ဗီယက်နမ်နိုင်ငံ

ဟနွိုင်း - ဟာလောင် - Sunworld Park - နင့်ဘင်း

( ၄ ညအိပ် ၅ ရက် ခရီးစဉ် )

Transportation

CAR
BOAT

FLIGHT

Travel Peroid

All Year Around

Transportation

CAR
BOAT

FLIGHT

Travel Peroid

All Year Around

Day 1

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧည့်သည်တော်များအနေဖြင့် ညနေ ၄နာရီ အရောက်လာရမည်ဖြစ်ပြီး Amazing Planet မှ လိုက်ပါ ဝန်ဆောင်မှုပေးမည့် Tour Leader နှင့် တွေ့ဆုံကာ ဗီယက်နမ်နိုင်ငံ ဟန်နွိုင်းမြို့သို့ စတင်ထွက်ခွာပါမည်။ ဟန်နွိုင်းမြို့ရှိ Noi Bai အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ည ၉နာရီဝန်းကျင်တွင် ရောက်ရှိကာ ဒေသခံဧည့်လမ်းညွှန် မှလာရောက်ကြိုဆိုပြီး တည်းခိုမည့် ဟိုတယ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပါသည်။

Day 2

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် UNESCO အသိအမှတ်ပြု ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် တစ်ခုဖြစ်သည့်ဟာလောင် ပင်လယ်အော်သို့ ခရီးဆက်ပါမည်။ ခန့်မှန်းမောင်နှင်ချိန်မှာ ၃နာရီခန့် ဖြစ်ပါသည်။ ဟာလောင်မြို့တွင် နေ့လည်စာသုံးဆောင်ပြီးနောက် Sun World Halong Park သို့ ၃၆၀ ဒီဂရီ မြင်ရပြီး ပင်လယ်အော်ကိုအပေါ်စီးမှ မြင်ရသည့် ကေဘယ်ကားစီးကာ သွားရောက်လည်ပတ်ကြပါမည်။ Zen Garden ပန်းခြံအတွင်း ပျော်ရွှင်စရာ ဓါတ်ပုံများ မှတ်တမ်းတင်ကြပါမည်။ ထို့နောက် Mystic Mountain Fun Park တွင် Samurai Slide နှင့် တခြား ပျော်စရာကောင်းသော Rides များ စီးကြပါမည်။ ထို့ပြင် Wax Museum တွင် ဖယောင်းရုပ်ထုများဖြင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပြီးနောက် 12D Cinema လည်း ကြည့်ကာ ပျော်စရာအချိန်များ ဖြတ်သန်းကြပါမည်။ ညနေစာသုံးဆောင်ပြီးနောက် ဗီယက်နမ်ရိုးရာအင်္ကျီများ ၊ အိတ်များ ဝယ်လို့ကောင်းသည့် ဟာလောင်ညဈေးသို့ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်လည် ရောက်ရှိကာ အေးချမ်းစွာ အိပ်စက် အနားယူကြပါမည်။

Day 3

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် Halong Bay တွင် နေ့တစ်ဝက်မျှ သင်္ဘောစီးကာ ကျောက်ဆောင်များနှင့် သဘာ၀ ပတ်ဝန်းကျင် အလှအပများကို ကြည့်ရှုခံစားပါမည်။ အလွန်ဆန်းကြယ်လှပသည့် Paradise Gratto နှင့် Wooden Stakes ဂူများသို့ ဝင်ရောက်လေ့လာကာ ပင်လယ်အော်အတွင်းအခြားသော ထူးဆန်းသည့် Chicken Kiss ပုံစံ ကျောက်ဆောင်နှင့် အခြားသော Islets များအား လှည့်လည်ကြည့်ရှုကြပါမည်။ နေ့လည်စာကို သင်္ဘောပေါ်တွင်လတ်ဆတ်သော ပင်လယ်စာများဖြင့် သုံးဆောင်ကြပါမည်။ ထို့နောက် Hanoi သို့ ပြန်လည်မောင်းနှင်ကာ ဟနွိုင်းမြို့လယ်ရှိ Hoang Kiem Lake နှင့် Ngoc Son Temple တို့သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ဗီယက်နမ်နိုင်ငံ၏ ရိုးရာ နှင့် သမိုင်းကြောင်းများ အခြေခံကာကပြဖျော်ဖြေသည့် တစ်ခုတည်းသော နာမည်ကျော် Water Puppet Show ကြည့်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် Night Market တွင် ပျော်ရွှင်စွာ ဈေးဝယ်ထွက်ကြပါမည်။ ဟနွိုင်းမြို့ရှိ ဟိုတယ်တွင် Check in ဝင်ကာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day 4

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် နံနက် ၇နာရီခွဲခန့်တွင် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း မြစ်နီမြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိသော မြို့ငယ်လေးဖြစ်သည့် Ninh Binh သို့ ခရီးဆက်ကြပါမည်။ ထို့နောက် Trang An တွင် စိမ်းစိုသောတောင်တန်းကြီးများကြား လှေငယ်လေးများဖြင့် သွားရောက်လည်ပတ်ကြပါမည်။ တောတောင်ရေမြေသဘာဝအလှတရားများ တည်ရှိရာ Trang An ဧရိယာသို့ သွားရောက်ကာ လှေငယ်လေးများဖြင့် စတင်လည်ပတ်ပါမည်။ Hollywood မှ ရိုက်ကူးခဲ့သည့် နာမည်ကျော် King Kong ကားရိုက်ကူးခဲ့ရာ နေရာဖြစ်သည့် Skull Island သို့ သွားရောက် လည်ပတ်ကြပါမည်။ ထို့နောက် UNESCO ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် တစ်ခုဖြစ်သည့် Bai Dinh ဗုဒ္ဓဘာသာကျောင်းတော်ကြီးသို့ သွားရောက်ကာ ဖူးမြော်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ဟနွိုင်းမြို့သို့ ပြန်လည်ထွက်ခွါလာ ကြပါမည်။ ထို့နောက် West Lake တွင် တည်ရှိသော Tran Quoc Pagoda သို့ သွားရောက်ကြပါမည်။ ထို့နောက် နာမည်ကျော် Old Quarter တွင် ပျော်ရွှင်စွာ ဈေးဝယ်ထွက်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 5

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီး လွတ်လပ်ရေးရရှိပြီဖြစ်ကြောင်း ဟိုချီမင်းကိုယ်တိုင် မိန့်ခွန်းပြောခဲ့သည့် Ba Dinh Square (ရင်ပြင်) ၊ Hochiminh Mausoleum (ဟိုချီမင်ဂူဗိမာန် ) ၊ ဟိုချီမင်းနေထိုင်ခဲ့သည့် Stilt House ၊ ၁၁ရာစုက တည်ထားခဲ့ပြီး ဒေသခံများမှ သားသမီးရရန် ဆုတောင်းပြည့်သည်ဟု ယုံကြည်ကြသည့် One Pillar Pagoda နှင့် ပထမဆုံးတက္ကသိုလ် Temple of Literature တို့ကိုသွားရောက်လည်ပတ်ကြပါမည်။ နေ့လည်စာကို အမျိုးပေါင်း ၂၀၀ကျော် ခင်းကျင်းထားသည့် ဟနွိုင်း၏ တစ်ခုတည်းသော နာမည်ကျော် Sen Tay Ho Buffet သုံးဆောင်ကြပါမည်။ ညနေပိုင်းလေယာဉ်ဖြင့် Noi Bai လေဆိပ်မှ ရန်ကုန်ရွှေမြို့တော်မြို့ ပြန်လည်ထွက်ခွါလာကြကာ ည၆နာရီ ဝန်းကျင်တွင် အေးချမ်းစွာ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

“ပျော်ရွှင်စရာ ခရီးစဉ်လေး ဖြစ်ပါစေ”
လေကြောင်းလိုင်း
:
Vietnam Airline (or) Vietjet Airline
Route လေယာဉ်အမှတ် ထွက်ခွါချိန် ဆိုက်ရောက်ချိန် ခန့်မှန်းမောင်နှင်ချိန်
ရန်ကုန် - ဟနွိုင်း VN 956 18:55 21:15 ၁နာရီ ၄၀မိနစ်
ဟနွိုင်း - ရန်ကုန် VN 957 16:25 17:55 ၁နာရီ ၄၀မိနစ်

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

Flight
Sight seeing
Transfer
Hotels
Meals
Guides
  • ရန်ကုန်-ဟနွိုင်း-ရန်ကုန် အသွားအပြန် လေယာဉ်လတ်မှတ် (၂၀ကီလို)
  • 3 Star အဆင့်ရှိ ဟိုတယ်တွင် ၃ည တည်းခိုမှု (နှစ်ဦး/သုံးဦးလျှင် တစ်ခန်း)
  • ခရီးစဉ်တစ်လျှောက် သီးသန့် အဲကွန်းကားဖြင့် လည်ပတ်မှု
  • ဖော်ပြပါ နံနက်စာ ၊ နေ့လည်စာ ၊ ညစာ
  • Amazing Planet မှ လိုက်ပါဝန်ဆောင်မှုပေးမည့် Tour Leader
  • ဒေသခံ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်
  • Water Puppet Show လတ်မှတ်
  • ခရီးစဉ်တွင် လည်ပတ်မည့်နေရာအားလုံးအတွက် ဝင်ကြေးများ
  • နေ့စဉ် ကားပေါ်တွင် ရေသန့် တစ်ဗူးစီ
  • ကားဆရာနှင့် ဧည့်လမ်းညွှန်များအတွက် မုန့်ဖိုး

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

  • ဟိုတယ် နှင့် စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲခြင်း
  • ကီလိုအပို သယ်ယူခြင်း
  • လေယာဉ်လတ်မှတ် ရက်ပြောင်း ၊ အချိန်ပြောင်းခြင်း

Road

Map