Magical Greece

Athens – Delphi – Kalambaka – Zakynthos – Santorini

ခရီးစဉ်ဈေးနှုန်း

လူကြီး(၁)ယောက်လျင်
US $ 3,200
ကလေး (2-11)နှစ်အောက်
US $
(with extra bed)

US $
(no bed)

ခရီးစဉ်ဈေးနှုန်း

လူကြီး(၁)ယောက်လျင်
US $ 3,200
ကလေး (2-11)နှစ်အောက်
US $
(with extra bed)

US $
(no bed)

Day 1

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Departure Gate တွင် Amazing Planet Travel မှ Tour Leader နှင့် နံနက် (07:00) နာရီတွင် တွေ့ဆုံပြီး Qatar Airway ဖြင့် ဂရိသို့ Doha လေဆိပ်မှ တဆင့် ပျံသန်းထွက်ခွါပါမည်။

Day 2

နံနက်စာ (၀၉း၂၀) နာရီတွင် ဒိုဟာ သို့ထွက်ခွာပြီး နံနက် (၁၂း၅၀) နာရီ တွင် ဒိုဟာ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိမည်။ Transit ဖြတ်သန်းပြီး ဒိုဟာမှ တဆင့် ပြန်လည်ထွက်ခွာပြီး ညနေ (ရး၅၅) နာရီတွင် Greece နိုင်ငံ၏မြို့တော် Athens သို့ရောက်ရှိမည်။ Local Guide မှ လာရောက်ကြိုဆိုပြီး Local Restaurant တွင်သုံးဆောင်ပြီးနောက် 4 Star အဆင့်ရှိ Hotel Golden Age (or) Similar (4 Star) Hotel သို့Check In ဝင်ပြီး အေးချမ်းစွာ အိပ်စက် အနားယူမည်။

Day 3

Hotel Buffet ဖြင့် နံနက်စာသုံးဆောင်ပြီးနောက် Athens မြို့၏ မြောက်ဘက်တွင် တည်ရှိသော Delphi သို့ သွားရောက်ပြီး၊ လွန်ခဲ့သော ၄-ရာစုလောက်ကတည်းက တည်ရှိခဲ့သော မာယန်လူမျိုးတို့ ကိုးကွယ်ကြသည့် ကမ္ဘာနာမ ည်ကြီး ဘုရားဖူးနေ ရာ Apollo သို့ သွားရောက်လည်ပတ်မည်။ ဆက်လက်၍ ရှုေြ မာ်မဆုံး တောတောင်တို့ဖြင့် လှပသော Meteora တောင်ခြေရှိ သမိုင်းဝင် မြို့တော် Kalamabaka သို့ကားဖြင့် ဆက်လက်ထက်ခွာမည်။ Kalambaka သို့ရောက်ရှိပြီး ညစာကို Local Restaurant တွင်သုံးဆောင်ပြီး Hotel သို့ပြန်၍ အေးချမ်းစွာ အိပ်စက်အနားယူမည်။

Day 4

Hotel တွင် Buffet ဖြင့်နံနက်စာသုံးဆောင်ပြီး ထို့နောက် အထင်ကရနေရာတစ်ခုဖြစ်သော သဘာဝရှုခင်းများ၏ ကြီးကျယ် ခမ်းနားမှု ၊ ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်ထား သော ထာဝရ ဘုန်းကြီးကျောင်းများ ဟု တင်စားခေါ်ဆိုရာ ကမ္ဘာရှေးဟောင်း သမိုင်းဝင် နေရာများဖြစ်သော ကျောက်တိုင်၊ သို့သွားရောက်လည်ပတ်မည်။ သမိုင်းကြောင်း အခိုင်အမာ ဖြင့်ဖြစ်တည်ခဲ့သော Meteora monasteries အချို့ကိုတက်ရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံ များရိုက်ကူးကြမည်။ အေသင်မြို့သို့ ပြန်လာကာ ဟိုတယ်တွင် Check In ဝင်ပြီး ညစာကို Hotel တွင်သုံးဆောင်ပါမည်။ ဟိုတယ် ၌အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day 5

Hotel တွင် Buffet ဖြင့် နံနက်စာသုံးဆောင်ပြီး Check Out ထွက်မည်။ Athens မြို့ရှိ Piraeus သင်္ဘောဆိပ်မှ တဆင့် ကိုးရီးယား ကားထဲမှ နာမည်ကြီး အဖြူအပြာ တိုက်ရောင်စုံဖြင့်လှပနေသော ဆန်တိုရိနီ ကျွန်း Santorini သင်္ဘောစီးရင်း လှပသော ရှုမြော်ခင်းများဖြင့် ဓါတ်ပုံရိုက်ကြရင်း ခရီးဆက်ပါမည်။ နေ့လည်ပိုင်းတွင် Santorini သို့ ရောက်ရှိပြီးနောက် နေ့လည်စာ သုံးဆောင်ပါ မည်။ နာမည်ကျော် Aegean ပင်လယ်၏ ရတနာတစ်ပါးအဖြစ် တင်စားထိုက်သော Santorini ကျွန်းဆွယ်ကြီး သည် မီးတောင် ပေါက်ကွဲရာမှ ဖြစ်ပေါ်လာပြီး အလွန်လှပသော ရှုမျှော်ခင်းများ ဖြင့် ကမ္ဘာ့လှည့် ခရီးသွားများကို ဆွဲဆောင်ထား လျှက်ရှိသည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ကျွန်း၏ မြောက်ဘက်စွန်းရှိ နာမည်ကျော်ကြား ထင်ရှားလှပ လူကြိုက်များသော Sunset View အလှဆုံးဖြစ်သော Oia Village သို့လည်းသွားရောက်ပြီး Santorini ၏ အလှပဆုံး ရှုမျှော်ခင်းများကိုကြည့်ရှုခံစားမည် 4-Star အဆင့်ရှိ Hotel တွင် Check In ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူမည်။

Day 6

Hotel တွင် Buffet ဖြင့် နံနက်စာသုံးဆောင်ပြီး Santorini ၏ မြို့တော်ဖြစ်ပြီး မီးတောင်ရှုခင်းများဖြင့် အလွန်လှပသော Firaမြို့သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် နာမည်ကျော် Nomikou Street တွင်လမ်း လျှောက်ကာ ဈေးဆိုင်လေးများ သို့သွားရောက်လည်ပတ်ပါမည်။ ဆက်လက်၍ မြို့တော် Fira အနီး ရှိ အလွန်လှပသော ရှုခင်းများ ၊ ထူးခြား လှပသော Black Beach တို့ကို လည်း သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ပါမည်။ ထို့နောက် ပန်ချီကားသဖွယ် အလွနိဆွဲဆောင်မှုရှိပြီး တစ်မူထူးခြားသော ဗိသုကာလက်ရာများနှင့် လှပသော Megalochori ရွာလေးသို့သွားရောက်လေ့လာပြီးနောက် ထင်ရှားသည့် ရဲတိုက်ရှိသည့် Pyrgos ရွာလေး နှင့် Agean Sea နှင့် Santorini မြို့အလှအပတစ်ခုလုံးကို အပေါ်စီးမှကြည့်ရှုခံစားနိုင်သော ကျွန်း၏အမြင့်ဆုံးနေရာတွင်တည်ဆောက်ထားသော ဘုန်းတော်ကြီးကျောင်းရှိသော Profitis Llias ရွာသို့ ဆက်လက်ခရီးဆက်ပါမည်။ Santo Wine သို့သွားရောက် ပြီးဝိုင်းများကို မြည်းစမ်း လေ့လာဝယ်ယူမည်။ ညစာကို Local Restaurant တွင်သုံးဆောင်ပြီး Hotel သို့ပြန်၍ အေးချမ်းစွာ အိပ်စက်အနားယူမည်။

Day 7

Hotel တွင် Buffet ဖြင့်နံနက်စာ သုံးဆောင်ပြီး ဆိပ်ကမ်းသို့ကူးပြောင်းကာ Santorini Athens သို သင်္ဘောဖြင့် ထွက်ခွာမည်။ Athens သို့ရောက်ရှိပြီး နေ့လည်ပိုင်းတွင်ရောက်ရှိပြီး ဟိုတယ်တွင် Check in ဝင်ပါမည်။ ဆက်လက်၍ Athens ရှေးဟောင်း သမိုင်းဝင် နေရာဖြစ်သော Thisio သို့သွားရောက်လည်ပတ်ပြီး Adrianou Street တစ်လျှောက် လမ်းလျှောက်ကာ ရှေးဟောင်း ဂရိ နှင့် ရောမ ဈေး နှင့် အတူ Hephaestus နှင့် The Acropolis ဘုရားကျောင်း များကိုတွေ့မြင်နိုင်ပါမည်။ ဂရိသမိုင်းတွင်ထင်ရှားကျော်ကြားပြီး ဗိသုကာ လက်ရာမြောက်လှသော Acropolis သို့ သွားရောက်လည်ပတ်ကာ ရှေးဟောင်းကျောင်းဆောင်အကြွင်းအကျန်များ၊ သမိုင်းဝင်ထူး ခြားသော လက်ရာများကို ကြည့်ရှုလေ့လာမည်။ ထို့နောက် နှုတ်ဆက်ညစာသုံးဆောင်ပြီး ဟိုတယ်သို့ပြန်ကာ အေးအေးချမ်းချမ်း အိပ်စက်အနားယူပါမည်။

Day 8

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် the Acropolis ရှိ နာမည်ကျော် ဂိတ်ဟောင်းဖြစ်သော the Propylae ၊ The temple of Athena Nike ၊ the Parthenon Temple နှင့် the Erechtheion အစရှိသော ရှေးဟောင်းအဆောက်အဦး အကြွင်းကျန်များ သို့သွား ရောက်လ ည်ပတ်ကာ အမှတ်တရဓာတ်ပုံများရိုက်ကြပါမည်။ ဆက်လက်၍ အထိမ်းအမှတ်အဆောက်အအုံများနှင့် အထင်ကရ နေရာများဖြစ်သော Panathinaikon အာကစားကွင်း၊ the Zappeion အမျိုးသားဥယျာဉ်၊ Olympian Zeus Temple၊ Hadrian’s Arch၊ Syntagma square၊ ပါလီမန်အဆောက်အအုံများအစရှိသောနေရာများကို သွားရောက်လည်ပတ်ပါမည်။ ထို့နောက် အေသင်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ကူးပြောင်းကာ Transit ဖြတ်သန်းပြီး ဒိုဟာမှတစ်ဆင့် ဆက်လက်ထွက်ခွာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ 17 April မနက် (၀၆း၁၅) နာရီတွင် စိတ်အေးချမ်းသာစွာဖြင့် ပြန်လည်ရောက်ရှိမည်။

Price may change base on availability!

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

Flight
Sight seeing
Transfer
Hotels
Meals
Guides
  • လေယဉ်လက်မှတ်အသွား-အပြန်
  • ကြယ်လေးပွင့်အဆင့်ရှိဟိုတယ်(နှစ်ယောက်တစ်ခန်းနှုန်း)
  • ခရီးစဉ်တွင်ဖော်ပြပါ ဝင်ကြေးများအားလုံး
  • ခရီးစဉ်တစ်လျှောက် Air-Con Bus အကြို အပို့
  • ခရီးစဉ်တွင်ဖော်ပြပါ နံနက်စာ၊ နေ့လည်စာ၊ ညစာ
  • Amazing Planet Travel Services မှ အဖွဲ့ခေါင်းဆောင်
  • နေ့စဉ်အတွက် သောက်ရေသန့်
  • Driver & Guide Tipping

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

  • ဟိုတယ်တွင်အပိုသုံးစွဲသော ရေသန့်၊အအေးနှင့် အဖျော် ယမကာ
  • စားသောက်ဆိုင်တွင်အပိုမှာယူသုံးစွဲသော အအေး နှင့်အဖျော်ယမကာ။
  • Early Check In & Late Check Out
  • ခရီးစဉ်တွင်မပါဝင်သောနေရာများအား သွားရောက်လည်ပတ်ခြင်း
  • လေယဉ်တွင်ကီလိုအပိုသယ်ဆောင်ခ

မှတ်ချက်

  • ခရီးစဉ်တွင် လိုက်ပါရန် အမည်စာရင်းသွင်းပါက USD 1,500 စီ စရံအဖြစ် ပေးသွင်းရန်
  • ကျန်ရှိသော ငွေအား ဗီဇာရရှိပြီး၊ ၃-ရက်အတွင်း ပေးချေရပါမည်
  • ဗီဇာလျောက်ရန်အတွက် ဖော်ပြပါ လိုအပ်သော စာရွက်စာတမ်းများ ပေးရပါမည်
  • ဗီဇာ ရရှိပြီး၊ ခရီးစဉ်မလိုက်ဖြစ်ပါက စရံငွေပြန်အမ်းမည် မဟုတ်ပါ
  • ခရီးစဉ်လိုက်ပါရန်အတွက် ဇန်နဝါရီလအတွင်း စာရင်းပေးပြီး လိုအပ်သော ဗီဇာ လျောက်ထားရန် စာရွက်စာတမ်း ပေးသောသူများ အကယ်၍ ဗီဇာမရရှိပါက US $ 30 သာလျင် ပေးရပါမည်။
  • စာရွက်အထောက်အထား ပြည့်စုံလျင် ၉၉% ရရန် အာမခံပါသည်။ (သို့ပါသော်လည်း ဗီဇာပေး မပေးမှာ သံရုံး၏ အဆုံးအဖြတ် သာ ဖြစ်ပါသည်။)

ဗီဇာ လျောက်ထားရန်အတွက် လိုအပ်သော စာရွက်စာတမ်းများ

  • Passport မူရင်း (အနည်းဆုံး ၆-လ သက်တမ်းရှိရပါမည်) နှင့် မိတ္တူ
  • (၆)လ အတွင်း ရိုက်ထားသော အဖြူရောင်နောက်ခံ (၂)လက်ပတ်လည် ဓါတ်ပုံ (၂)ပုံ
  • မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မိတ္တူနှင့် Notary
  • လုပ်ငန်းလိုင်စင်နှင့် ထုတ်ကုန်သွင်းကုန် လိုင်စင် မိတ္တူနှင့် Notary
  • သက်တမ်းအနည်းဆုံး (၆)လရှိ ဘဏ်စာအုပ် မိတ္တူ (Transition) ရှိရပါမည်
  • ဇနီးမောင်နှံများ အိမ်ထောင်စုစာရင်း မတူပါက လက်ထပ်စာချုပ် မိတ္တူနှင့် Notary
  • ပိုင်ဆိုင်မှု အဖြစ် ကုမ္ပဏီလုပ်ငန်းလိုင်စင်၊ ထုတ်ကုန်သွင်းကုန်လိုင်စင် (ရှိပါက)
  • ပုံစံ (၆)၊ (၂၆)
  • အိမ်စာချုပ်၊ မြေဂရံ စသည့်ပိုင်ဆိုင်မှုများကို Notary ပြန်ပြီး၊ တင်ပေးရပါမည်

Road

Map