Dazzling Dubai

Dubai - Al Ain - Abu Dhabi

ခရီးစဉ်ဈေးနှုန်း

လူ(၁)ယောက်လျင်
ခန့်မှန်းခြေစျေးနှုန်း
US $ 1,850
(လူဦးရေ အနည်းဆုံး 7-10 ယောက်)
လေယာဉ်လက်မှတ် ခန့်မှန်းခြေ ဈေးနှုန်းမှာ

US $ 635-700

ခရီးစဉ်ဈေးနှုန်း

လူ(၁)ယောက်လျင်
ခန့်မှန်းခြေစျေးနှုန်း
US $ 1,200
(လူဦးရေ အနည်းဆုံး 7-10 ယောက်)
လေယာဉ်လက်မှတ် ခန့်မှန်းခြေ ဈေးနှုန်းမှာ

US $ 635-700

Day 1

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ည ၁၁း၃၀နာရီခန့်တွင် Amazing Planet အဖွဲ့မှ ကြိုဆိုနှုတ်ဆက်ပီး ဒူဘိုင်းမြို့ကြီးသို့ Emirate Airline or Fly Dubai ကြယ်ငါးပွင့်လေကြောင်းလိုင်းဖြင့် ပျံသန်းထွက်ခွါပါမည်။

Day 2

နောက်တစ်နေ့နံနက် စောစော ၆-နာရီခန့်တွင် ဒူဘိုင်း မြို့ရောက်ရှိပြီး၊ Tour guide မှ နွေးထွေးပျူငှာစွာ ကြိုဆိုနှုတ်ဆက်ကာ တည်းခိုမည့် ဟိုတယ်သို့ သွားရောက် မနက်စာသုံးဆောင်ပြီး နောက်၊ နံနက် (၉း၀၀)နာရီခန့်တွင် ဧည့်လမ်းညွှန်နှင့် မြို့တွင်း သွားရောက်လည်ပတ်ပါမည်။ Dubai City tour ၁၈-ရာစုနှစ်တွင် တည်ထောင်ခဲ့သော တစ်ခုတည်းသောရှေးဟောင်း အဆောက်အဦးဖြစ်သည့် 1976 ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့သော ရိုးရာ Fatimid ပုံစံ ခန့်ငြားစွာပြုလုပ်ထားသော Jumeirah Mosque နှင့် Dubai Museum သို့သွားရောက်လည်ပတ်ပါမည်။ Dubai Creek တွင် water taxi စီးကြမည်။ ထို့နောက် ဒူဘိုင်းရွှေကြိုက်နှစ်သက်သူများအတွက် Gold & Spicy Souk ရွှေဆိုင်များနှင့် ဟင်းခတ်အမွေးအကြိုင်များအား သွားရောက် လေ့လာဝယ်ယူနိုင်ရန် ပို့ဆောင်ပေးမည် ဖြစ်သည်။ Jumeriah Beach သို့ သွားရောက်ကြည့်ရှှု့ 7-Star Hotel နောက်ခံဖြင့် ရင်သပ်ရှုမောဖွယ် အလှဓါတ်ပုံများ ပျော်ရွှင်စွာ ရိုက်ကြပြီး၊ ဈေးဝယ်ရန်ပို့ဆောင်ပေးပါမည်။ ကမ္ဘာ့အမြင့်ဆုံး စတုတ္ထအဆင့်ရှိ 7-star Hotel ဖြစ်သော Burj Al Arab နှင့် ဓါတ်ပုံရိုက်ကြမည်။ နေ့လည်စာကို local restaurant တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အနားယူပါမည်။ ညနေပိုင်းတွင် ရှေးဟောင်း အမွေအနှစ်များ စုစည်းရာ Heritage Village သို့ ရိုးရာ ပစ္စည်းပြခန်း (သို့မဟုတ်) Hamadan Galleria – စိန်နှင့်ရွှေ ပြခန်းသို့ သွားရောက်လည်ပတ်ကြပါမည်။ ညနေပိုင်းတွင် တရုတ်စာဖြင့် ဧည့်ခံပြီး Novotel City Center Hotel / 4* တွင် အိပ်စက် အနားယူပါမည်။

Day 3

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပီးနောက်၊ ၉း၃၀ ခန့်တွင် ဟိုတယ်မှ ထွက်ပြီး သဘာဝတရားကိုဆန့်ကျင်ပြီး လူတို့တီထွင်ဖန်တီး ထားသော ကမ္ဘာ့အကြီးဆုံး ထန်းပင်ပုံစံကျွန်း The Plam Island-Jumeirah သို့ မြို့၏ စကိုင်းလိုင်း အလှရှုခင်းကို အပေါ်စီးမှ ကြည့်ရှုနိုင်သော ရထား monorail ဖြင့်သွားရောက်လည်ပတ်ပြီး ကမ္ဘာ့နံပါတ်ခြောက်အဆင့်မှီ The Atlantis Plam Resort ကြီးရှေ့တွင် အမှတ်တရ ဓါတ်ပုံများရိုက်ပြီး ပျော်ရွှင်စွာ ဈေးဝယ်ကြပါမည်။ နေ့လည်စာကို အဆိုပါ ထန်းပင်ပုံစံ ဟိုတယ်ကြီးရှိ Kaleidoscope restaurant တွင် အမျိုးပေါင်းစုံလင်လှသော (Buffet) ဖြင့်နေ့လည်စာ တည်ခင်းဧည့်ခံ ကျွေးမွေးပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် နေ့လည် (၂)နာရီခန့်တွင် သာယာလှပသော ဒူဘိုင်း၏ ပန်းမြို့တော် Miracle Garden ဥယာဉ်ကြီးအတွင်း ရှု့မငြီးဖွယ် အလှကိုကြည့်ရှုခံစားကာ အမှတ်တရ အလှဓါတ်ပုံလေးများ ဓါတ်ပုံများများ ရိုက်ကြပါမည်။ ဆက်လက်ပြီး Mall of the Emirates သို့ ဈေးဝယ်ရန် ပို့ဆောင်ပေးပါမည်။ ညနေပိုင်းတွင် ဒူဘိုင်းနိုင်ငံ၏ တူးမြောင်းထဲတွင် အပျော်စီး သဘောၤ Dhow Cruise စီးရင်း ဘူဖေးဒင်နာ သုံးဆောင်ရင်း အာရပ်ကချေသည်များ၏ အကအလှများကို ကြည့်ရှုခံစားကြပါမည်။ Novotel Hotel / 4* တွင် အိပ်စက် အနားယူပါမည်။

Day 4

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပီးနောက် အယ်လ်အိန်းရှိ (Al Ain) ဘုရားကျောင်းများသို့ သွားရောက်လေ့လာကြပါမည်။ နေ့လည်စာကို International Buffet ဖြင့်တည်ခင်းကွျှေးမွေးဧည့်ခံပါမည်။ ထို့နောက် ဒူဘိုင်းမြို့သို့ ပြန်လာပီး Dubai Mall အတွင်းရှိ နာမည်ကြီး ငါးပြတိုက်ဖြစ်သော (Dubai Aquarium Under Zoo) အတွင်း ချစ်စဖွယ် ရေနေ သတ္တဝါလေးများအား အနီးကပ် ကြည့်ရှု့လေ့လာပါမည်။ ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ဈေးဝယ်စင်တာ တစ်ခုဖြစ်သည့် နာမည်ကျော် ရေအောက် သတ္တဝါ များပြသထားသော ဒူဘိုင်း Mall သို့ သွားရောက်ပြီး ဒူဘိုင်းမြို့၏ အခွန်ပေး ဆောင်စရာ မလိုသော တစ်ခုတည်းသော နိုင်ငံတကာ အမှတ်တံဆိပ်ပစ္စည်းများကို ပြီးနောက် ဈေးဝယ်ရန်အချိန်ပေးပါမည်။ မီးပန်းရောင်စုံနှင့် ရေပန်းအကအလှများကို ပြသမည့် ကမ္ဘာ့ခေတ်အမီဆုံး Dubai Fountain Show ပွဲကြီးအား ရင်သပ်ကြည့်ရှု့ရင်း အပန်းဖြေပါမည်။ Novotel Hotel / 4* တွင် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 5

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် အဘူဒါဘီ၏ ရိုးရာယဉ်ကျေးမှုများကို တွေ့မြင်နိုင်ရန် Abu Dhabi မြို့တခွင် သွားရောက်လည်ပတ်ပါမည်။ အရှေ့အလယ်ပိုင်း နိုင်ငံများ၏ ဒေသထွက် နာမည်ကြီး စွန်ပလွန်သီးများရောင်းချရာ Dates Market၊ Rular Palace, ဆက်လက်ပြီး UAE တွင် အကြီးဆုံး နှင့်အခန်းနား ဆုံးသော ဧရာမ ခန့်ညားလှသည့် တံခါးဝင်ပေါက်ကြီးများ၊ လှပဝံ့ကြွားစွာ ကမ္ဘာ့အကြီးဆုံး ကော်ဇောကြီးများခင်းထားသည့် Luxury Grand Mosque သို့သွားရောက်လည်ပတ်ပြီး Heritage Village & Women’s Handicraft တို့သို့ သွားရောက်လည်ပတ်ပြီး၊ အမှတ်တရဓါတ်ပုံရိုက်ရန် အလွန်လှပသော Ferrari World Theme Park သို့ သွားရောက်ကာ ပြိုင်ကားတို့ဖြင့် ဓါတ်ပုံရိုက်ကြမည်။ နေ့လည်စာကို Yu Shan Fang restaurant တွင့် တရုတ်စာဖြင့် သုံးဆောင်ကြပါမည်။ ထို့နောက် အရှေ့အလယ်ပိုင်းဒေသ၏ ညနေစာ သုံးဆောင်ပြီး နောက် အဘူဒါဘီရှိ Novotel Al Bustan – AUH အဆင့်မြင့်ဟိုတယ်ကြီးတွင် အိပ်စက်အနားယူပါမည်။

Day 6

နံနက်စာ သုံးဆောင်ပြီးနောက် အဘူဒါဘီဟိုတယ်မှ Checkout လုပ်ပီး ဒူဘိုင်းသို့ ပြန်လည်ထွက်ခွာလာပြီး ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ဖြစ်သည့် Burj Khalifa အမြင့်ဆုံး(124) အထပ် ထိတက်ရောက်ကာဒူဘိုင်းမြို့၏ အလှကိုကြည့်ရှုခံစား မည်ဖြစ်သည်။ နေ့လည်စာကို Asian Buffet ဖြင့် ဧည့်ခံကျွေးမွေးပါမည်။ နေ့လည်စာသုံးဆောင်ပြီး၊ ဟိုတယ်တွင် ပြန်လည် အနားယူကာ၊ ညနေခင်းတွင် ဒူဘိုင်းမြို့၏ မသွားမဖြစ် နာမည်ကြီး Desert Safari ဒူဘိုင်းသဲကန္တာရအတွင်း စိတ်လှုပ်ရှား ရင်ခုန်ဖွယ်ရာကောင်းလောက်အောင် ကျွမ်းကျင်ယာဉ်များမှ မောင်းနှင်ပေးသော (4×4 wheels) ဖြင့်လည်ပတ်ပြီး၊ မိမိ၏ အစီအစဉ်ဖြင့် Roller Coaster စီးခြင်း၊ သစ်ကုလားအုတ်စီးခြင်း၊ အပျော်တမ်းဒမ်းဆိုးခြင်း တို့ကိုပျော်ရွှင်စွာပြုလုပ်ပြီးနောက် ညပိုင်းတွင် နာမည်ကျော် Belly Dance အကဖျော်ဖြေတင်ဆက်မှုနှင့်အတူ ဒေသစာ BBQ Buffet Dinner ဖြင့်တည်ခင်းမည်ဖြစ်သည်။ ဟိုတယ်သို့ ည (၉)နာရီခန့်တွင် ပြန်လည်ရောက်ရှိပြီး၊ ဒူဘိုင်းမြို့ရှိကြယ်လေးပွင့် Novotel or similar Hotel / 4* ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။

Day 7

ဟိုတယ်မှ နံနက် စောစော check out ထွက်ကာ နံနက်စာကိုထုတ်ပို့းပြီး လေဆိပ်သို့ ပို့ဆောင်ပေးပါမည်။ လေယာဉ်ပေါ်တွင်ပင် ဧည့်ခံပြီး၊ ညနေ ၅-နာရီခန့် တွင် ရန်ကုန် ရွှေမြို့တော်သို့ချောမွှေ့စွာ ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်။

Price may change base on availability!

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

Flight
Sight seeing
Transfer
Hotels
Meals
Guides
  • ကြယ်လေးပွင့်အဆင့်ရှိဟိုတယ်(နှစ်ယောက်တစ်ခန်းနှုန်း)
  • ခရီးစဉ်တွင်ဖော်ပြပါ ဝင်ကြေးများအားလုံး
  • နေ့လည်စာ၊ ညစာ International Buffet ဖြင့်ဧည့်ခံခြင်း
  • ထန်းပင်ပုံသဏ္ဍာန် ကျွန်းပေါ်တွင် နေ့လည်စာ International Buffet သုံးဆောင်ခြင်း
  • ခရီးစဉ်တစ်လျှောက် Air-Con Bus အကြို အပို့
  • ခရီးစဉ်တွင်ဖော်ပြပါ နံနက်စာ၊ နေ့လည်စာ၊ ညစာ
  • ဗီဇာကြေးနှင့် ဝန်ဆောင်မှု
  • ဒေသခံ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်
  • အင်္ဂလိပ်စကားပြောဧည့်လမ်းညွှန် ဝန်ဆောင်မှု
  • Amazing Planet ကုမ္ပဏီ မှ အဖွဲ့ခေါင်းဆောင် (လူဦးရေ ၁၆-ယောက်နှင့် အထက်ဖြစ်ပါက) နေ့စဉ်အတွက် သောက်ရေသန့်ဗူး

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

  • လေယာဉ်လက်မှတ်အသွား-အပြန် (ခရီးစဉ်အတိုင်း) US $ 635-700 (it’s depends on the time of issue)
  • ဟိုတယ်တွင်မှာယူသုံးစွဲသော Phone calls၊ အအေး၊ ရေသန့်နှင့် ယမကာများ၊
  • ဟိုတယ်တွင်းအဝတ်လျှော်အပ်ခြင်းများ
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးဆောင်သောအစားအစာများ
  • ခရီးစဉ်တွင်းဖော်ပြထားခြင်းမရှိသော နေရာများသို့သွားရောက်လည်ပတ်ခြင်းများ
  • လေယာဉ်တွင် သတ်မှတ်ထားသော ကီလိုထက်တန်ပိုသယ်ဆောင်ခြင်းများ
  • ကိုယ်ပိုင် အသုံးစရိတ်များ

Road

Map

ခရီးသည်များ သတိပြုရန် -

  • ဒူဘိုင်း၏ ရာသီဥတုအခြေအနေမှာ နိုဝင်ဘာ-ဒီဇင်ဘာလများ၌ အနေတော်ဖြစ်ပြီး၊ နေ့လည်ဘက်တွင် ၂၀-၂၄ ဒီဂရီ စင်တီဂရိတ်ခန့်ရှိပြီး ညနေဘက်တွင် ၁၇-၁၈ ဒီဂရီ စင်တီဂရိတ်ခန့် ရှိပါသည်။ ထို့ကြောင့် ညနေပိုင်းတွင် အနွေးထည်ပါး ပါး ယူဆောင်လာရန် လိုအပ်ပါသည်။
  • အရှေ့အလယ်ပိုင်းနိုင်ငံများတွင် မွတ်စလင် ဘုရားကျောင်းသို့သွားရောက်လည်ပတ်ပါက တကိုယ်လုံး အပြည့် ဝတ်ဆင် ရန်လိုအပ်ပါသည်။ သို့ပါ၍ မိန်းကလေးများ အင်္ကျီလက်ရှည်၊ ဘောင်းဘီ (သို့) စကတ်ရှည် ဝတ်ရန် လိုအပ်ပြီး၊ ပုဝါ တစ်တည်စီ သယ်ယူလာပေးပါရန်။
  • ဒူဘိုင်း၏ သဲကန္တာရထဲတွင် သွားရောက်လည်ပတ်၊ ဂျစ်ကားစီးရမည့် အချိန်မှာ ညနေပိုင်းတွင် ဖြစ်ပါသဖြင့် အနည်းငယ် အေးနိုင်ပါသည်။
  • ဒူဘိုင်း၏ အချိန်မှာ မြန်မာပြည်ထက် 2:30 နာရီ နောက်ကျပါသည်။ ဥပမာ မြန်မာပြည်တွင် နေ့လည် ၃း၃၀ နာရီတွင် ဒူဘိုင်း၌ နေ့လည် ၁-နာရီခန့်သာ ရှိပါသေးသည်။
  • UAE ၏ ဖုန်းကုတ်မှာ 971 ဖြစ်ပါသဖြင့် ဒူဘိုင်းသို့ ဖုန်းခေါ်ဆိုလိုပါက အထက်ပါ ဟိုတယ်များတွင် ဖော်ပြထားသော ဖုန်းနံပါတ်များအတိုင်း 00971 ခံ၍ ခေါ်ဆိုရပါမည်။
  • ဒူဘိုင်းလေဆိပ်သို့ ရောက်လျင် ခရီးစဉ်အတွင်း အသုံးပြုရန် ဆင်းကတ် (ဖုန်းကတ်)များ ဝယ်ယူနိုင်ကြပြီး၊ တလမ်းလုံး အင်တာနက် သုံးနိုင်ပါသည်။ ဖုန်းကတ်တစ်ခုလျင် ခန့်မှန်းခြေ US $ 15 ခန့် ပေးရမည်ဖြစ်သည်။
  • မိမိတို့ တည်းခိုမည့် ဟိုတယ်တွင် Wifi Free ရရှိပါသည်။ သို့ပါ၍ ဟိုတယ်အတွင်း ရှိနေစဉ် အင်တာနက် သုံးဆွဲ နိုင်ပါသည်။