The Grand USA Tour

San Francisco – Yosemite – Los Angeles – Las Vegas – Grand Canyon – Niagara fall
– Washington DC – New York

ခရီးစဉ်ဈေးနှုန်း

လူကြီး(၁)ယောက်လျင်
US $ 4,250
ကလေး (2-11)နှစ်အောက်
US $
(with bed)

US $
(with extra bed)

ခရီးစဉ်ဈေးနှုန်း

လူကြီး(၁)ယောက်လျင်
US $ 4,250
ကလေး (2-11)နှစ်အောက်
US $
(with bed)

US $
(with extra bed)

Day 1

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မနက် ၈း၃၀ တွင် တွေ့ဆုံပြီး၊ ဆန်ဖရန်စစ္စကို မြို့သို့ စင်္ကာပူလေဆိပ်မှ တဆင့် ပျံသန်းထွက်ခွါပါမည်။ ညနေပိုင်းတွင် စင်္ကာပူလေဆိပ်သို့ရောက်ရှိပြီး၊ ဆက်လက်၍ ဆန်ဖရန်စစ္စကိုမြို့သို့ သွားမည့် လေယာဉ်ဖြင့် ဆက်လက်ပျံသန်းမည်။ ဆန်ဖရန်စစ္စကိုမြို့သို့ ည ၉း၁၅ ခန့်တွင် ရောက်ရှိပြီး ဧည့်လမ်းညွှန်မှ ကြိုဆိုနှုတ်ဆက်ကာ ဟိုတယ်တွင် နောက်တစ်နေ့အတွက် အင်အားဖြည့် အနားယူအိပ်စက်ပါမည်။
Hotel: Double Tree by Hilton (2 nights)

Day 2

တနေ့တာ နံနက်စာသုံးဆောင်ပြီး၊ ဆန်ဖရန်မြို့တွင်း ကမ္ဘာလှည့် ခရီးသွား ဧည့်သည် များက Palace of Fine Art, Golden Gate Bridge မသွားမဖြစ် နာမည်ကြီး Fishermen Wharf’s, Fifth Avenue တွင်ဈေးဝယ်ပြီး၊ ထိုမှတဆင့် အချိန်အကြာကြီး တန်းစီစရာ မလိုလျင် Cable ကားဖြင့် ကမ္ဘာ့အကွေ့ အကောက်အများဆုံးနှင့် အလှဆုံး တောင်ပေါ်လမ်းကျဉ်း Lombard Street သို့ သွားပါမည်။  နေ့လည်စာသုံးဆောင်ပြီး ဆက်လက်၍ တရုတ်တန်း၊ City Hall, အထင်ကရနေရာ များဖြစ်သော အမွှာညီနောင် တောင်ထိပ် (Twin Peak) တို့သို့ သွားရောက် လည်ပတ်ပြီး ညနေစာ သုံးဆောင်ကာ Hotel တွင် အနားယူပါမည်။ 

Day 3

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ အမေရိကန်နိုင်ငံ၏ ကာလီဖိုးနီးယား ပြည်နယ်ရှိ သဘာဝအတိုင်း ထိမ်းသိမ်းထားသော ယိုစန်မက်တီ အမျိုးသား ဥယျာဉ်ကြီးသို့ ဝင်ရောက်လည်ပတ်ကာ၊ ဓါတ်ပုံရိုက်ရင်း လည်ပတ်ကြပါမည်။ လမ်းတွင် အရသာရှိသော အမေရိကန်နေ့လည်စာ သုံးဆောင်ကြပါမည်။ ထို့နောက် ညနေပိုင်းတွင် ဖရက်စနိုမြို့သို့ ခရီးဆက်ကာ၊ ညနေစာ သုံးဆောင်ပြီး တစ်ညတာ အိပ်စက်အနား ယူပါမည်။
Hotel: La Quinata Inn & Suite, Fresno (1 Night)

Day 4

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် လော့စ်အိမ်ဂျယ်မြို့သို့ ဆက်လက်ထွက်ခွါမည်။ လော့စ်အိမ်ဂျယ်မြို့သို့ နေ့လည်စာ စားချိန်တွင် ရောက်ရှိပြီး၊ နေ့လည်စာသုံးဆောင်ကာ Los Angeles ရောက်လျင် မသွားမဖြစ် နာမည်ကြီး ဟောလီးဝုဒ်သို့ သွားရောက်လည်ပတ်မည်။ Hollywood တွင် Music Center, Koda Theatre, ကျော်ကြားသူတို့၏ ပလက်ဖေါင်း (Walk of the Fame), တရုတ်ကဇာတ်ရုံ Grumman’s Chinese Theatre တို့သို့ဝင်ရောက်လည်ပတ်ပြီး၊ တောင်ထိပ် တွင်ရေးထားသော Hollywood ဆိုင်းဘုတ်နှင့် ဓါတ်ပုံများရိုက်ကြမည်။ အချိန်ရပါက ကမ္ဘာကျော် ရုပ်ရှင် မင်းသမီးမင်းသားများ နေထိုင်ရာ Beverly Hill သို့သွားရောက် လည်ပတ် ဓါတ်ပုံရိုက်မည်။ ညနေစာသုံးဆောင်ကာ ဟိုတယ်တွင် အနားယူပါမည်။
Hotel: Double Tree by Hilton (2 nights)

Day 5

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် LA မြို့တွင်းနှင့် ယူနီဗာဆယ်ရုပ်ရှင် စတူဒီယို အတွင်းတွင် တစ်နေကုန် ပျော်ရွှင်စွာ အချိန်ကုန်ဆုံး စေပါမည်။ ရုပ်ရှင်ရိုက်ကွက်၊ ရိုက်ချက်များ၊ ကောင်းဘွိုင်၏ စတန့်ပြကွက်များ၊ ကင်းကောင်၊ နာမည်ကျော် ရုပ်ရှင်ကား များ မည်ကဲ့သို့ ဖန်တီး ရိုက်ကူးခဲ့ပုံများကို စိတ်လှုပ်ရှားဖွယ်များစွာဖြင့် လည်ပတ် လေ့လာနိုင်ပါသည်။ Griffith Observatory နက္ခတ္တာရာပြခန်းမှ Los Angeles မြို့၏ ရှုခင်းကို တွေ့မြင်နိုင်ရန် နှင့် သိပ္ပံပညာရှင်တို့၏ အံ့မခန်းဘွယ် တီထွင်ကြံဆမှုဖြင့် ကမ္ဘာကြီး၏ ပြောင်းလဲ တိုးတက်လာပုံ အဆင့်ဆင့်ကို ပြသသော Sky Movie ကို အချိန်ရပါက ($7) ကြည့်ရှုနိုင်ပါသည်။ ထို့နောက် Griffith တောင်ထိပ်ပေါ်မှ မြို့အလှ၏ ညနေရှုခင်းကို ခံစားရင်း ဓါတ်ပုံရိုက်ကြမည်။

Day 6

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် City never sleep မြို့ ကမ္ဘာ့နာမည်ကြီး ကက်စီနိုင်မြို့တော်သို့ ခရီးဆက်ပါမည်။ လမ်းတွင် ခရီးသွား ဧည့်သည်အများစု ကြိုက်နှစ်သက်၍၊ အရည်အသွေးပြည့်ဝပြီး ဈေးနှုန်း သက်သာသောပစ္စည်းများကို  Leewood Factory Outlet Store တွင် ဈေးဝယ်ရန် ခေတ္တခဏ ရပ်နားရင်း၊ ပျော်ရွှင်စွာ ဈေးဝယ်ကြပါမည်။ ညနေစာသုံးဆောင်ပြီး ဟိုတယ်တွင် အနားယူမည်။ ထို့နောက် the city never sleep ဟု အမည်တွင်သော Vegas မြို့၏ စည်ကားလှပပုံ၊ ထူးဆန်းလှပသော မီးရောင်စုံတို့ဖြင့် အလှဆင်ပြီး၊ အကအလှ၊ အတီးမျိုးစုံ တေးဂီတဖြင့် ဧည့်ခံ ဖျော်ဖြေ တင်ဆက်လျက်ရှိသော ယခင်ရှေးဟောင်း Las Vegas မြို့တော်ဟောင်းနေရာ Freemont လမ်းသို့ သွားရောက်ကြည့်ရှုမည်။ ဆက်လက်ပြီး၊ Casino မြို့တော်၏ စည်ကားသိုက်မြိုက်ပြီး၊ မီးရောင်စုံ၊ အဆောက်အဦးဒီဇိုင်းမျိုးစုံ၊ ဖျော်ဖြေတင်ဆက်မှု မျိုးစုံတို့ဖြင့် လှပစည်ကားလျက်ရှိသော နေရာ၊ ရေပန်း အလှပြပွဲရှိပြီး၊ ပန်းရောင်စုံမျိုးစုံတို့ဖြင့် အလှဆင်ထားသော ခံညားလှပသည့် Bellagio hotel, မီးတောင်ပြပွဲ ရှိသော the Mirage, အီတလီနိုင်ငံ ဗင်းနစ်စ်မြို့ကဲ့သို့  အလှဆင်ထားသော  The Venetian Hotel တို့သို့ သွားရောက်လည်ပတ် ဓါတ်ပုံရိုက်ရင်း ပျော်ရွှင်စွာ စည်ကားလှသော လမ်းတစ်လျောက် လမ်းလျှောက်ကြမည်။ 

Hotel:  The Mirage Hotel & Casino / 5* (2 nights)

မှတ်ချက်။ မြို့တော်၏ ညအလှကို ကြည့်ရှုခံစားရင်း တံခါးခြောက်ပေါက်ပါ Limousine Car ဖြင့် စီးကာ လည်ပတ်လိုပါက (မိမိတို့စရိတ်)ဖြင့် စီစဉ်ပေးပါမည်။ ​

Day 7

နောက်တနေ့မနက် စောစော Grand Canyon ကမ္ဘာ့ အနက်ဆုံး ချောက်ကြီးဟု လူသိများပြီး Red Indian (Native American) များ၏ နယ်မြေရှိ အံ့သြဖွယ်ရာ ချောက်ကမ်းပါးကြီးကို West Rim ဘက်မှ သွားရောက်ကြည့်ရှု လေ့လာမည်။ အဆိုပါ ချောက်ကမ်းပါးကြီး၏ သဘာ၀ အလှအပများနှင့် ထူးခြား အံသြဖွယ်လှပပုံတို့ကို ရှင်းလင်းစွာ ကြည့်ရှုနိုင်ရန် အတွက် ပေ ၄၀၀၀ ကျော်အနက်ရှိ နေရာတွင် ဖန်သား ပြင် တံတားလေးဖန်တီးဆောက်လုပ်ထားသော လျှောက်လမ်းမှ ဧည့်သည်များ အလှည့်ကျဖြင့် ၎င်းဖန်သားပြင်ပေါ် လမ်းလျှောက်ရင်း အလှဓါတ်ပုံများ ရိုက်ကြမည်။ ထို့နောက် အနီးတဝိုက်ရှိ ဌာနေလူမျိုး များ၏ ဓလေ့ထုံးတမ်း များ လေ့လာခြင်း၊ Red Indian လူမျိုးတို့၏ အကအလှ ဖျော်ဖြေမှုတို့ကို ရှုစားပြီး၊ နေ့လည်စာ သုံးဆောင်ပြီးနောက်၊ လက်စ်ဗီးဂက်မြို့သို့ ပြန်လာမည်။ အပြန်လမ်းတွင် လက်စ်ဗီးဂက်စ် တစ်မြို့လုံးရှိ ထိန်ထိန်းငြီးအောင် လင်းနေသော မီးအားလျှပ်စစ်ထုတ်လုပ် ပေးရာ နေရာ Hoover Dam သို့ ဝင်ရောက်လည်ပတ်လေ့လာပြီး၊ ညနေစာ သုံးဆောင်ကာ၊ ဟိုတယ်တွင် ပြန်လည်အနားယူပါမည်။ ညပိုင်းတွင် မိမိတို့ စိတ်တိုင်းကျ Casino ကစားခြင်း၊ (သို့) Ka’ Show, Jubliee Show ကဲ့သို့သော ဖျော်ဖြေပွဲများအား သွားရောက် ကြည့်ရှုခြင်း၊ Worldwide Brand ပစ္စည်းများ ဈေးဝယ်ခြင်း၊ ဟိုတယ်အတွင်းရှိ Entertainment များကို လိုက်လံကြည့်ရင်း လမ်းလျှောက်နိုင်ပါသည်။

Day 8

နံနက်စာသုံးဆောင်ပြီးနောက်၊ ကမ္ဘာ့အကြီးဆုံး ရေတံခွန်တစ်ခုဖြစ်သော နိုင်ရာဂရာ ရေတံခွန်ကြီးသို့ သွားရောက် ကြည့်ရှုရန်အတွက် Buffalo မြို့သို့ လေယာဉ်ဖြင့် ခရီး ဆက်ပါမည်။ Buffalo မြို့သည် နာမည်ကြီးတက္ကသိုလ် တည်ရှိရာ နေရာတစ်ခု လည်းဖြစ်ပါသည်။ ညနေပိုင်း နိုင်ရာဂရာမြို့ရောက်ရှိပြီး ညနေစာသုံးဆောင်ပြီးနောက် ရေတံခွန်၏ ညရှုခင်းကို Goat Island မှ တဆင့် သွားရောက် ကြည့်ရှုှု့ခံစားရင်း၊ ရေတံခွန်၏ အံ့မခန်းဖွယ် ညအလှနှင့် ကနေဒါ နယ်စပ်၏ အလှအပတို့ကို ပေါင်းစပ်ကာ အမေရိကန်ရေတံခွန် ဘက်ခြမ်းမှ ကြည့်ရှုခံစား ဓါတ်ပုံရိုက်ကြမည်။ ဟိုတယ်သို့ ပြန်လာကာ အိပ်စက်အနား ယူပါမည်။
Hotel: Holiday Inn Niagara Fall (1 nights)

Day 9

နံနက်စာသုံးဆောင်ပြီးနောက်၊ ရာသီဥတု အဆင်ပြေပါက Maid of the Mist, သင်္ဘောစီးရင်း ကနေဒါဘက်ခြမ်းမှ ရေတံခွန်၏ အလှအပကို စိတ်လှုပ်ရှားဖွယ်ရာ အနီးကပ်သွားရောက် ကြည့်ရှုပါမည်။ ထို့နောက် ဝါရှင်တန်မြို့တော်သို့ ခရီးဆက်ပါမည်။ လမ်းတွင် နေ့လည်စာသုံးဆောင်ပြီး နယူးယောက်ပြည်နယ်၏ ကမ္ဘာ့အကောင်းဆုံး (Corning Glass) ဖန်ချက် စက်ရုံကြီးတွင် ဝင်ရောက်လေ့လာလည်ပတ်မည်။ ကံကောင်းပါက လာရောက်လည်ပတ်သော ဧည့်သည်များကို သူတို့ဖန်ချက်စက်ရုံအကြောင်း ရှင်းပြရင်း ချက်ချင်း လုပ်ပေးသော ဖန်ထည်ပစ္စည်း ပုံစံဆန်းလေး များ ကံစမ်းမဲပါ ပေါက်နိုင်ပါသည်။ ဝါရှင်တန်မြို့တော်သို့ ရောက်ရှိပြီး ညနေစာသုံးဆောင်ကာ ဟိုတယ်တွင် အနားယူပါမည်။
Hotel: Marriot Bethesda (2 nights)

Day 10

ယနေ့တွင် အိမ်ဖြူတော် (White House), လွှတ်တော်အဆောက်အဦး Capitol Hill (the seat of U.S congress), ဂျက်ဖာဆန်အထိမ်းအမှတ် (Jefferson Memorial), လင်ကွန်း (Lincoln memorial), ဗီယက်နမ်စစ်ပွဲနှင့် ကိုးရီးယားစစ်ပွဲအထမ်းအမှတ် ဗိမာန် (Vietnam & Korea Veteran memorial), ရူစဗဲ့ အထိမ်းအမှတ်နေရာ (Roosevelt Memorial), သွားရောက်လည်ပတ်ပြီး၊ လွတ်လပ်ရေးကျောက်တိုင်တို့နှင့် ဓါတ်ပုံရိုက်ကြမည်။ ထို့နောက် ဆက်လက်ပြီး ကမ္ဘာ့အကြီးဆုံး စိန်ပြာရှိရာ သဘာဝသမိုင်းပြတိုက်၊ အာကာသသိပ္ပံပြတိုက်တို့သို့ သွားရောက် လေ့လာကြပါမည်။ ၎င်းလမ်းအနီးပတ်ဝန်းကျင်တွင် မိမိတို့ စိတ်ဝင်စားပြီး အချိန်ရပါက ပြတိုက်များစွာရှိပါသည်။ တခုပြီးတခု လိုက်လံလေ့လာနိုင်ပါသည်။
Hotel: Marriot Bethesda / 4*

Day 11

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊ ကမ္ဘာ့ငွေကြေးဈေးကွက်ကို ချုပ်ကိုင်ထားသော စီးပွားရေး အချက်အချာ မြို့တော် နယူးယောက်မြို့သို့ ခရီးဆက်ပါမည်။ လမ်းတွင် အချိန်ရပါက ဒလဝယ်ရှိ Duty Free Outlet တွင် ဈေးဝယ်ရန် ခေတ္တရပ်ပေးပါမည်။ Outlet အများအပြား တွင် ၎င်း Duty Free Outlet တခုတည်းသာ Apple Store ရှိပါသည်။ မြို့တော်ဟောင်းဖြစ်သော ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ Philadelphia မြို့ရှိ Benjamin Franklin’s ၏ အုတ်ဂူ၊ လေဘာတီခေါင်းလောင်း၊ လွတ်လပ်ရေးခန်းမတို့ကို ဝင်ရောက်လည်ပတ်လေ့ လာပါမည်။ နေ့လည်စာကို မြန်မာအစားအစာဖြင့် ဧည့်ခံပြီး၊ နယူးယောက်သို့ ခရီးဆက်ပါမည်။ ညနေပိုင်းတွင် နယူးယောက်မြို့တွင်း ညနေပိုင်း စည်ကားလှပပုံ တို့ကို ကြည့်ရှု ခံစားရင်း၊ Time Square ပတ်ဝန်းကျင် အချိန်ရပါက လမ်းလျှောက်ကြမည်။ ညနေစာသုံးဆောင်ပြီး၊ ဟိုတယ်သို့ ပြန်လည်အနားယူမည်။ Hotel: Double by Hilton Fort lee (2 nights)

Day 12

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီး၊ နယူးယောက်မြို့၏ အထင်ကရ နေရာများဖြစ်သော Charging Bull (lucky bull), NYSE နယူးယောက်စတော့ဈေးကွက်၊ Wall Street, လေယာဉ်ဖြင့်အတိုက်ခံရပြီး 911 တွင် ပျက်စီးသွားသောနေရာ World Trade Center (ယခု Ground ZERO)တို့ကို လည်ပတ်ပြီး၊ နေ့လည်စာ သုံးဆောင်ပြီးနောက် Empire State Building, ဆက်လက်ပြီး ကုလသမဂရုံးချုပ် (UN Headquarter), ကမ္ဘာကျော်အမှတ် တံဆိပ် ပစ္စည်းများ၊ Tiffany, Apple Store တည်ရှိရာနေရာ Fifth Avenue, နာမည်ကြီး သူဌေးတစ်ဦး တည်းပိုင်သော အဆောက်အဦးပေါင်းများစွာ တည်ရှိရာ နယူးယောက်မြို့၏ နာမည်အကြီးဆုံး၊ အစည်ကား ဆုံးနေရာ Rock Feller Centre, မီးရောင်စုံတို့ဖြင့် လှပခန့်ငြား လူစည်ကားလှသည့် ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားများ ထုတ်လုပ်သည့်ရုံး၊ ထင်ရှားသော Financial ရုံးများ တည်ရှိရာ Time Square, ညနေစာ သုံးဆောင်ပြီး၊ ဟိုတယ်သို့ ပြန်လည် အိပ်စက်အနားယူပါမည်။

Day 13

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီး၊ Manhattan မြစ်အတွင်း သင်္ဘောစီးရင်း၊ နယူးယောက်မြို့၏ ခန်းနားကြီးကျယ် တိုးတက်ပုံတို့ကို ကြည့်ရှုခံစားရင်း၊ လေဘာတီရုပ်တုရှိရာ ကျွန်းကို အနီးကပ်သွားကာ ရုပ်တုနှင့် ဓါတ်ပုံရိုက်ကြမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ဈေးဝယ်ရန် Outlet Mall သို့ ပို့ဆောင်ပေးပါမည်။ ညနေစာ စောစော သုံးဆောင်ပြီး၊ မိမိတို့၏ ရွှေမြို့တော်သို့ ပြန်ရန်အတွက် နယူးယောက်မြို့ JFK လေဆိပ်သို့ ပို့ဆောင်ပေးပါမည်။

Day 14

လေယာဉ်ပေါ်တွင် နံနက်စာ၊ ညစာဖြင့် ဧည့်ခံပြီး၊ စင်္ကာပူလေဆိပ်သို့ နောက်တနေ့ နံနက် 7-နာရီခန့်တွင် ရောက်ရှိပါမည်။

Day 15

ရန်ကုန်မြို့တော်သို့ ပြန်လည်ထွက်ခွါ နံနက် ၀၉း၂၀ တွင် ပြန်လည် ရောက်ရှိလာပါမည်။

မှတ်ချက်။ ***အထက်ပါခရီးစဉ်သည် ရာသီဥတုနှင့် လေယာဉ်အချိန်လိုက်ပြီး အပြောင်းအလဲ ရှိနိုင်ပါသည်။***
Price may change base on availability!

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

Flight
Sight seeing
Transfer
Hotels
Meals
Guides
  • ကြယ် (၄)ပွင့်အဆင့်ရှိ ဟိုတယ်တွင် (၂) ယောက်တစ်ခန်း (၃) ယောက်တစ်ခန်း
  • WIFI နှင့် A/C ပါသော အဆင့်မြင့်ကားကြီးများဖြင့် လည်ပတ်ရန် ပို့ဆောင်ပေးခြင်း
  • ခရီးစဉ်တွင် ပါဝင်သော လည်ပတ်ရမည့် ဝင်ကြေးများ
  • လေယာဉ်လက်အမှတ် (အသွား-အပြန်) သတ်မှတ်ထားသည့် ရက်အတိုင်းသာ
  • နံနက်စာ၊ နေ့လည်စာ၊ ညနေစာ (ဖော်ပြပါအတိုင်း) တရုတ်၊မြန်မာ၊ထိုင်း၊အီတလီ၊ အမေရိကန်
  • ဧည့်လမ်းညွှန်နှင့် မြန်မာအဖွဲ့ခေါင်းဆောင်
  • ကားပေါ်တွင် နေ့စဉ် ရေသန့်ဗူး ပေးခြင်း

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

  • ခရီးစဉ်တွင် မပါသော ဝင်ကြေးများ
  • မိမိတို့၏ ကိုယ်ပိုင်အသုံးစရိတ်များ
  • စားသောက်ဆိုင်၊ ဟိုတယ်များတွင် အဖျော်ယမကာ သုံးဆောင်စရိတ်များ
  • ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းအား အပိုဆုကြေးငွေပေးခြင်း
  • ဗီဇာကြေးနှင့် ဝန်ဆောင်မှုများ (US $ 160+32)

Total: 12 nights stay at hotel in the State

  • San Francisco 2 nights
  • Fresno 1 night
  • Los Angeles 2 nights
  • Las Vegas 2 nights
  • Niagara Fall 1 night
  • Washington DC 2 nights
  • New York 2 nights

Road

Map

အကယ်၍ အောက်ပါဝန်ဆောင်မှုများ အတွက် မိမိတို့အစီအစဉ်နှင့် သွားလိုသူများ ထပ်မံပေးရပါမည်။

  • ဟိုတယ်မှ ခရီးစဉ်ထက်စော၍သော်၎င်း၊ နောက်ကျ၍သော်၎င်း ပိုနေခြင်း
  • သီးသန့် တစ်ယောက်ခန်းတွင် နေခြင်း
  • လေယာဉ်ခရီးစဉ် အချိန်၊ ရက်ပြောင်းလိုခြင်း
  • ခရီးစဉ်တွင် မပါသော နေရာများအား သွားလိုခြင်း