တိုကျို - ဟိတာရှီ - ကမာကူရ - ဖူဂျီ - နာဂိုရာ - ကျိုတို- အိုဆာကာ

( ၇ ညအိပ် ၈ ရက် ခရီးစဉ် )

ခရီးစဉ်ဈေးနှုန်း

လူကြီး(၁)ယောက်လျင်
US $ 2,450
ကလေး ၁ဦးလျှင်
(ကုတင်ပါ/မပါ)
US $ / $
တစ်ခန်းသီးသန့်
နေလိုလျှင်

US $

ခရီးစဉ်ဈေးနှုန်း

လူကြီး(၁)ယောက်လျင်
US $ 2,450
ကလေး ၁ဦးလျှင်
(ကုတင်ပါ/မပါ)
US $ / $
တစ်ခန်းသီးသန့်
နေလိုလျှင်

US $ 550

Day 1

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထွက်ခွါမည့်နေ့ ညနေ ၃-နာရီ၌ Amazing Planet မှ လိုက်ပါဝန်ဆောင်မှုပေးမည့် Tour Leader နှင့် တွေ့ဆုံနှုတ်ဆက်ကာ ညနေ ၅နာရီ ၅မိနစ် လေယာဉ်ဖြင့် ဟောင်ကောင်သို့ စတင်ထွက်ခွါကြပါမည်။ ဟောင်ကောင်လေဆိပ်သို့ ည ၁၀နာရီဝန်းကျင်တွင် ရောက်ရှိကာ Transit ဖြတ်သန်းပြီး ည ၁နာရီလေယာဉ်ဖြင့် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ဆက်လက်ထွက်ခွါကြပါမည်။ လေယာဉ်ပေါ်တွင် အေးချမ်းစွာ အိပ်စက်လိုက်ပါကြပါမည်။

Day 2

နံနက် ၆နာရီခွဲ ဝန်းကျင်တွင် တိုကျိုမြို့ရှိ နာရိတလေဆိပ်သို့ ရောက်ရှိကာ ဒေသခံ ဧည့်လမ်းညွှန်မှ နွေးထွေးစွာ လာရောက် ကြိုဆိုနေပါမည်။ ထို့နောက် ဟိတာရှီမြို့သို့ သွားရောက်လည်ပတ်ကြပါမည်။ ဟိတာရှီမြို့၏ တစ်ခုတည်းသော နာမည်ကြီး Park ဖြစ်သည့် Hitachi Seaside Park တွင် Kochia ပန်းများ အရောင်ပြောင်းနေချိန်တွင် အလွန်လှသည့် အမှတ်တရဓာတ်ပုံများဖြင့် မှတ်တမ်းတင်ကြပါမည်။ မျက်စိတစ်ဆုံး Kochia ပန်းလုံးကြီးများမှာ ရင်သက်ရှုမောဖွယ် လှပနေမည် ဖြစ်ပါသည်။ ထို့နောက် 2018 ခုနှစ် မှတ်တမ်းတွင် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ဘုရားငါးဆူတွင် တစ်ဆူအပါအဝင်ဖြစ်သည့် Ushiku Daibutsu ဘုရားကြီးအား ဖူးမြော်ကြည်ညိုကြပါမည်။ ထို့နောက် တိုကျိုမြို့သို့ ပြန်လည်ထွက်ခွါလာကြပါမည်။ တိုကျိုမြို့ Shibuya ဘူတာတွင် ရှိသည့် သစ္စာတရားကြီးမားသော ခွေးလေး Hachiko ရုပ်ထုနေရာသို့ သွားရောက်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ် check-in ဝင်ကာ အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 3

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဘုရင့်တော်ဝင်မိသားစုများ နေထိုင်ခဲ့သည့် Imperial Palace သို့ သွားရောက် လည်ပတ်ကာ လေ့လာကြပါမည်။ ထို့နောက် Tokyo Sky Tree ဖြင့် အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ထို့နောက် Tokyo Disney Land သို့ ဆက်လက် ထွက်ခွါကြပါမည်။ ပျော်စရာများ ပြည့်နှက်နေသည့် Tokyo Disney Land အတွင်း ပျော်ရွှင်စရာ အချိန်များကို ဖြတ်သန်းကြပါမည်။ ညနေစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးအေးချမ်းချမ်း အိပ်စက် အနားယူပါမည်။

Day 4

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက်၊ ဂျပန်နိုင်ငံရောက်လျင် မြန်မာလူမျိုးများမသွားမဖြစ် သွားရောက်ကြသော ကြေးသွန်း ဗုဒ္ဓရုပ်ပွားတော် Kamakura Buddha ဘုရားကြီး သို့သွားရောက်ဖူးမြော်ပြီး အချိန်ရပါက Jomyoji Temple သို့သွားကာ Tea Ceremony တွင် ပါဝင်ဆင်နွှဲကာလက်ဘက်ရည်များ မြည်းစမ်းကြပါမည်။ ထို့နောက် ဂျပန်လူမျိုးတို့ သွားရောက်လည်ပတ်မှု များသော ပန်းခြံကြီးဖြစ်သည့်အပြင် ရာသီအလိုက် ပန်းအမျိုးအစားများ ပြောင်းလဲ စိုက်ပျိုးကာ အလှဆင်ထားသော Yamanakako Hanano Miyako Park သို့ သွားရောက်လည်ပတ်ကြပါမည်။ ဖူဂျီတောင်ကြီးအား လှမ်းပြီး မြင်ရသော ထိုပန်းခြံကြီးထဲတွင် ဖူဂျီတောင်နောက်ခံဖြင့် ပန်းခင်းများကြား လှပစွာ ဓာတ်ပုံရိုက် မှတ်တမ်းတင်နိုင်မည်ဖြစ်ပါသည်။ ထို့နောက် ဖူဂျီတောင်မှ ရေခဲများအရေပျော်ကာစီးဆင်းလာမှုကြောင့် ဖြစ်ပေါ်လာသော ရေပူအိုင်များရှိရာ Oshino Hakkai ရွာလေးသို့ သွားရောက်လည်ပတ်ကာ လေ့လာကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ် check-in ဝင်ကာ အေးချမ်းစွာ အိပ်စက် အနားယူကြပါမည်။

Day 5

ဟိုတယ်တွင် နံနက်စာ ဘူဖေးသုံးဆောင်ပြီးနောက် ဖူဂျီတောင်ရှိရာသို့ ခရီးဆက်ပါမည်။ ဖူဂျီတောင်ထိပ်သို့ (Level 5th) တက်ကြမည်။ အဝေးမှ လှမ်း၍မြင်နိုင်သော ပျော်ရွှင်ကြည်နှုးဖွယ်ရှုခင်းတို့ဖြင့် လှလှပပဝံ့ကြွားစွာ နေရောင်ခြည်အောက်တွင် စိန်တုံးကဲ့သို့ လှပနေသော ဖူဂျီတောင်သို့ ပျော်ရွှင်စွာ တက်ပြီး ဓါတ်ပုံရိုက် မှတ်တမ်းတင်ကြမည်။ ထို့နောက် နာဂိုရာသို့ ဆက်လက်ခရီးဆက်ကာ Brand ပစ္စည်းများ ဈေးနှုန်းချိုစွာ ဝယ်ယူရရှိနိုင်မည့် Toki Premium Outletmall တွင် ပျော်ရွှင်စွာ Shopping လုပ်ကြပါမည်။ နာဂိုရာရှိ ဟိုတယ်တွင်အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 6

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ရွှေအစစ်များဖြင့် တည်ဆောက်ထားသည့် Golden Pavilion ကျောင်းသို့ သွားရောက် လည်ပတ် လေ့လာကြပါမည်။ ထို့နောက် ကမ္ဘာ့ယူနက်စကို အသိအမှတ်ပြု ဂျပန်လူမျိုးတို့၏ တန်ဖိုးထားဂုဏ်ယူအပ်သော Kiyomizu Temple နှင့် တိုင်အနီ များဖြင့် အလှဆင်ကာ တည်ဆောက်ထားသည့် နာမည်ကျော် Fushimi Inari Shrine, အချိန်ရလျှင် အလွန်လှပစိမ်းစိုသော ဝါးရုံပင်လေးများကြားတွင် အမှတ်တရဓာတ်ပုံများရိုက်နိုင်သော Arashiyama bamboo forest သို့ လည်ပတ်ကြပါမည်။ ထို့နောက် အိုဆာကာသို့ ကျည်ဆန် ရထားစီးပြီး ခရီးဆက်ကာ ညနေစာသုံးဆောင်ပြီး၊ တစ်နေ့တာပင်ပန်းသမျှ ဟိုတယ်တွင် အပန်းဖြေအနားယူပါမည်။

Day 7

မနက်စာသုံးဆောင်ပြီးနောက် အိုဆာကာ Universal Studio Japan သို့ သွားရောက်လည်ပတ်ကြပါမည်။ Harry Potter ရဲတိုက်ကြီးတွင် အမှတ်တရ Walking Tour လုပ်ရင်း စိတ်လှုပ်ရှားဖွယ် Rides များစီးကာ Minions လေးများဖြင့် အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးနိုင်သလို များစွာ Attraction Points များတွင် ပျော်ရွှင်ဖွယ်အချိန်များ ဖြတ်သန်းကြပါမည်။ ညနေပိုင်းတွင် Shinsaibashi နှင့် Dotonbori ဧရိယာတို့တွင် ပျော်ရွင်စွာ Shopping ထွက်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 8

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Kuromon morning market သို့ သွားရောက်လည်ပတ်ကြပါမည်။ ဒေသစာများ မြည်းစမ်းရင်း နံနက်ခင်းဈေးတွင် ပျော်ရွှင်စွာလည်ပတ်ကြပါမည်။ ထို့နောက် ၁၆ရာစု ကတည်းက တည်ဆောက်ထားပြီး ဂျပန်နိုင်ငံ၏ ကျော်ကြားသော Osaka Castle ဖြင့်  အမှတ်တရဓါတ်ပုံများရိုက်ပါမည်။ ထို့နောက် 173 မီတာမြင့်ပြီး အိုဆာကာ မြို့၏အလှကို ၃၉ထပ်မှ ခံစားကြည့်ရှုရန် Umeda Sky Building သို့ သွားရောက်လည်ပတ်ကြပါမည်။ ညနေပိုင်းတွင် အိုဆာကာ Kansai International Airport သို့ ပို့ဆောင်ပေးကာ မိမိနေထိုင်ရာ အမိနိုင်ငံသို့ ဟောင်ကောင်လေဆိပ် မှ တဆင့် အေးချမ်းစွာ ပြန်လည်ထွက်ခွာပါမည်။ ရန်ကုန်မြို့သို့ ည (၁၁:၄၅) ခန့်တွင် ပြန်လည်ရောက် ရှိလာပါမည်။

မှတ်ချက်။ ***အထက်ပါခရီးစဉ်သည် ရာသီဥတုအခြေအနေ၊ Traffic အခြေအနေအရပြောင်းလဲနိုင်ပါသည်။***
Price may change base on availability!
Flight Schedule
From To Departure Time Arrival Time Average Flight Duration
Yangon Hong Kong 17:05 21:50 3 hours
Hong Kong Narita (Tokyo) 00:55 06:30+1 4 hours
Kansai (Osaka) Hong Kong 17:00 20:00 4 hours
Hong Kong Yangon 22:00 23:45 3 hours

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

Flight
Sight seeing
Transfer
Hotels
Meals
Guides
  • ကြယ် (4)ပွင့် အဆင့်ရှိဟိုတယ်တွင် 6-ည တည်းခိုမှု
  • ရန်ကုန် - ဂျပန် - ရန်ကုန် အသွားအပြန် လေယာဉ်လက်မှတ်
  • Aircon နှင့် Wifi ပါသော အဆင်မြင့်ကားကြီးဖြင့်လည်ပတ်ခြင်း
  • နံနက်၊နေ့လည်၊ညနေစာ (ဂျပန်စာ၊တရုတ်စာ…)
  • Amazing Planet Travel မှ လိုက်ပါဝန်ဆောင်မှုပေးမည့် Tour Leader
  • တစ်နေ့လျင် ရေသန့်ဗူးတစ်ဗူး
  • ဒေသခံ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်
  • ခရီးစဉ်တွင်ပါဝင်သော ဝင်ကြေးများအားလုံးအပါအဝင်
  • ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းအားပေးရမည့် Tipping အားလုံး ပါဝင်ပြီး

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

  • အထက်တွင် ဖော်ပြထားခြင်းမရှိသော ဝန်ဆောင်မှုများ

Road

Map