Explore the nature of Australia

Sydney - Canberra - Melbourne - Gold Coast - Brisbane

ခရီးစဉ်ဈေးနှုန်း

လူကြီး(၁)ယောက်လျင်
US $ 3,350
ကလေး (2-11)နှစ်အောက်
US $
(with bed)

US $
(with extra bed)

SPECIAL DEAL

လူဦးရေ (၄)ယောက်နှင့် အထက် စာရင်းသွင်းသူများအား US $ 50 စီ လျော့ပေးပါမည်။

ခရီးစဉ်ဈေးနှုန်း

လူကြီး(၁)ယောက်လျင်
US $ 3,300
ကလေး (2-11)နှစ်အောက်
US $
(with bed)

US $
(with extra bed)

SPECIAL DEAL

လူဦးရေ (၄)ယောက်နှင့် အထက် စာရင်းသွင်းသူများအား US $ 50 စီ လျော့ပေးပါမည်။

Day 1

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Amazing Planet Tour Leader နှင့် တွေဆုံနှုတ်ဆက်ပြီး Check in ဝင်ကာ သြစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့သို့ စင်္ကာပူလေဆိပ်မှ တဆင့်ပျံသန်းထွက်ခွါပါမည်။ ညနေပိုင်းတွင်စင်္ကာပူလေဆိပ်သို့ရောက်ရှိပြီး၊ ဆက်လက်၍ဆစ်ဒနီမြို့သို့ သွားမည့်လေယာဉ်ဖြင့် ဆက်လက်ပျံသန်းမည်။

Day 2

Sydney International Airport သို့ရောက်ရှိလျှင်ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးစွာလာရောက်ကြိုဆိုပါမည်။ ထို့နောက် Sydneyမြို့တွင်း အထင်ကရနေရာများဖြစ်သည့် အလွန်ကြီးမားကျယ်ဝန်းသော တော်ဝင်ပန်းခြံ Hyde Park၊St. Mary ခရစ်ယာန်ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ပြီး Darling ဆိပ်ကမ်းသို့ သွားကာအပန်းဖြေရင်း အမှတ်တရဓာတ်ပုံများ ရိုက်ကြပါမည်။ ဆက်လက်၍ ဆစ်ဒနီ၏ငါးဈေးတန်းသို့ သွားရောက်လည်ပတ်ပြီး နေ့လည်စာကိုတရုတ်အစားအစာဖြင့် သုံးဆောင်ကြပါမည်။ ထို့နောက် Sydney ၏သမိုင်းဝင်ရုက္ခဗေဒဥယျာဉ်ဖြစ်သည့် Royal Botanic Garden သာမက Mrs. Macquarie’s Chair၊ သြစတေးလျနိုင်ငံ၏ ဂုဏ်ကျက်သရေဆောင် ကဇာတ်ရုံဖြစ်ပြီး ဆန်းသစ်စခေတ်မီဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားပြီး ၂၀ရာစု၏ အခမ်းအနားဆုံးအဆောက်အဦးတစ်ခုဖြစ်သော Sydney Opera House၊ Harbor Bridge နှင့် The Rocks အစရှိသောအထင်ကရနေရာများကို သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် 4D ရုပ်ကြွ ပုံရိပ်နှင့် ဆစ်ဒနီမြို့၏ အလှအပကို အပေါ်စီးမှ ကြည့်ရှုခံစားရန် Sydney Tower Eye သို့သွားပြီး နောက်ဟိုတယ် check-in ဝင်ပါမည်။ ညစာကိုထိုင်းအစားအစာဖြင့် သုံးဆောင်ပါမည်။ ထို့နောက်ဟိုတယ်သို့ပြန်ကာအေးချမ်းစွာအိပ်စက်အနားယူပါမည်။
Accommodation: Sydney Hotel

Day 3

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သော Blue Mountain သို့ ၁၀နာရီခန့် ကြာအောင် သွားရောက်လည်ပတ်ပါမည်။Quaint Mountain Village နှင့် Echo Point တွင် Three Sisters Rock Formation ကို အပေါ်စီးကနေ၍ ကြည့်ရှုပါမည်။ နေ့လည်စာကို တရုတ်အစားအစာဖြင့်သုံးဆောင်ပြီး Scenic Worldသို့ သွားရောက် လည်ပတ် ပါမည်။ Scenic world သည် Blue Mountain အမျိုးသားဥယျာဉ်တွင် တည်ရှိသော အပန်း ဖြေစခန်းဖြစ်ပြီး ကောင်းကင်ကြိုးရထားများစီး၍ ရှုခင်းများကြည့်ရှုခြင်း၊ ရထားများစီးခြင်းနှင့် ကေဘယ်လ်ကားများ စီးခြင်းများ ပါဝင်ပါသည်။ Jamison Valley တစ်လျှောက်နိမ့်ဆင်းသွားသော ကမ္ဘာ့အမတ်စောက်ဆုံးဆင်ခြေလျှောတွင် တည်ဆောက်ထား သည့် ရထားကိုစီးကာ တောတောင်အလှအပကို ခံစားနိုင်ပါသည်။ ထို့နောက် Jurassic Rainforest ထဲတွင် လမ်းလျှောက်ရင်း တောတွင်းထဲသို့ ရောက်သွားသလိုခံစားရမည်ဖြစ်ပါသည်။ ထို့နောက်ဆစ်ဒနီသို့ပြန်ကာ Sydney ဆိပ်ကမ်း တွင် Twilight cruise စီးရင်း ပျော်ရွှင်စွာ အရသာရှိရှိ ညနေစာကို သုံးဆောင်ပါမည်။

Day 4

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် Australia နိုင်ငံ၏ မြို့တော် Canberra သို့ခရီးဆက်ကြပါမည်။ Canberra သို့ ရောက်လျှင်တရုတ်အစားအစာဖြင့် နေ့လည်စာသုံးဆောင်ကြပါမည်။ ထို့နောက် Ainslie တောင်ထိပ်သို့ ကားဖြင့် တက်ပြီး အလွန်လှပသောရှုခင်းများနှင့် အမှတ်တရဓာတ်ပုံများရိုက်ကြပါမည်။ ထို့မှတစ်ဆင့် New Parliament House သို့သွားရောက်လည်ပတ်ပြီး Burley Griffin နှင့် Captain Cook Memorial Fountain အစရှိသော အထင်ကရနေရာများကိုလည်း ဝင်ရောက်လည်ပတ်ပါမည်။ ဆက်လက်၍ သံရုံးများနှင့် သံတမန်အိမ်ရာများရှိရာ လမ်းသို့လည်း သွားရောက်လည်ပတ် ဓါတ်ပုံရိုက်ကြပါမည်။ ဟိုတယ်တွင် Check in ဝင်ကာညစာကို ထိုင်းအစားအစာဖြင့် သုံးဆောင်ပြီး အေးအေးချမ်းချမ်း အိပ်စက် အနားယူပါမည်။

Day 5

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက်ဟိုတယ်မှ Check out လုပ်ကာ မဲလ်ဘုန်းသို့ လေယာဉ်ဖြင့် ထွက်ခွာပါမည်။ မဲလ်ဘုန်းသို့ရောက်လျှင် ဒေသခံဧည့်လမ်းညွှန်မှနွေးထွေးစွာစောင့်ကြိုနေပါမည်။ နေ့လည်စာကို တရုတ်အစားအစာဖြင့် ဧည့်ခံပြီး ဟိုတယ်တွင် Check in ဝင်ပါမည်။ ဆက်လက်၍ Phillip ကျွန်းသို့ သွားကာ ကျွန်း၏ မြင်ကွင်းကျယ်အလှအပကို ခံစားရင်း ပင်ဂွင်းငှက်များအပါအဝင် မျိုးတုံးပျောက်ကွယ်လုနီးပါးသတ္တဝါလေးများကိုလည်း လေ့လာနိုင်သည်။ ပင်ကွင်းငှက်ကလေးများ၏ တနေကုန် ပင်လယ်ထဲတွင် အစာရှာထွက်ပြီး ပြန်လာချိန်ကို စောင်းဆိုင်းရင်း သူတို့၏ အသိုက်အမြုံလေးများကို သွားရောက် လေ့လာကြမည်။ ထို့နောက် Nobbies Center ရှိ ပျဉ်ခင်းလမ်းကလေးထက်မှ သဘာဝအတိုင်းတည်ရှိနေသော ကမ်းရိုးတန်းနှင့် သမုဒ္ဒရာကြီး၏ အလှအပကို ခံစားကြည့်ရှုကြပါမည်။ ပြီးလျှင်ချစ်စရာပင်ကွင်းလေးများ၏ နေဝင်ချိန်အိပ်တန်း တက်ပုံများကိုလည်း မြင်တွေ့ရမည်ဖြစ်ပါသည်။ ညစာကို အရှေ့တိုင်းအစားအစာဖြင့် ဧည့်ခံပါမည်။ ဟိုတယ်သို့ပြန်ကာ နောက်တစ်နေ့လန်းဆန်းစွာ လည်ပတ်နိုင်ရန် အိပ်စက်အနားယူကြပါမည်။

Day 6

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီး check-out ထွက်ကာ Melbourne city tour စတင်ပါမည်။ ပထမဆုံးအနေဖြင့် စုံလင်လှသော Queen Victoria Market ၊Parliament House ၊St. Patrick’s Cathedral ၊ ယဉ်ကျေးမှု အနုပညာ ပွဲသဘင်များကျင်းပရာ Federation Square ၊ Flinders Street Station နှင့် Arts Centre တို့ကို သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို ထိုင်းအစားအစာ ပျော်ရွှင်စွာသုံးဆောင်ပြီးနောက် ခေတ်မီမြို့ပြယဉ်ကျေးမှူ အငွေ့အသက်များနှင့် ပြည့်နှက် နေသော Southbank, လှပသော Fitzroy Garden နှင့် Captain Cook Cottage သို့ သွားရောက်လည်ပတ်ကြပါမည်။ Melbourne မြို့၏ စီးပွားရေးအချက်အချာကျရာ CBD(Central Business District) တွင်ပျော်ရွှင်စွာ ဈေးဝယ်ထွက်ကြပါမည်။ ညစာကို တရုတ်အစားအစာဖြင့် သုံးဆောင်ပြီး ဟိုတယ်သို့ပြန်ကာ အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

Day 7

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် check out လုပ်ကာ မဲလ်ဘုန်းလေဆိပ်သို့ ပို့ဆောင်ပေးပြီး၊ Gold Coast ရွှေရောင် ကမ်းခြေမြို့တော်သို့ လေယာဉ်ဖြင့် ခရီးဆက်ပါမည်။ Gold Coast သို့ရောက်လျှင် ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးစွာ လာရောက်ကြိုဆိုပြီး သဘာဝတောရိုင်းတိရစ္ဆာန်များထိန်းသိမ်းစောင့်ရှောက်ရာ Currumbin Wildlife Sanctuary သို့ သွားရောက်လည်ပတ်ကြပါမည်။ ဤနေရာတွင် သြစတြေးလျနိုင်ငံ၏ အမှတ်တရ အဖြစ်ဆုံး ချစ်စဖွယ်အကောင်လေးများ ဖြစ်သော ကိုအာလာ(Koala) လေးများကို ချီနိုင်သလို သားပိုက်ကောင်လေးများကိုအစာကျွေးနိုင်ခြင်း၊ အရောင်အသွေး စုံလင်လှပသော တောရိုင်းကြက်တူရွေးလေးများကို အစာကျွေးနိုင်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ထို့ပြင် free flight ငှက်ပြပွဲများ၊ သြစတြေးလျရိုးရာ သိုးမွေးရိတ်ခြင်းပွဲများကို စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားနိုင်ပါသည့်အပြင် သြစတြေးလျမှ တိုင်းရင်းသားတို့ ၏ ရိုးရာတူရိယာ တစ်မျိုးဖြစ်သော didgeridoo ဖြင့် ကပြဖျော်ဖြေမှုများကို မျက်ဝါးထင်ထင်ရှုမြင်ခံစားနိုင်ပါသည်။ နေ့လည်စာကို International Buffet သုံးဆောင်ပြီး၊ ဟိုတယ်တွင် အနားယူပါမည်။ ညနေပိုင်းတွင် ကမ်းခြေတွင် လမ်းလျောက်ရင်း ဈေးဝယ် အပန်းဖြေအနားယူပါမည်။ ညစာကိုတရုတ်အစားအစာဖြင့်သုံးဆောင်ပြီး ဟိုတယ်တွင် အေးချမ်းစွာ အနားယူပါမည်။

Day 8

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် သြစတြေးလျနိုင်ငံ၏ အကြီးဆုံးနှင့်အကျယ်ပြန့်ဆုံး အဏ္ဏဝါပန်းခြံ Sea World သို့ သွားရောက်လည်ပတ်ကြပါမည်။ Sea World တွင် စိတ်လှုပ်ရှားအံ့သြဖွယ်ကောင်းလှပြီး ယဉ်ပါးလှသောဖျံလေးများ၊ လင်းပိုင် လေးများ၊ ငါးမန်းများ အစရှိသော ရေနေသတ္တဝါလေးများ ၏ ဖျော်ဖြေပွဲများကိုလည်းကြည့်ရှုကြမည်။ အေးခဲသော ဒေသတွင်မှ တွေ့ရသော ပင်ဂွင်းငှက်လေးများနှင့် ပိုလာဝက်ဝံလေးများကိုလည်း မြင်တွေ့နိုင်မှာဖြစ်ပါသည်။ တန်ဖိုးရှိလှသောနေ့ရက် တစ်ရက်ကို အံ့သြဖွယ်ရာများနှင့် ပြည့်နှက်နေသော Sea World တွင်ပျော်ရွှင်စွာ ကုန်ဆုံးပြီးနောက် နေ့လည်စာကို ဘူဖေးဖြင့် ဧည့်ခံပါမည်။ ထို့နောက် Marina Mirage တွင် ပျော်ပျော်ပါးပါးဈေးဝယ်ထွက်ကြပါမည်။ တရုတ်အစားအစာဖြင့် ညစာ သုံးဆောင်ပြီး ဟိုတယ်တွင်အေးချမ်းစွာအိပ်စက်အနားယူကြပါမည်။

Day 9

ဟိုတယ်တွင် မနက်စာစားပြီး check-out ထွက်ကာ Brisbane သို့သွားပါမည်။ ထို့နောက် လှပသောရှုခင်းများကို ခံစားရန် Brisbane ၏ နာမည်ကြီး Kangaroo Point Cliffs သို့သွားပါမည်။ ဆက်လက်၍ Southbank Parklands ရှိလူဖန်တီးထားသော ကမ်းခြေတွင် အပန်းဖြေရင်း ပျော်ရွှင်စွာ လည်ပတ်ကြပါမည်။ ထိုမှတဆင့် Story Bridge ပေါ်သို့ လမ်းလျှောက်တက်ကာ Brisbane မြစ်၏ view ကို ခံစားရင်း ကြည့်ရှုကြပါမည်။ နေ့လည်စာကို ထိုင်းအစားအစာဖြင့် သုံးဆောင်ပါမည်။ ဆက်ပြီး အထင်ကရနေရာများဖြစ်သည့် St. John’s Cathedral, Brisbane City Hall, Treasury Hotel & Casino, Parliament House တို့ကို သွားရောက်လေ့လာကြပါမည်။ ဟိုတယ်တွင် check-in ဝင်ပြီးနောက် Queens Street Mall တွင် ပျော်ရွှင်စွာ ဈေးဝယ် ထွက်ကြပါမည်။ ညစာကို တရုတ်အစားအစာဖြင့်သုံးဆောင်ပြီး မိမိတို့ ရွှေမြို့တော် သို့ ပြန်ရန် လေဆိပ်သို့ ပို့ဆောင်ပေးပါမည်။

Day 10

ယနေ့မနက် စောစောတွင် စင်္ကာပူလေဆိပ်သို့ ရောက်ရှိပြီး ထိုမှ တဆင့် စင်္ကာပူလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွါပါမည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မနက် ၁၀နာရီခန့်တွင် အေးချမ်းပျော်ရွှင်စွာ ပြန်လည်ရောက်ရှိပါမည်။

Price may change base on availability!

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

Flight
Sight seeing
Transfer
Hotels
Meals
Guides
  • ကြယ် (၄)ပွင့်အဆင့်ရှိ ဟိုတယ်တွင် (၂) ယောက်တစ်ခန်း
  • WIFI နှင့် A/C ပါသော အဆင့်မြင့်ကားကြီးများဖြင့် လည်ပတ်ရန် ပို့ဆောင်ပေးခြင်း
  • ခရီးစဉ်တွင် ပါဝင်သော လည်ပတ်ရမည့် ဝင်ကြေးများ
  • လေယာဉ်လက်အမှတ် (အသွား-အပြန်) သတ်မှတ်ထားသည့် ရက်အတိုင်းသာ
  • နံနက်စာ၊ နေ့လည်စာ၊ ညနေစာ (ဖော်ပြပါအတိုင်း) တရုတ်၊မြန်မာ၊ထိုင်း၊အီတလီ၊ အမေရိကန်
  • ဧည့်လမ်းညွှန်နှင့် မြန်မာအဖွဲ့ခေါင်းဆောင် (၁၆-ဦးနှင့်အထက်)
  • ကားပေါ်တွင် နေ့စဉ် ရေသန့်ဗူး ပေးခြင်း

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

  • ခရီးစဉ်တွင် မပါသော ဝင်ကြေးများ
  • မိမိတို့၏ ကိုယ်ပိုင်အသုံးစရိတ်များ
  • စားသောက်ဆိုင်၊ ဟိုတယ်များတွင် အဖျော်ယမကာ သုံးဆောင်စရိတ်များ
  • ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းအား အပိုဆုကြေးငွေပေးခြင်း
  • ဗီဇာကြေး ခန့်မှန်းခြေ US $ 125-175 နှင့် ဝန်ဆောင်မှုများ

Road

Map

အကယ်၍ အောက်ပါဝန်ဆောင်မှုများ အတွက် မိမိတို့အစီအစဉ်နှင့် သွားလိုသူများ ထပ်မံပေးရပါမည်။

  • ဟိုတယ်မှ ခရီးစဉ်ထက်စော၍သော်၎င်း၊ နောက်ကျ၍သော်၎င်း ပိုနေခြင်း
  • သီးသန့် တစ်ယောက်ခန်းတွင် နေခြင်း
  • လေယာဉ်ခရီးစဉ် အချိန်၊ ရက်ပြောင်းလိုခြင်း
  • ခရီးစဉ်တွင် မပါသော နေရာများအား သွားလိုခြင်း

မှတ်ချက်

  • ခရီးစဉ်တွင် လိုက်ပါရန် အမည်စာရင်းသွင်းပါက USD 1,000 စီ စရံအဖြစ် ပေးသွင်းရန်
  • ကျန်ရှိသော ငွေအား ဗီဇာရရှိပြီး၊ ၃-ရက်အတွင်း ပေးချေရပါမည်
  • ဗီဇာလျောက်ရန်အတွက် ဖော်ပြပါ လိုအပ်သော စာရွက်စာတမ်းများ ပေးရပါမည်
  • ဗီဇာ ရရှိပြီး၊ ခရီးစဉ်မလိုက်ဖြစ်ပါက စရံငွေပြန်အမ်းမည် မဟုတ်ပါ
  • ခရီးစဉ်လိုက်ပါရန်အတွက် ဗီဇာ လျောက်ထားရန် စာရွက်စာတမ်း အပြည့်အစုံ ပေးသောသူများ အကယ်၍ဗီဇာမရရှိ ပါက စာရွက်စာတမ်းကြေး US $ 30 မှ အပ ပေးရန် မလိုပါ။
  • စာရွက်အထောက်အထား ပြည့်စုံလျင် ၉၉.၉% ဗီဇာရရန် အာမခံပါသည်

ဗီဇာ လျောက်ထားရန်အတွက် လိုအပ်သော စာရွက်စာတမ်းများ

  • Passport မူရင်း (အနည်းဆုံး ၆-လ သက်တမ်းရှိရပါမည်) နှင့် မိတ္တူ
  • (၆)လ အတွင်း ရိုက်ထားသော အဖြူရောင်နောက်ခံ (၂)လက်ပတ်လည် ဓါတ်ပုံ (၂)ပုံ
  • မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မိတ္တူနှင့် Notary
  • လုပ်ငန်းလိုင်စင်နှင့် ထုတ်ကုန်သွင်းကုန် လိုင်စင် မိတ္တူနှင့် Notary
  • သက်တမ်းအနည်းဆုံး (၆)လရှိ ဘဏ်စာအုပ် မိတ္တူ (Transition) ရှိရပါမည်
  • ဇနီးမောင်နှံများ အိမ်ထောင်စုစာရင်း မတူပါက လက်ထပ်စာချုပ် မိတ္တူနှင့် Notary
  • ပိုင်ဆိုင်မှု အဖြစ် ကုမ္ပဏီလုပ်ငန်းလိုင်စင်၊ ထုတ်ကုန်သွင်းကုန်လိုင်စင် (ရှိပါက)
  • ပုံစံ (၆)၊ (၂၆)
  • အိမ်စာချုပ်၊ မြေဂရံ စသည့်ပိုင်ဆိုင်မှုများကို Notary ပြန်ပြီး၊ တင်ပေးရပါမည်