင်း- မိတ္တူ- နိုတြီ
  • လုပ်ငန်းပိုင်ဆိုင်မှုအထောက်အထား (လုပ်ငန်းလိုင်စင်မူရင်း/သက်တမ်းရှိ၊ အခွန်ပြေစာ၊ ကုမ္ပဏီလုပ်ငန်းလိုင်စင်၊ Form 6, 26) မူရင်း/ မိတ္တူ/ နိုတြီ
  • အမည်ပေါက် (သို့) အိမ်ထောင်စုဇယားထဲတွင်ပါသောသူ၏ အမည်ပေါက်ဖြစ်ရမည်။ Company ဝန်ထမ်းဖြစ်ပါက Company Letter Head နှင့် Company မှဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာမူရင်း (or) ဝန်ထမ်းကပ်ပြား