Gorgeous Taiwan

6 Days/ 5 Nights

ခရီးစဉ်ဈေးနှုန်း

လူကြီး(၁)ယောက်လျင်
US $ 1,245
ကလေး (2-11)နှစ်အောက်
US $
(no bed)

US $
(with extra bed)

ခရီးစဉ်ဈေးနှုန်း

လူကြီး(၁)ယောက်လျင်
US $ 1,245
ကလေး (2-11)နှစ်အောက်
US $
(no bed)

US $
(with extra bed)

Day 1

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှနံနက်(၁၀:၅၀)နာရီအချိန်တွင် China Airlines (CI-7916) လေယာဉ် ဖြင့် ထွက်ခွာပြီးထိုင်ဝမ်စံတော်ချိန်ညနေ (၁၆:၀၀)နာရီ အချိန်တွင် ထိုင်ဝမ် နိုင်ငံ၏ အပြည်ပြည်ဆိုင် ရာလေဆိပ် Taoyuan Airport သို့ ရောက်ရှိပြီး ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးစွာလာရောက်ကြိုဆိုပါမည်။ ထိုမှတဆင့် ကျားရိမြို့သို့ အမြန်ရထားဖြင့် ခရီးဆက်ပါမည်။ စားသောက်ဆိုင်တွင် ပျော်ရွှင်စွာ သုံးဆောင်ပြီးနောက် Hotel တွင် Check-In ဝင်၍ အပန်းဖြေ အနားယူပြီး အေးချမ်းစွာ အိပ်စက် အနားယူပါမည်။
4* Hotel: La Maison Hotel or similar

Day 2

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ကျားရိတွင် အားလီဆန်း သဘာ၀ အမျိုးသားဥယျာဉ်၊ Tourist attraction တစ်ခုဖြစ်သော Taiwan တွင် အကြီးဆုံးရေချိုအိုင်တစ်ခုဖြစ်သော Sun Moon Lake သို့ သွားကာ နေလရေကန် အနီးပတ်လည်တွင်ရှိသော Wen Wu Temple သို့သွားရောက် ဖူးမြော် လည်ပတ်ပါမည်။ နေ့လည်စာသုံးဆောင်ပြီး Sun Moon Lake တွင် Cruise စီးကာ အပန်းဖြေအနားယူရ င်းဓါတ်ပုံများရိုက်ကြမည်။ ညနေစာကို ShabuShabu (ဟော့ပေါ့) ဖြင့် ဧည့်ခံပြီး၊ Fengchia Nightmarket တွင် ပျော်ရွှင်စွာဈေးဝယ် ပြီးနောက် ၊ ဟိုတယ်တွင် Check In ဝင်ပြီးအိပ်စက်အနားယူပါမည်။
Hotel: Evergreen Hotel or Holiday Inn Exporess or Orchard Park Hotel

Day 3

ပန်းသီးဆိုင်၊ အမျိုးသားရေး အထိမ်းအမှတ် အဆောက်အဦးဖြစ်သော C.K.S Memorial Hall သို့ သွားရောက် လေ့လာပါမည်။ ဆက်လက်၍ ထိုင်ဝမ်၏ အမျိုးသားရေ အပြောင်းအလဲကို ဖြစ်စေသော National Revolutionary Matyrs’s Shrine သို့ သွားရောက်လည်ပတ် အမှတ်တယ ဓါတ်ပုံရိုက်ကြမည်။ ထို့နောက် ဂျပန်နှင့်တရုတ်တို့၏ ဗိသုကာလက်ရာများကို မြင်တွေ့နိုင်သောJiufen Old Street သို့ သွားရောက် လည်ပတ်ပြီး Duty Free Cosmetic Shop သို့ ဈေးဝယ်ရန် ပို့ပေးပြီး ညနေစာ သုံးဆောင်ကာ၊ ထိုင်ပေ၏ နာမည်ကြီး ရှီမန်းထျန် ညဈေးသို့ သွားရောက်လည်ပတ် ပျော်ရွှင်စာ ဈေး ဝယ်ရင်း Local food များ ဝယ်စားကြမည်။ ဟိုတယ်တွင် Check In ဝင်ပြီး၊ အေးချမ်းစွာအနားယူအိပ်စက်ပါမည်။
4-5* Hotel: Taipei Garden Hotel or similar Hotel

Day 4

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် Hotel မှ Check out လုပ်ကာ Snow Mountain လှိုဏ်ခေါင်းလမ်းမှ ဖြတ်ကာ ရိလန်ရှိ ကာတွန်းရုပ်လေးများဖြင့် လှပစွာ မွန်းမံထားသော Jimmy Parks သို့သွားရောက်လည် ပတ်ပါမည်။ ဆက်လက်ပြီး ွGolden Car sightseeing Windery နေရာသို့ ဝင်ရောက်လည်ပတ် ဝိုင်မြည်းကြမည်။ ထို့နောက် အလွန်လှပသော ပင်လယ်ကမ်းခြေတလျောက် ကြည်နူးဖွယ်ရာကောင်းသော Suhua highway မှ ကားဖြင့် ရှုခင်း များကို ကြည့်ရှုခံစားရင်း ဟွားလျန်အနီးရှိ Shimizu Cliff တွင် ဝင်ရောက်နားရင်း အလှဓါတ်ပုံများ ရိုက်ကြမည်။ ထို့နောက် Aboriginal Dance show ကို ကြည့်ရှုခံစားရင်း ညနေစာသုံးဆောင်ကာ၊ ဟိုတယ်တွင် အနားယူပါမည်။

Day 5

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ထိုင်ဝမ်ရှိ သ ဘာဝဥယျာဉ်စုစုပေါင်း ၉ခုအနက်မှ အလွန်ကျော်ကြားသော Taroko National Park သို့သွားရောက် ကာသဘာဝရှုခင်းအလှ၊ ကျောက်ဆောင်တောတောင်များ၏ သဘာဝအလှအပ၊ ရေတံခွန်များ ၏ အလှအပများကို ကြည့်ရှုခံစားပါမည်။ ဆက်လက်ပြီး Chishingtan Scenic Area ထိုင်ဝမ်၏ လှပသော ကမ်းခြေတွင် ဓါတ်ပုံရိုက်ကြပြီး၊ ထိုင်ပေသို့ ရထားငြ့် ပြန်လာမည်။ ထိုနောက် ဒူဘိုင်း၏ BurjKalifa မပေါ်ထွက်ခင် ကမ္ဘာ့အထပ်အမြင့်ဆုံး အဆောက်အဦးတစ်ခုဖြစ်ခဲ့ပြီး အထပ်ပေါင်း (၁၀၁)ထပ် ရှိသည့် Taipei 101 Tower သို့သွားရောက်ကာ (၈၉)-ထပ် Observatory Deck ရှိရာ အထိတက်၍ လေ့လာကြည့်ရှုကြမည်။ ညနေစာကို ထိုင်ဝမ်နိုင်ငံ၏ နာမည်ကြီးအစားအစာ Din Tai Fung Dim Sun စားသောက်ဆိုင်တွင် ပျော်ရွှင်စွာသုံးဆောင်ပြီးနောက် Hotel တွင် Check-In ဝင်၍ အနားယူမည်။

Day 6

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီး Taoyuan Int’l Airportသို့ ပို့ဆောင်ပြီးရန်ကုန် သို့ ပြန်လည်ထွက်ခွာပါမည်။

မှတ်ချက်။ ***အထက်ပါ ခရီးစဉ်သည် ရာသီဥတုအခြေအနေနှင့် အချိန်အနေအထားအရ ဧည့်လမ်းညွှန်မှ အဆင်ပြေသလိုစီစဉ် ပေးသွားမည်ဖြစ်ပါသဖြင့် အပြောင်းအလဲ ဖြစ်နိုင်ပါသည်။ ***
Price may change base on availability!

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

Flight
Sight seeing
Transfer
Hotels
Meals
Guides
  • ကြယ် (၄-၅)ပွင့် အဆင့် ရှိ အဆင့်မြင့် ဟိုတယ်ကြီးများတွင် 5-ည တည်းခိုခွင့်
  • လေယာဉ်လက်မှတ် (ရန်ကုန်-ထိုင်ပေ-ရန်ကုန်) Air China
  • Aircon နှင့် Wifi ပါသော အဆင်ြ့မင့်ကားကြီးဖြင့် လည်ပတ်ခြင်း
  • Taoyuan – Chaiyi by high speed express train ticket
  • Hualien – Taipei train ticket
  • နံနက်၊ နေ့လည်၊ ညနေစာ (upgraded meal, Seafood)
  • ဗီဇာကြေးနှင့် ဝန်ဆောင်မှု (US $ 50 – visa fee)
  • ဧည့်လမ်းညွှန်နှင့် Amazing Planet Company မှ မြန်မာ အဖွဲ့ခေါင်းဆောင်
  • နေ့စဉ် ကားပေါ်တွင် ရေသန့်ဗူးများစီစဉ်ထားပေးခြင်
  • ခရီးစဉ်တွင် ပါဝင်သော ဝင်ကြေးများအားလုံး အပါအဝင် ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းအတွက် Tipping US $ 4 per day per pax

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

  • ဟိုတယ်တွင်မှာယူသုံးစွဲသော ကိုယ်ပိုင်စရိတ် Phone calls၊ အအေး၊ ရေသန့်နှင့် ယမကာများ၊
  • ဟိုတယ်တွင်းအဝတ်လျှော်အပ်ခြင်းများ
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးဆောင်သောအစားအစာများ
  • ခရီးစဉ်တွင်းဖော်ပြထားခြင်းမရှိသောနေရာများသို့ သွားရောက်လည်ပတ်ခြင်းများ
  • လေယာဉ်တွင် သတ်မှတ်ထားသောကီလိုထက် ပို၍သယ်ဆောင်ခြင်းများ
  • လေယာဉ်လက်မှတ် အချိန်၊ ရက်ပြောင်းခြင်းများ ဗီဇာအတွက် လိုအပ်သော စာရွက်စာတမ်း နိုကြီပြန်ခြင်း

Road

Map

မှတ်ချက်။

  • ခရီးစဉ်တွင် လိုက်ပါရန် အမည်စာရင်းသွင်းပါက USD 100 စီ စရံအဖြစ် ပေးသွင်းရန်။
  • 30% ကို ဗီဇာလျောက်ရန် ပြင်ဆင်သည့်အချိန်တွင် ပေးရမည်ဖြစ်ပြီး ကျန်သောငွေကို ခရီးစဉ်မထွက်ခွါမီ ၁-ပတ်အလိုတွင် ပေးချေရန်ဖြစ်ပါသည်။
  • ဗီဇာလျောက်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများ ပေးရပါမည်။
  • နိုင်ငံကူးလက်မှတ်တွင် နိုင်ငံကြီး (ဂျပန်၊ ကိုးရီးယား၊ ကနေဒါ၊ ဥရောပ၊အမေရိကန်၊ သြစတျေးလျ၊ နယူးဇီလန်) ကဲ့သို့သော ဗီဇာရှိသည့်သူများအတွက် ဗီဇာကြေး USD 50 လျော့ပေးပါမည်။ သို့ပါသော်လည်း အွန်လိုင်းမှ ဗီဇာလျောက် ထားရန်လိုအပ်သည့်အတွက် Passport ပေးရပါမည်။

ဗီဇာလျောက်ထားရန်အတွက် လိုအပ်သော စာရွက်စာတမ်းများ။

  • Passport မူရင်း (အနည်းဆုံး ၆-လ သက်တမ်းရှိရပါမည်) နှင့် မိတ္တူ
  • (၆)လ အတွင်း ရိုက်ထားသော အဖြူရောင်နောက်ခံ (၂) လက်ပတ်လည် ဓါတ်ပုံ (၃)ပုံ
  • မှတ်ပုံတင် မူရင်း
  • အိမ်ထောင်စုစာရင် မူရင်း
  • ဘဏ်စာအုပ် မိတ္တူ မူရင်း (ဘဏ်ထဲတွင် အနည်းဆုံး ၃၅-သိန်းနှင့် အထက်ရှိပါမည်)
  • ဇနီးမောင်နှံများ အိမ်ထောင်စုစာရင်း မတူပါက လက်ထပ်စာချုပ် မိတ္တူနှင့် Notary