ထိုင်းနိုင်ငံ အလည်အပတ် ခရီးစဉ်

ဘန်ကောက် - ပတ္တရား ကမ်းခြေ

ခရီးစဉ်ဈေးနှုန်း

လူကြီး တစ်ဦးလျင်

၂-ယောက် တစ်ခန်း

လူဦးရေ
90-100 ယောက်
တစ်ဦးချင်း ဈေးနှုန်း
USD 450 - 495

ခရီးစဉ်ဈေးနှုန်း

လူကြီး တစ်ဦးလျင်
၂-ယောက်တစ်ခန်း
လူဦးရေ
90-100 ယောက်
တစ်ဦးချင်း ဈေးနှုန်း

USD 450 - 495

Day 1

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နံနက် ၆ခွဲတွင် Amazing Planet မှ လိုက်ပါဝန်ဆောင်မှုပေးမည့် Tour Leader နှင့် တွေ့ဆုံနှုတ်ဆက်ကာ Air Asia လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ စတင်ထွက်ခွါကြပါမည်။ နံနက် ၁၀နာရီ ၁၅မိနစ်တွင် ဘန်ကောက်မြို့ရှိ ဒွန်မောင်း လေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပြီး ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးစွာ လာရောက်ကြိုဆိုပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ပတ္တရားကမ်းခြေသို့ ဆက်လက်ထွက်ခွါကြပါမည်။
-ကမ်းခြေမရောက်ခင် အလွန်သာယာသော Nong Nooch Garden
-ကျောက်တောင်ကြီးအား လေဆာဖြင့် ထွင်းထားသော နာမည်ကျော် Laser Buddha
Silverlake Vineyard တို့ကို ဝင်ရောက်လည်ပတ်ကြပါမည်။
ကမ်းခြေရှိ ဟိုတယ်သို့ ရောက်ရှိကာ Hotel check-in ဝင်ပြီးနောက် ညစာသုံးဆောင်ကြပါမည်။ ထို့နောက် နာမည်ကျော် Ladyboys များ ကပြဖျော်ဖြေသည့် Alcazar Show ပွဲ ကြည့်ရှုကြပါမည်။ ရာသီဥတုကောင်းပါက စည်ကားလှသည့် Walking Street တွင် လမ်းလျှောက်ကြပါမည်။ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 2

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် သဲဖြူကျွန်းသို့ သီးသန့် Speed Boat စီးကာ သွားရောက်လည်ပတ်ရင်း အပန်းဖြေကြပါမည် ။ နေ့လည်ပိုင်းတွင် ဟိုတယ်သို့ ပြန်လည်ရောက်ရှိကာ refresh လုပ်ပြီး Hotel check-out လုပ်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက်
-ပတ္တရားမြို့ရှိ တောင်ကုန်းပေါ်တွင် ရှိသည့် Big Buddha Temple
-ပျော်စရာကောင်းသည့် ပုံရိပ်များ ဖန်တီးနိုင်မည့် Art in Paradise တို့ကို သွားရောက်လည်ပတ်ကြပါမည်။
ထို့နောက် ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွါလာကာ ညစာသုံးဆောင်ပြီးနောက် Hotel check-in ဝင်ကြပါမည်။ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူကြပါမည်။

Day 3

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်
-ဘုရင့်နန်းတော် Grand Palace
-နွေ ၊ မိုး ၊ ဆောင်း သုံးရာသီ အတွက် ဝတ်ရုံတော် ဆက်ကပ်သည့် တန်ခိုးကြီးဆုတောင်းပြည့် မြဘုရား
-လျောင်းတော်မူဘုရားကြီးရှိရာ Wat Pho
-Chao Phraya မြစ်ကမ်း နဖူးတွင် တည်ထားသည့် လက်ရာမြောက်လှသည့် Wat Arun Temple သို့ Boat လှေစီးကာ သွားရောက်ဖူးမြော်ကြပါမည်။
-ဘန်ကောက်မြို့၏ ရှေးအကျဆုံး Temple ဖြစ်သည့် Wat Suthat
-Central World နှင့် Platinum Shopping Mall တို့ကို သွားရောက်လည်ပတ်ကြပါမည်။
ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 4

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်
Madame Tussauds တွင် နာမည်ကျော်များ၏ ဖယောင်းရုပ်ထုများဖြင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။
-MBK Shopping Mall တွင် ပျော်ရွှင်စွာ ဈေးဝယ်ထွက်ကြပါမည်။
ညနေ ၆နာရီ လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွါလာကြမည် ဖြစ်ပါသည်။
Option *** ( Sea Life Ocean World ဝင်လျှင် 25USD ထပ်မံပေးရပါမည်။ )

“ ပျော်ရွှင်စရာ ခရီးစဉ်လေး ဖြစ်ပါစေ ”
Price may change base on availability!
လေကြောင်းလိုင်း
:
Air Asia
Travel Date Route ထွက်ခွါချိန် ဆိုက်ရောက်ချိန် ခန့်မှန်း ပျံသန်းချိန်
18th April’2020 ရန်ကုန် - ဘန်ကောက် 08:30 10:15 ၁နာရီ ၁၅မိနစ်
21st April’2020 ဘန်ကောက် - ရန်ကုန် 18:05 18:55 ၁နာရီ ၁၅မိနစ်

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

Flight
Sight seeing
Transfer
Hotels
Meals
Guides
  • ရန်ကုန် - ဘန်ကောက် - ရန်ကုန် အသွားအပြန် လေယာဉ်လတ်မှတ် (ကီလို ၂၀ ပါပြီး)
  • 3 Star အဆင့်ရှိ ဟိုတယ်တွင် ၃ည တည်းခိုမှု ( ၂ဦးလျှင် တစ်ခန်း )
  • ခရီးစဉ်တစ်လျှောက် သီးသန့် Air-con ကားဖြင့် သွားလာ လည်ပတ်ခြင်း
  • Amazing Planet မှ လိုက်ပါဝန်ဆောင်မှုပေးမည့် Tour Leader
  • ဒေသခံ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်
  • ဖော်ပြပါ နံနက်စာ ၊ နေ့လည်စာ ၊ ညစာ
  • ဧည့်လမ်းညွှန် နှင့် ကားဆရာ အတွက် မုန့်ဖိုး
  • ဖော်ပြပါ လည်ပတ်မည့်နေရာအားလုံးအတွက် ဝင်ကြေးများ

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

  • သတ်မှတ်ထားသော ကီလိုထက် ပိုခြင်း
  • လေယာဉ် ရက်ပြောင်း အချိန်ပြောင်းခြင်း
  • ဖော်ပြမထားသော နေရာများအား ထပ်မံသွားလာလည်ပတ်ခြင်း
  • ဟိုတယ်နှင့် စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲခြင်း

Road

Map