Sparkling Korea ( ဆိုးလ် - ဂျယ်ဂျူးကျွန်း - ဘူဆန်မြို့ - နမ်မီကျွန်း - Everland Theme Park )

( တောင်ကိုရီးယား နိုင်ငံ ၇ညအိပ် ၈ရက် အလည်အပတ် ခရီးစဉ် )

Transportation

CAR

FLIGHT

Travel Peroid

All Year Around

Transportation

CAR

FLIGHT

Travel Peroid

All Year Around

Day 1

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Amazing Planet Travel မှ လိုက်ပါဝန်ဆောင်မှုပေးမည့် Tour Leader နှင့် တွေ့ဆုံကာ ည ၁နာရီ ၂၅မိနစ် လေယာဉ်ဖြင့် တောင်ကိုရီးယား နိုင်ငံ၏ ဟာဝိုင်ရီဟု တင်စားကြသော ဂျယ်ဂျူးကျွန်းသို့ ဟောင်ကောင် Transit ဖြင့် စတင်ထွက်ခွါကြပါမည်။ လေယာဉ်ပေါ်တွင် အေးချမ်းစွာ အိပ်စက်လိုက်ပါကြပါမည်။

Day 2

ဟောင်ကောင်လေဆိပ်သို့ နံနက် ၆နာရီဝန်းကျင်တွင် ရောက်ရှိကာ Transit ဖြတ်သန်းပြီး နံနက် ၈နာရီခွဲ လေယာဉ်ဖြင့် ဂျယ်ဂျူးကျွန်းသို့ ဆက်လက် ပျံသန်းပါမည်။ ကိုရီးယားနိုင်ငံ စံတော်ချိန် နေ့လည် ၁နာရီဝန်းကျင်တွင် ဂျယ်ဂျူးလေဆိပ်သို့ ရောက်ရှိကာ ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးစွာ လာရောက်ကြိုဆိုပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် လျှို့ဝှက်ဆန်းကြယ် ကမ္ဘာ့ဆွဲ အား များတည်ရှိရာ Mysterious Road သို့ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် Teddy Bear ချစ်သူများအတွက် အလွန်ချစ်ဖို့ကောင်းသော Teddy Bear အရုပ်လေးများဖြင့် ပုံဖော်ပြသထားသော Teddy Bear Museum သို့ သွားရောက်လည်ပတ်ရင်း အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ထို့နောက် သာယာလှသည့် Chonjiyeon ရေတံခွန်သို့ သွားရောက်လည်ပတ်ပါမည်။ Jeju Black Pork BBQ ညစာသုံးဆောင် ပြီး ဂျယ်ဂျူးရှိဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အ နားယူကြပါမည်။

Day 3

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် UNESCO အသိအမှတ်ပြု ပင်လယ်ရေအောက်ကြမ်းပြင် မီးတောင်ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသည့် Seongsan Sunrise Peak သဘာဝဥယျာဉ် နှင့် ဂျယ်ဂျူကျွန်းး၏ အရှေ့ဘက် ကမ်းခြေအစွန်းတွင်ရှိသော Seopjicoji ခေါ် View Point ရှုခင်းသို့ သွားရောက် လည်ပတ်ပါမည်။ နေ့လည်စာ Seafood သုံးဆောင်ပြီးနောက် ထို့နောက် ဂျယ်ဂျူကျွန်း ၏ ရိုးရာဓလေ့လူနေမှု များကို မြင်တွေ့ရမည့် Seongeup folk village ဟုခေါ်သော မြို့ငယ်လေးသို့ သွားရောက်လေ့လာကြပါမည်။ ထို့နောက် ကိုရီးယား နိုင်ငံ၏ High Technology များကို မြင်တွေ့ရမည်ဖြစ်သည့်အပြင် ကမ္ဘာကျော် K-pop ဂီတ အဆိုတော်များ ၏ ပုံရိပ်များကို 3D ဖန်တီးထားပြီး အမှတ်တရ ပျော်ရွှင်စရာ ဓာတ်ပုံများ ရိုက်ကူးနိုင်မည့် K-pop Hologram သို့ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် လူတို့၏ အပြင်ကို ဖမ်းစားကာ ဖမ်းတီးထားသော Trick Eye Museum သို့ သွားရောက်ကာ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ထို့နောက် ပျော်စရာ ရေခဲကမ္ဘာ Ice Gallery သို့ လည်ပတ်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဂျယ်ဂျူကျွန်းရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူကြပါမည်။

Day 4

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ကိုရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံး ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်သည့် ဘူဆန်မြို့သို့ ပြည်တွင်း လေကြောင်းလိုင်းဖြင့် ခရီးဆက်ကြပါမည်။ ထို့နောက် Yongdusan ခေါ် နဂါးခေါင်းတောင်ပေါ်ရှိ Busan Tower ရှိရာ Yongdusan Park သို့ သွားရောက်လည်ပတ်ကြပါမည်။ နေ့လည်စာ Jagalchi Buffet သုံးဆောင်ပြီးနောက် European Country တွေမှာ ရှိသကဲ့သို့ အဆောက်အဦးပုံ ရောင်စုံတိုက်များနှင့် လက်ရာမြောက်သော ပန်းချီများရှိရာ Gamcheon Culture Village သို့ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် များ ကျင်းပရာ BIFF Square သို့ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် ဘူဆန်၏ အဓိက Shopping ဧရိယာ ဖြစ်သော Nampodong Market သို့ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် ကိုရီးယား၏ အလှဆုံး ကမ်းခြေ များထဲမှ ဘူဆန်မြို့ Haeundae Beach သို့ သွားရောက်လည်ပတ်ကြပါမည်။ လှပသော ပင်လယ်ပြင်ကြီးနှင့် အတူ သဘာ၀ အလှတရားများကို ခံစားရန် ဒီဇိုင်းဆန်းဆန်း တည်ဆောင်ထားသော APEC House မှ နေဝင်ဆည်းဆာကို ကြည့်ရှုခံစားကြပါမည်။ ညစာသုံးဆောင်ပြီးနောက်ဘူဆန်မြို့ရှိ ဟိုတယ်တွင် အိပ်စက် အနားယူ ကြပါမည်။

Day 5

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီး Seoul မြို့ သို့ပြန်လည် ထွက်ခွာပါမည်။ Shabu Shabu နေ့လည်စာသုံးဆောင်ပြီးနောက် ဆိုးလ်မြို့၏ အကြီးဆုံး ပျော်ရွှင်စရာများ ပြည့်နှက်နေသည့် Everland Theme Park တွင် ခေတ်မီ ကစားနည်းများနှင့် ပျော်ရွှင်စွာ တစ်နေကုန် လည်ပ တ်ကစားကြပါမည်။ လူငယ်များအတွက် ကစားနည်းများ စုံလင်သည့်အပြင် လူကြီးများအတွက်လည်း 4D ၊ 5D နှင့် အခြားသော စိတ်ဝင်စားဖွယ်ရာများ ရှိပါသည်။ ထို့ပြင် Safari World တွင် သစ်ကုလားအုတ် ၊ ခြေင်္သေ့ ၊ ကျား ၊ ကျားသစ် စသည်တို့အပြင် ချစ်စရာ ဖြူနက်ကြား ဝက်ဝံလေးများနှင့် အခြားသော သားရဲတိရစ္ဆာန်များအား ကြည့်ရှုပြီး အစားကျွေးနိုင်ပါသည်။ ထို့ပြင် လေးရာသီလုံး ပွင့်လန်းကာ လှပသော Four Seasons Flowers Garden တွင် ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။ Ever Sky Buffet ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 6

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် နိုင်ငံ၏ ထင်ရှားသော ဆေးဖက်ဝင်သော ဂျင်ဆင်းအား သွားရောက်လေ့လာရန် နှင့် ဂျင်စင်းဝယ်ယူလိုသူများအတွက်လည်း အဆင်ပြေစေရန် Ginseng Show Room သို့ပို့ဆောင်ပေးပါမည်။ ထို့နောက် ကိုရီးယားအလှကုန် ပစ္စည်းများမှာ အရည်အသွေးကောင်းမွန်သည်ဟု နာမည်ကျော် ကြားသည့် အလျှောက် Lotion ၊ Perfume နှင့် အခြားသော အလှကုန် ပစ္စည်းများ လေ့လာဝယ်ယူနိုင်ရန် Korean Cosmetic Centre သို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် ဆိုးလ်မြို့လယ်ခေါင် Gwanghwamun square နှင့် အများပြည်သူများ အပန်းဖြေနေရာဖြစ်သည့် Chonggyecheon Stream သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ဆိုးလ်၏ အထိမ်းအမှတ် တစ်ခုဖြစ်သည့် N Seoul Tower သို့ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် နာမည်ကျော် ကိုရီးယားထမင်းလိပ်ပြုလုပ်သည့်အခါ အသုံးပြုသည့် အပြင် မုန့်သရေစာများပါ ထုတ်လုပ်သည့် ရေညှိများ လေ့လာရန် Seaweed Museum နှင့် ကိုရီးယားရိုးရာအစားအစာတစ်ခုဖြစ်သော ကင်ချီလုပ်နည်းကိုသွားရော က် လေ့လာရင်း ကိုယ်တိုင် စမ်းသပ်ကာ ပြုလုပ်ကြည့်ပါမည်။ ထို့ပြင် Hanbokခေါ်ကိုရီးယားရိုးရာဝတ်စုံများကိုလည် း ဝတ်ဆင်ကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဆိုးလ်မြို့ရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။ ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် နိုင်ငံ၏ ထင်ရှားသော ဆေးဖက်ဝင်သော ဂျင်ဆင်းအား သွားရောက်လေ့လာရန် နှင့် ဂျင်စင်းဝယ်ယူလိုသူများအတွက်လည်း အဆင်ပြေစေရန် Ginseng Show Room သို့ပို့ဆောင်ပေးပါမည်။ ထို့နောက် ကိုရီးယားအလှကုန် ပစ္စည်းများမှာ အရည်အသွေးကောင်းမွန်သည်ဟု နာမည်ကျော် ကြားသည့် အလျှောက် Lotion ၊ Perfume နှင့် အခြားသော အလှကုန် ပစ္စည်းများ လေ့လာဝယ်ယူနိုင်ရန် Korean Cosmetic Centre သို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် ဆိုးလ်မြို့လယ်ခေါင် Gwanghwamun square နှင့် အများပြည်သူများ အပန်းဖြေနေရာဖြစ်သည့် Chonggyecheon Stream သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ဆိုးလ်၏ အထိမ်းအမှတ် တစ်ခုဖြစ်သည့် N Seoul Tower သို့ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် နာမည်ကျော် ကိုရီးယားထမင်းလိပ်ပြုလုပ်သည့်အခါ အသုံးပြုသည့် အပြင် မုန့်သရေစာများပါ ထုတ်လုပ်သည့် ရေညှိများ လေ့လာရန် Seaweed Museum နှင့် ကိုရီးယားရိုးရာအစားအစာတစ်ခုဖြစ်သော ကင်ချီလုပ်နည်းကိုသွားရော က် လေ့လာရင်း ကိုယ်တိုင် စမ်းသပ်ကာ ပြုလုပ်ကြည့်ပါမည်။ ထို့ပြင် Hanbokခေါ်ကိုရီးယားရိုးရာဝတ်စုံများကိုလည် း ဝတ်ဆင်ကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဆိုးလ်မြို့ရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

Day 7

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ကိုရီးယားနိုင်ငံတော် သမ္မတအပါအဝင် ဌာနဆိုင်ရာ အကြီးအကဲများ ရုံးထိုင်သည့် အိမ်ပြာတော် Blue House ရှေ့ကို ဖြတ်သန်းလေ့လာကာ ဂျိုဆွန်းမင်းဆက်တစ်လျှောက် အကြီးဆုံး နန်းတော်ရာ ဖြစ်ခဲ့သည့် Gyeongbok Palace သို့ သွားရောက် လည်ပတ် ကြပါမည်။ ထို့နောက် Korean Folk Museum ထဲတွင် ကိုရီးယားနိုင်ငံ၏ သမိုင်းကြောင်း ၊ ရိုးရာ ယဉ်ကျေးမှု ၊ ဓလေ့ထုံးတမ်းများကို လေ့လာကြမည် ဖြစ်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးနောက် အခွန်ဆောင်ရန်မလိုအပ်သည့် Duty Free Shop သို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် ကိုရီးယား နိုင်ငံ၏ ဒီဇိုင်းအမိုက်စား အဆောက်အဦးဖြစ်သည့် နာမည်ကျော် ဒုံဒေမွန် Shopping Center သို့ သွားရောက် Shopping လုပ်ကြပါမည်။ ညစာ Sky Meat Buffet သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 8

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် Winter Sonata ဇာတ်ကားရိုက်ကူးရာနေရာဖြစ်သည့် Nami Island သို့ ပျော်ရွှင်စွာ လည်ပတ်ကြပါမည်။ ရောင်စုံ သစ်ပင်များ ၊ စိမ်းလန်းသော သစ်ပင်တန်းများဖြင့် စိမ်းလန်းစိုပြေလှသည့်ကျွန်းတွင် ပျော်စရာအချိန်များ ကုန်ဆုံးကြပါမည်။ နေ့လည်စာ သုံးဆောင်ကြပြီးနောက် အင်ချွန်းလေဆိပ်သို့ ပို့ဆောင်ကာ ညနေပိုင်း လေယာဉ်ဖြင့် ရန်ကုန်ရွှေ မြို့တော်သို့
ဟောင်ကောင် လေဆိပ်မှတဆင့် ပြန်လည်ထွက်ခွါလာကြပါမည်။ မြန်မာစံတော်ချိန် ည ၁၁နာရီခွဲဝန်းကျင်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အေးချမ်းစွာ ပြန်လည်ရောက်ရှိကြမည် ဖြစ်ပါသည်။

Hotel Accommodation
Seoul
:
Novotel Ambassador Doksan Hotel or Similar
Jeju
:
Oriental Jeju Hotel or Similar
Busan
:
Haeundae Centum Hotel or Similar
လေယာဉ်အချိန်ဇယား
:
Cathay Pacific Airline
မှ / သို့ လေယာဉ်အမှတ် ထွက်ခွါမည့်အချိန် ဆိုက်ရောက်မည့်အချိန် ခန့်မှန်းပျံသန်းချိန်
ရန်ကုန် - ဟောင်ကောင် CX 5251 01:25 05:55 ၃ နာရီ ၀၅ မိနစ်
ဟောင်ကောင် - ဂျယ်ဂျူး CX 5326 08:35 12:50 ၃ နာရီ ၁၀ မိနစ်
ဆိုးလ် - ဟောင်ကောင် CX 411 15:05 17:55 ၃ နာရီ ၅၀ မိနစ်
ဟောင်ကောင် - ရန်ကုန် KA 250 21:50 23:35 ၃ နာရီ ၁၅ မိနစ်

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

Flight
Sight seeing
Transfer
Hotels
Meals
Guides
  • ရန်ကုန် - ဂျယ်ဂျူး -- ဆိုးလ် - ရန်ကုန် အသွားအပြန် လေယာဉ်လတ်မှတ်
  • ဂျယ်ဂျူး-ဘူဆန် ပြည်တွင်း လေယာဉ်လက်မှတ်
  • ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ်တွင် ၂ယောက်တစ်ခန်း
  • ကိုရီးယားဗီဇာကြေးနှင့် ဗီဇာဝန်ဆောင်မှု
  • ခရီးစဉ်တွင်ဖော်ပြပါနေရာများအတွက်ဝင်ကြေးများ
  • ခရီးစဉ်တစ်လျှောက် ဇိမ်ကျသော Air Con (သို့) Heater ကားများအသုံးပြုထားခြင်
  • ခရီးစဉ်တစ်လျှောက် ကားပေါ်တွင် wifi ရှိခြင်း
  • ခရီးစဉ်တွင်ဖော်ပြထားသည့်အတိုင်း နံနက်စာ၊ နေ့လည်စာ၊ ညစာ
  • Amazing Planet မှ လိုက်ပါဝန်ဆောင်မှုပေးမည့် Tour Leader
  • ဒေသခံ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်
  • နေ့စဉ်အတွက် သောက်ရေသန့် ၁-ဘူးစီပါဝင်ခြင်း
  • Driver နှင့် Guide အတွက် မုန့်ဖိုးများ (Tipping) ကားပေါ်တွင် Free Wi-Fi ဝန်ဆောင်မှု

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

  • ဟိုတယ်တွင်မှာယူသုံးစွဲသော Phone calls၊ အအေး၊ ရေသန့်နှင့် ယမကာများ၊
  • ဟိုတယ်တွင်းအဝတ်လျှော်အပ်ခြင်းများ
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးဆောင်သောအစားအစာများ
  • ခရီးစဉ်တွင်းဖော်ပြထားခြင်းမရှိသောနေရာများသို့ သွားရောက်လည်ပတ်ခြင်းများ
  • လေယာဉ်တွင် သတ်မှတ်ထားသောကီလိုထက် ပို၍သယ်ဆောင်ခြင်းများ

Road

Map