Scandinavian Explore

DENMARK- NORWAY – SWEDEN – FINLAND

Transportation

CAR
BOAT

FLIGHT

Travel Peroid

All Year Around

Transportation

CAR
BOAT

FLIGHT

Travel Peroid

All Year Around

Day 1

Connective Flight to Copenhagen
မြန်မာနိုင်ငံရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒိန်းမတ်နိုင်ငံကိုပင်ဟေဂင်မြို့သို့ ဒိုဟာလေဆိပ်မှ တစ်ဆင့်ပျံသန်း ထွက်ခွာပါမည်။

Day 2

ဒိန်းမတ်နိုင်ငံ၏ မြို့တော် ကိုပင်ဟေဂင်မြို့သို့ ၎င်းနေ့ညနေ ၈-နာရီတွင် ဆိုက်ရောက်ပါမည်။ တည်းခိုမည့်ဟိုတယ်သို့ ပို့ဆောင် ပေးပါ မည်။ ဟိုတယ်တွင် နောက်တနေ့ အပြည့်အ၀ လန်းဆန်းစွာ လည်ပတ်နိုင်ရန်အတွက် အနားယူ အိပ်စက်မည်။

Day 3

City Tour: ယနေ့တွင် ကိုပင်ဟေဂင်မြို့တွင်းလှည့်ပတ်လေ့လာပါမည်။ အရွယ်သုံးပါးလုံး ကြိုက်နှစ်သက်မည့် ကမ္ဘာ့ဒုတိယသက် တမ်းအရင့်ဆုံး Tivoli Gardens အပန်းဖြေကစားကွင်း၊ ရှေးဟောင်းဥရောပ အနုသုခုမလက်ရာ များကိုခင်းကျင်း ပြသထားသည့် Ny Calsberg Glyptotek ပြတိုက်၊ ဝန်ကြီးချုပ်ရုံးတစ်ဖြစ်လဲ ရှေးဟောင်း Christiansborg နန်းတော်၊ ပါလီမန် အဆောက်အဦး တို့သို့သွားရောက် လည်ပတ်ပါမည်။ KongensNytorv အမည် ရှိ ပြည်သူ့ရင်ပြင်နှင့် စတော့ဈေးကွက် တော်ဝင်မိသားစု၏ နွေရာသီစံနန်းတော်ဖြစ်သည့် Amalienborg နန်းတော်ကိုသွားရောက်ပါပြီး၊ အစောင့်စစ်သည်များ၏ စစ်ရေးပြ ကိုကြည့်ရှုပါမည်။ လက်ရာမြောက် ပန်းပုရုပ်များဖြင့် တန်ဆာဆင်ထားသည့် Gefion ရေပန်းနှင့် ရေသူမရုပ်တုတို့တွင် အမှတ်တရဓာတ်ပုံရိုက်ကူးပါမည်။ ခရီးစဉ်အတွင်း ရင်သပ်ရှုမောဖွယ် ခရစ်ယာန်ဘုရားကျောင်း၊ ရှေးဟောင်းသရဖူကို စောင့်ရှောက်ထားသည့် Rosenberg ရဲတိုက်တို့ သွားရောက်ပါမည်။ ညနေပိုင်းတွင် နော်ဝေနိုင်ငံ အော်စလိုမြို့သို့ သဘောၤခရီးစဉ်ဖြင့် တညတာလုံး ပါတီပွဲများဆင်နွှဲရင်းခရီးဆက်ပါမည်။

Day 4

နံနက်စာစားပြီး 9-နာရီ (30)မိနစ်ခန့်တွင် နော်ဝေနိုင်ငံ၏ ဆိပ်ကမ်းမြို့ ဖြစ် သော အော်စလိုမြို့သို့ ဆိုက်ရောက်ပါမည်။ သင်္ဘောပေါ် တွင် နံနက်စာသုံးဆောင် ကာ အော်စလိုမြို့ တွင်း ဘုရင်နှင့် မိဘုရားတို့၏ ရဲတိုက်နန်းတော် ၊ Akershus ခံတပ်၊ Opera House တို့သို့ သွားရောက် လည်ပတ်ပါမည်။ ဆက်လက်ပြီး အိုစလိုမြို့၏ ရှေးဟောင်း အမွေအနှစ် တခုဖြစ်သော စိတ်ကြည်နူးဖွယ် ပန်းပုရုပ်မျိုးစုံဖြင့် တန်ဆာဆင်ထားသည့် Vigeland ရုပ်တုပန်းခြံ တွင် ကုန်ဆုံးပါမည်။

Day 5

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Flam အမည်ရှိ ရှေးဟောင်းစံပြကျေးရွာသို့ရထားဖြင့် ခရီးဆက်ပါမည်။ Flam Railway သည် ကမ္ဘာအလှဆုံး ရထားလမ်းအဖြစ် နာမည်ကြီးသည့် အလျောက် ရထားပေါ်မှ တစ်သက်တာမေ့မရနိုင်မည့် ရှုမျှော်ခင်းအမျိုးမျိုးကိုဓာတ်ပုံ ရိုက်ကူးနိုင်ပါမည်။ Myrdal ဘူတာတွင် Flambana အမည်ရှိ ရထားသို့ ပြောင်းစီးပြီး ရေတံခွန်သို့သွားရောက်ပါမည်။ Flamsbrygga Hotel (or similar) တွင် အိပ်စက်အနားယူပါမည်။

Day 6

ယနေ့တွင် သာယာလှပသည့် Sognefjord အမည်ရှိသာယာလှပလှသည့် မြစ်ကျဥ်းနေရာသို့ နာမည်ကျော် Bergen မြို့၊ Balestrand မြို့များကို ဖြတ်သန်းပြီး 4-နာရီကြာ သဘောၤစီးပြီးသွားရောက်ပါမည်။ နေ့လည်ပိုင်းတွင် Bergen မြို့တွင်းသို့ တက်ရောက်ပြီး Floimountain မှ အပေါ်စီးရှုခင်းများကိုကြည့်ရှုပါမည်။ အမှတ်တရ ပစ္စည်းများဝယ်ယူပြီးနောက် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အဖြစ်သက်မှတ်ထားသည့် Bergen မြို့တွင် လည်ပတ်ပါမည်။

Day 7

ယနေ့တွင် ဆွီဒင်နိုင်ငံမြို့တော် စကင်ဒေးဗီးယန်းနိုင်ငံအားလုံး၏ မြို့တော်ဟု ခေါ်တွင်သော စတော့ဟုမ်းမြို့သိုလေယဉ်ဖြင့် ထွက်ခွာပါမည်။ ဥရောပမြောက်ပိုင်း စကင်ဒီနေးဗီးယား တောင်တန်းပေါ်တွင် တည်ရှိသည့် စတော့ဟုမ်းမြို့တွင် အနားယူပါမည်။ စတော့ဟုန်းရောက်လျင် မြို့တွင်း စည်ကားသော နေရာတွင် တည်းခိုပြီး ၊ ရှေားပင်းမောတွင် ပျော်ရွှင်စွာ ဈေး ဝယ်ထွ က်ကြမည်။

Day 8

နံနက်စာ သုံးဆောင်ပြီး၊ ယနေ့တွင် စတော့ဟုမ်းမြို့၏ ရင်သပ်ရှုမောဖွယ် မြို့အလှများနှင့် လူနေမှုစနစ်များကိုလေလာရင်း၊ မြို့တော်ခန်းမ၊ ဗာဆာ ပြတိုက်၊ တော်ဝင်နန်းတော်သို့ သွားရောက်လည်ပတ်ကာ ကံကောင်းပါက အစောင့်တပ်ပြောင်းသည်နှင့် ကြုံလျင် ဓါတ်ပုံလှလှရိုက်ရင်း ကြည့်ရှုနိုင်ပါသည်။ ညနေပိုင်းတွင် ဈေးဝယ်ရန် အချိန်ပေးပါမည်။

Day 9

ယနေ့တွင် စတော့ဟုမ်းမြို့တွင် နံနက်ပိုင်း ပျော်ရွှင်စွာ ဈေးဝယ်ချိန်ပေးပါမည်။ (သို့) Skansen Open Air Museum သို့ သွားရောက်လည်ပတ်ကြပါမည်။ ညနေပိုင်းတွင် Tallink Silja ferry သင်္ဘောဆိပ်သို့ ပို့ဆောင်ပေးညပီး ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီမြို့သို့ သဘောၤဖြင့်ထွက်ခွာပါမည်။ သင်္ဘောပေါ်တွင် အိပ်စက်အနားယူပါမည်။

Day 10

ဟယ်လ်ဆင်ကီး မြို့တွင်းခရီစဉ်များတွင် လွှတ်တော်ရုံး ၊ Uspenski ဘုရားကျောင်း ၊ ပါလီမန်အဆောက်အဦး၊ အိုလံပစ်အားကစားရုံတို့ သို့လည်ပတ်ပါမည်။ Sibelius Monument၊ ကျောက်တောင် Temppeliaukio ဘုရားကျောင်း တို့သို့ သွားရောက်လည်ပတ်ပါမည်။ ဟယ်လ်ဆင်ကီးမြို့တွင် အိပ်စက်အနားယူပါမည်။

Day 11

After breakfast transferred back to airport for your flight back.
နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် Doha ကြားလေဆိပ်မှ တဆင့် ရန်ကုန်မြို့ ပြန်နိုင်ရန် လေဆိပ်သို့ပို့ဆောင် ပေးပါမည်။

Day 12

မြန်မာနိုင်ငံရန်ကုန်မြို့သို့ ကြားလေဆိပ်တစ်ခုမှတစ်ဆင့် နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိပါမည်။

Route လေယာဉ်အမှတ် ထွက်ခွါချိန် ဆိုက်ရောက်ချိန်
RGN - DOH QR 919 07:40 11:55
DOH -CPH QR 163 15:55 20:40
HEL - DOH QR 304 10:40 16:30
DOH - RGN QR 918 21:05 06:25
“ပျော်ရွှင်စရာ ခရီးစဉ်လေး ဖြစ်ပါစေ”

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

Flight
Sight seeing
Transfer
Hotels
Meals
Guides
  • ကြယ် (၄)ပွင့်အဆင့်ရှိ ဟိုတယ်တွင် 7-ည တည်းခိုခွင့်
  • အဆင်မြင့် သင်္ဘောကြီးပေါ်တွင် တစ်ည (ကိုဖင်ဟေဂင်မှ အော်စလိုသို့)
  • စတော့ဟုမ်းမှ ဟယ်လ်ဆင်ကီးသို့ သွားသော သင်္ဘောပေါ်တွင် တစ်ညတာ တည်းခိုခြင်း
  • အဆင့်မြင့်ကားကြီးများဖြင့် လည်ပတ်ရန် ပို့ဆောင်ပေးခြင်း
  • ခရီးစဉ်တွင် ပါဝင်သော လည်ပတ်ရမည့် ဝင်ကြေးများ
  • လေယာဉ်လက်အမှတ် (အသွား-အပြန်) သတ်မှတ်ထားသည့် ရက်အတိုင်းသာ
  • နံနက်စာ၊ နေ့လည်စာ၊ ညနေစာ (ဖော်ပြပါအတိုင်း) တရုတ်၊ ထိုင်း၊အီတလီ၊ ...
  • ဧည့်လမ်းညွှန်နှင့် မြန်မာအဖွဲ့ခေါင်းဆောင် (၁၆-ဦးနှင့် အထက်)
  • ကားပေါ်တွင် နေ့စဉ် ရေသန့်ဗူး ပေးခြင်း
  • ဗီဇာကြေးနှင့် ဝန်ဆောင်မှုများ
  • ဗီဇာလျောက်ရန်အတွက် လိုအပ်သည့် ခရီးသွား အာမခံကြေးများ ပါဝင်ပြီး

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

  • ခရီးစဉ်တွင် မပါသော ဝင်ကြေးများ
  • မိမိတို့၏ ကိုယ်ပိုင်အသုံးစရိတ်များ
  • စားသောက်ဆိုင်၊ ဟိုတယ်များတွင် အဖျော်ယမကာ သုံးဆောင်စရိတ်များ
  • ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းအား အပိုဆုကြေးငွေပေးခြင်း

Road

Map

အကယ်၍ အောက်ပါဝန်ဆောင်မှုများ အတွက် မိမိတို့အစီအစဉ်နှင့် သွားလိုသူများ ထပ်မံပေးရ ပါမည်။

  • ဟိုတယ်မှ ခရီးစဉ်ထက်စော၍သော်၎င်း၊ နောက်ကျ၍သော်၎င်း ပိုနေခြင်း
  • သီးသန့် တစ်ယောက်ခန်းတွင် နေခြင်း
  • လေယာဉ်ခရီးစဉ် အချိန်၊ ရက်ပြောင်းလိုခြင်း
  • ခရီးစဉ်တွင် မပါသော နေရာများအား သွားလိုခြင်း