Gorgeous Taiwan - ခန့်ညားတည်ကြည် ထိုင်ဝမ်ဆီသို့

Taipei – Taichung – Tainan – Kaohsiung - Taitung – Hualien

ခရီးစဉ်ဈေးနှုန်း

လူကြီး(၁)ယောက်လျင်
US $ 1,450
ကလေး (2-11)နှစ်အောက်
US $
(no bed)

US $
(with extra bed)

ခရီးစဉ်ဈေးနှုန်း

လူကြီး(၁)ယောက်လျင်
US $ 1,450
ကလေး (2-11)နှစ်အောက်
US $
(no bed)

US $
(with extra bed)

Day 1

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှနံနက်(၁၀:၅၀)နာရီအချိန်တွင် China Airlines (CI-7916) လေယာဉ် ဖြင့် ထွက်ခွာပြီးထိုင်ဝမ်စံတော်ချိန်ညနေ (၁၆:၀၀)နာရီ အချိန်တွင် ထိုင်ဝမ် နိုင်ငံ၏ အပြည်ပြည်ဆိုင် ရာလေဆိပ် Taoyuan Airport သို့ ရောက်ရှိပြီး ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးစွာလာရောက်ကြိုဆိုပါမည်။ ထိုနောက် ဒူဘိုင်း၏ BurjKalifa မပေါ်ထွက်ခင်က ကမ္ဘာ့အထပ်အမြင့်ဆုံး အဆောက်အဦးတစ်ခုဖြစ်ခဲ့ပြီး အထပ်ပေါင်း (၁၀၁)ထပ် ရှိသည့် Taipei 101 Towerသို့သွားရောက်ကာ (၈၉)-ထပ် Observatory Deck ရှိရာအထိ တက်၍လေ့လာကြည့်ရှုကြမည်။ ဆက်လက်၍ ထိုင်ပေမြို့၏ အကြီးဆုံးနှင့် အကျော်ကြားဆုံးညဈေးကြီးဖြစ်သော Raoche Night market သို့ သွားရောက်ကာထိုင်ပေမြို့၏ စည်ကားလှ သည့်အလှကို တစ်ဝကြီးခံစားရင်း ပျော်ရွှင်စွာဈေးဝယ်ကြပါမည်။ ထိုင်ဝမ်နိုင်ငံ၏ နာမည်ကြီး Din Tai Fung (Dim Sum) စားသောက်ဆိုင်ကြီးတွင် အရသာရှိရှိ ညနေစာကို ပျော်ရွှင်စွာသုံးဆောင်ပြီးနောက် Hotel တွင် Check-In ဝင်၍ အပန်းဖြေ အနားယူပြီး အေးချမ်းစွာအိပ်စက် အနားယူပါမည်။

5* Hotel:  Taipei Garden Hotel or similar

No.1, Section 2, Zhonghua Rd., Zhongzheng District, Taipei City 10065,

Day 2

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် လှပသောYehilu Geo Park တွင် နှစ်ပေါင်းသန်းနဲ့ ချီကာရေ၊ လေတိုက်စားမှု တို့ကြောင့် ကျောက်စွန်းအငူများ ပုံသဏ္ဍာန်အမျိုးစုံဖြစ်ပေါ်နေသောကျောက်တုံးအငူ များကိုသွားရောက်ကြည့်ရှု ပါမည်။ ထို့နောက် ဂျပန်နှင့်တရုတ်တို့၏ ဗိသုကာလက်ရာများကို မြင်တွေ့နိုင်သောJiufen Old Street သို့ သွားရောက်လည်ပတ်ပြီး၊ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော် ကျောက်ခေတ်ကတည်းက နောက်ဆုံးမင်းဆက် ချင်မင်းဆက်အထိ အသုံးပြုခဲ့သော တရုတ်ပြည်၏ အနုပညာလက်ရာများအားလေ့လာနိုင်သောNational Palace Museumသို့သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို ထိုင်ဝမ် ပင်လယ်စာ ဖြင့် ဧည့်ခံ ပါမည်။ ဆက်လက်၍ Taichaungမြို့သို့ ထိုင်ဝမ်နိုင်ငံ၏ High Speen Train အမြန်ရထားဖြင့် ၁.၃၀ နာရီမျှ ခရီးဆက်ပြီး Taichaung သို့ ရောက်လျှင် မြို့၏ အကြီးဆုံး Fengjiaညဈေး သို့ သွားရောက်လည်ပတ်ပြီး၊ ညစာကို ShabuShabu အရသာရှိရှိသုံးဆာင်မည်။ ထို့နောက် Hotel တွင် Check-In ဝင်ကာ အပန်းဖြေအနားယူပြီး အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

4* Hotel: Evergreen Laurel Hotel or similar

No. 666, Section 2, Taiwan Blvd, Xitun District, Taichung City)

Day 3

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီး Chung Tai Chan ဗုဒ္ဓကျောင်းတော်ကြီးသို့အရင်ဆုံးသွားရောက် ဖူးမြော်လ့လာပြီး ထိုင်ဝမ်၏နာမည်ကြီးနေလရေကန် Sun Moon Lake တွင် Cruise သင်္ဘော စီးရင်းရင်သပ်ရှုမောဖွယ် အလှအပများကို ခံစားကြည့်ရှု နိုင်ပါသည်။ ထို့နောက်နေ့လည်စာသုံးဆောင်ပြီး ထိင်ဝမ်နိုင်ငံ၏ နာမည်ကြီးကစားကွင်း ကလေးလူကြီးပျော်ရွှင်စွာ အပန်းဖြေကစားနိုင်သော Formosan Aboriginal Culture Village သို့ Cable car စီး၍ သွားရောက်လည်ပတ်ပါမည်။ Rock of Oponohu, the observation Tower, Pestle music and Indian Totems တို့ဖြင့် ဆွဲဆောင်မှုအပြည့်ရှိသော နေရာဖြစ်ပါသည်။ ဆက်လက်၍ ထိုင်းနန်မြို့သို့ကားဖြင် ၁နာရီခွဲခန့် ခရီးဆက်ပြီး၊ ထိုင်းနန် မြို့သို့ရောက်လျှင် Jing Paved Sail Field တွင် လည်ပတ်ပြီး၊ Hotel တွင် Check-In ဝင်ကာအပန်းဖြေကာ၊ ဟိုတယ်တွင် ညနေစာသုံးဆောင်ကာ၊ အနားယူပြီး အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day 4

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီး၊ ထိုင်နန်ရှိ Fort Provintia ခံတပ်ကို ဝင်ရောက်လည်ပတ်ပြီးနောက် ဗုဒ္ဓ စွယ်တော်မြတ် ကိမ်းဝပ်စံပါယ် လျက်ရှိသော စကြာမုနိရုပ်ပွားတော်ကြီး တည်ရှိရာ လွန်စွာသပ္ပာယ်ကြည်ညိုဖွယ် ကောင်း လှသည့် Fo Guang Shan Memorial Centre သို့ သွားရောက်ဖူးမျှော်ကြပါမည်။ Tem Drum Culture village ယဉ်ကျေးမှု ရိုးရာ ဖျော်ဖြေပွဲမျိုးစုံရှိသောနေရာတွင် အကအလှ မျိုးစုံတို့ကို ကြည့်ရှုလေ့လာပြီးနောက် ထိုင်တုံးသို့ ခရီးဆက်ပါမည်။ Taitung သို့ ရောက်လျှင် ရေပူစမ်းဟိုတယ် Century Hotel တွင် ဝင်ရောက်အပန်းဖြေ ကြပါမည်။ ထို့နောက် ဟိုတယ်တွင် အရသာရှိရှိ ညနေစာ သုံးဆောင်ပြီး အိပ်စက် အနားယူပါမည်။ (သို့မဟုတ်) ဒေသရိုးရာ Aboriginal Dance အား ကြည့်ရှုခံစားရင်း အားလိစန်း ၏ နာမည်ကြီး လက်ဖက်ခြောက်များ အား ဝယ်ယူမြည်းစမ်းနိုင်သော Tea Garden သို့သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီး နောက်၊ နှစ်ပေါင်းရာထောင်ချီ သက်တမ်းရှိ သစ်မွှေးတောကြီးရှိရာစိမ်းစိုလှပသော Alishan National Park, Sceniic Area သို့သွားရောက်လေ့လာပါမည်။ ဆက်လက်၍ Guandi Temple သို့သွားရောက် လည်ပတ်ပြီး ထိုင်ဝမ်နိုင်ငံ ၏ အစည်ကားဆုံးဆိပ်ကမ်းမြို့ Kaosiung သို့ ကားဖြင့် ၁နာရီခွဲမျှ မောင်းနှင်ကာခရီးဆက်ပါမည်။ Kaosiung မြို့သို့ ရောက်လျှင် Pier2 Art Center သို့ ဝင်ရောက်ကာအနုပညာလက်ရာများကို လေ့လာပါမည်။ အချိန်ရပါက ဆက်လက်၍ Kaohsiung မြို့ရှိ Formosa Boulevard Station ရှိ လှပဆန်းကြယ်သော Ceiling ရှိသည့် ရထားဘူတာ သို့ ဓါတ်ပုံရိုက်ရန် ပို့ပေးမည်။ ထို့နောက် British ကိုလိုနီ ဗိသုကာ အဆောက်အအုံများရှိသောThe British Consulate at Takowသို့ သွားရောက်ကာ မြို့၏ အလှ အပများကိုခံစားရင်း အမှတ်တရ ဓာတ်ပုံများရိုက်ကြပါမည်။ အရသာရှိရှိ Hakka ညနေစာ သုံးဆောင်ပြီး Hotel Check-In ဝင်ကာအပန်းဖြေပြီး ဟွားလျန်တွင် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

4-5* Hotel: Ambassdor Kaohsiung Hotel or similar

Day 5

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ကိုရီးယားနိုင်ငံဂျယ်ဂျူကျွန်းရှိ ပဟေဠိလမ်းကဲ့သို့ ရေများအောက်မှ အထက်သို့ ပြောင်းပြန်စီးဆင်းသွားသောကြောင့် ထူးဆန်းအံ့ဖွယ်နေရာ တစ်ခုဟုလက်ခံထားသော Water Running Up သို့ သွားရောက်လေ့လာကြပြီး၊ ဒေသစာ ပေါက်စီများ ဝယ်ယူသုံးဆောင်နိုင်ပါသည်။ ထို့နောက် ဒီရေတိုက်စားမှုကြောင့် ကျွန်းလေးသဖွယ်သီးသန့်ဖြစ်နေသော Sanxiantai အငူသို့ သွားကာ သဘာဝပတ်ဝန်းကျင် အလှအပများကို ကြည့်ရှုခံစားပါမည်။ နေ့လည်စာသုံးဆောင် ပြီးနောက်ဟွားထုံ ကမ်းရိုး တန်းရှိ Stone Stair Terrace နှင့် ဇွန်လ (၂၂)ရက်နေ့တွင်နေရိပ်မထင်သည့် Tropic of Cancer နှင့် အမှတ်တရဓါတ်ပုံရိုက်ကြမည်။ မီးတောင်ကျောက်များကို လေ့လာ တွေ့ရှိနိုင်ပြီး လေကောင်းလေသန့်များ ရှုရှိုက်ကာ အပန်းဖြေနိုင်သော Shihtiping သို့ သွားရောက် လည်ပတ်ပါမည် ဆက်လက်၍ Hualienမြို့ သို့ကားဖြင့် ၁-နာရီခွဲခန့် မောင်းနှင် ခရီးဆက်ပါမည်။ ဟွားလျန်မြို့သို့ ရောက်လျှင် ဟွားလျန်ဒေသခံ နေ့လည်စာသုံးဆောင်ပြီး ထိုင်ဝမ်၏ သဘာ၀ ဥယာဉ်စုစုပေါင်း၉-ခုအနက် အလွန် ကျော်ကြားသော Taroko National Park သို့ သဘာ၀ အလှအပရေတံခွန် တို့အား သွားရောက်လည်ပတ်ပြီး၊ ဓါတ်ပုံရိုက်ကြမည်။ ဆက်လက်ပြီး Qixingtan Scenic Point ကမ်းခြေတွင် ခဏတာအပန်းဖြေရန် ပို့ပေးပါမည်။ Hotel တွင် Check-In ဝင်ကာ အပန်းဖြေအနားယူပြီး၊ ဟိုတယ်တွင် အရသာရှိရှိ ညနေစာသုံးဆောင်ကာ အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

4* Hotel: Chateau De Chine Hualien Hotel  (Tel: +886 3 823 5388)

Day 6

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ ရထားဖြင့် တိုင်ပေမြို့သို့ ခရီးဆက်ပါမည်။ (မှတ်ချက်။ မိမိတို့၏ အိတ်များကို ရထားပေါ်သို့ တင်ချ လုပ်စရာမလိုပါ။ အိတ်များအားလုံးကို ကားဖြင့် သယ်သွားပေးမည် ဖြစ်ပါသည်။ )
တိုင်ပေသို့ ရောက်လျှင် တရုတ်ပြည်၏ သမ္မတဟောင်း တစ်ဦးဖြစ်သော Chiang Kai Shek အား အောက်မေ့ အမှတ်ရ သောအားဖြင့် ဆောက်လုပ်ခဲ့သည့် ချန်ကေရှိတ် CKS Memorial Hall တွင် ဝင်ရောက်လည်ပတ် အမှတ်တရ ဓာတ်ပုံများရိုက်ကြပြီး၊ Duty Free သို့ ပို့ဆောင်ပေးပါမည်။ ညနေစာကို Cantonese အစားအစာဖြင့် အရသာရှိရှိ သုံးဆောင်ပြီးနောက် ထိုင်ဝမ်၏ ဈေးဝယ်ရန် အစည်ကားဆုံး ဖြစ်သော ရှီမင်းထန် ညဈေး Ximending တွင် အိမ်ပြန်လက်ဆောင်များ သွားရောက် ဝယ်ကြပါမည်။ ညဈေးတွင် ရိုးရာ အစားအစာများလည်း မြည်းစမ်းသုံး ဆောင်နိုင်ပါသည်။ ထို့နောက် လေဆိပ်အနီးရှိ Novotel Hotel တွင် Check-In ဝင်၍ အပန်းဖြေအနားယူပြီး အေးချမ်းစွာအိပ်စက် အနားယူပါမည်။

Day 7

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးTaoyuan Int’l Airport သို့ ပို့ဆောင်ပြီးရန်ကုန် သို့ ပြန်လည်ထွက်ခွာပါမည်။

မှတ်ချက်။ ***အထက်ပါ ခရီးစဉ်သည် ရာသီဥတုအခြေအနေနှင့် အချိန်အနေအထားအရ ဧည့်လမ်းညွှန်မှ အဆင်ပြေသလိုစီစဉ် ပေးသွားမည်ဖြစ်ပါသဖြင့် အပြောင်းအလဲ ဖြစ်နိုင်ပါသည်။ ***
Price may change base on availability!

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

Flight
Sight seeing
Transfer
Hotels
Meals
Guides
  • ကြယ် (၄-၅)ပွင့် အဆင့် ရှိ အဆင့်မြင့် ဟိုတယ်ကြီးများတွင် ၆-ည တည်းခိုခွင့်
  • လေယာဉ်လက်မှတ် (ရန်ကုန်-ထိုင်ပေ-ရန်ကုန်) Air China
  • Aircon နှင့် Wifi ပါသော အဆင့်မြင့်ကားကြီးဖြင့် လည်ပတ်ခြင်း
  • နံနက်၊ နေ့လည်၊ ညနေစာ (upgraded meal, Seafood)
  • ဗီဇာကြေးနှင့် ဝန်ဆောင်မှု (US $ 50 – visa fee)
  • ဧည့်လမ်းညွှန်နှင့် Amazing Planet Company မှ မြန်မာ အဖွဲ့ခေါင်းဆောင်
  • နေ့စဉ် ကားပေါ်တွင် ရေသန့်ဗူးများစီစဉ်ထားပေးခြင်
  • ခရီးစဉ်တွင် ပါဝင်သော ဝင်ကြေးများအားလုံး အပါအဝင် ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းအတွက် Tipping US $ 4 per day per pax

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

  • ဟိုတယ်တွင်မှာယူသုံးစွဲသော ကိုယ်ပိုင်စရိတ် Phone calls၊ အအေး၊ ရေသန့်နှင့် ယမကာများ၊
  • ဟိုတယ်တွင်းအဝတ်လျှော်အပ်ခြင်းများ
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးဆောင်သောအစားအစာများ
  • ခရီးစဉ်တွင်းဖော်ပြထားခြင်းမရှိသောနေရာများသို့ သွားရောက်လည်ပတ်ခြင်းများ
  • လေယာဉ်တွင် သတ်မှတ်ထားသောကီလိုထက် ပို၍သယ်ဆောင်ခြင်းများ
  • လေယာဉ်လက်မှတ် အချိန်၊ ရက်ပြောင်းခြင်းများ ဗီဇာအတွက် လိုအပ်သော စာရွက်စာတမ်း နိုကြီပြန်ခြင်း

Road

Map

မှတ်ချက်။

  • ခရီးစဉ်တွင် လိုက်ပါရန် အမည်စာရင်းသွင်းပါက USD 500 စီ စရံအဖြစ် ပေးသွင်းရန်။
  • 50% ကို ဗီဇာလျောက်ရန် ပြင်ဆင်သည့်အချိန်တွင် ပေးရမည်ဖြစ်ပြီး ကျန်သောငွေကို ခရီးစဉ်မထွက်ခွါမီ ၁-ပတ်အလိုတွင် ပေးချေရန်ဖြစ်ပါသည်။
  • ဗီဇာလျောက်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများ ပေးရပါမည်။
  • ဗီဇာ ရရှိပြီး၊ ခရီးစဉ်မလိုက်ဖြစ်ပါက စရံပြန်အမ်းမည် မဟုတ်ပါ။
  • နိုင်ငံကူးလက်မှတ်တွင် နိုင်ငံကြီး (ဂျပန်၊ ကိုးရီးယား၊ ကနေဒါ၊ ဥရောပ၊အမေရိကန်၊ သြစတျေးလျ၊ နယူးဇီလန်) ကဲ့သို့သော ဗီဇာရှိသည့်သူများအတွက် ဗီဇာကြေး USD 50 လျော့ပေးပါမည်။ သို့ပါသော်လည်း အွန်လိုင်းမှ ဗီဇာလျောက် ထားရန်လိုအပ်သည့်အတွက် Passport ပေးရပါမည်။

ဗီဇာလျောက်ထားရန်အတွက် လိုအပ်သော စာရွက်စာတမ်းများ။

  • Passport မူရင်း (အနည်းဆုံး ၆-လ သက်တမ်းရှိရပါမည်) နှင့် မိတ္တူ
  • (၆)လ အတွင်း ရိုက်ထားသော အဖြူရောင်နောက်ခံ (၂) လက်ပတ်လည် ဓါတ်ပုံ (၃)ပုံ
  • မှတ်ပုံတင် မူရင်း
  • အိမ်ထောင်စုစာရင် မူရင်း
  • ဘဏ်စာအုပ် မိတ္တူ မူရင်း (ဘဏ်ထဲတွင် အနည်းဆုံး ၅-သိန်းနှင့် အထက်ရှိပါမည်)
  • ဇနီးမောင်နှံများ အိမ်ထောင်စုစာရင်း မတူပါက လက်ထပ်စာချုပ် မိတ္တူနှင့် Notary