ဂျပန် နိုင်ငံ Alpine Route ခရီးစဉ် တိုကျို

( ၇ညအိပ် ၈ရက် )

Transportation

CAR

FLIGHT

Travel Peroid

All Year Around

Transportation

CAR

FLIGHT

Travel Peroid

All Year Around

Day 1

Yangon International Airport သို့ ညနေ ၈-နာရီအရောက် လာရောက်ပြီး၊ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ဂျပန်လေကြောာင်းလိုင်း ဖြင့် တိုက်ရိုက်ပျံ သန်းပါမည်။ လေယာဉ်ပေါ်တွင် အိပ်စက်အနားယူမည်။

Day 2

နံနက်စောစော Narita International Airport သို့ရောက်လျှင် ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးစွာ လာရောက် ကြိုဆိုနေပါမည်။ ထို့နောက် Asakusa ရှိ ရှေးဟောင်းဗုဒ္ဓဘုရားကျောင်း၊ Nakamise Shopping Street တို့ကို သွားရောက်လည်ပတ်ပါမည်။ ထို့နောက် တိုကျို Sky Tree နှင့ ် ဓါတ်ပုံရိုက်ကြပြီး အချိန်ရပါက ကီမိုနိုရောင်းသော Nippori သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် America ရှိ Time Square ကဲ့သို့ စည်ကားသော Ginza ဧရိယာသို့ သွားရောက် လည်ပတ်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်စွာ အိပ်စက် အနားယူပါမည်။

Day 3

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဂျပန်အင်ပါယာ၏ အစောဆုံး ဘုရင့်နန်းတော်ဖြစ်သော Imperial Palace သို့ သွားရောက်ကာ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ထို့နောက် Disney Land သို့ ဆက်လက် ထွက်ခွါပြီး၊ ပျော်ရွှင်စွာ ကစားရင်း ဓါတ်ပုံရိုက်ကြမည်။ ညစာ သုံးဆောင်ပြီးနောက် ကြယ်လေးပွင့် အဆင့်ရှိ ဟိုတယ်တွင် အေးချမ်း စွာ အိပ်စက်အနားယူပါမည်။

Day 4

ဟိုတယ်တွင် နံနက်စာ ဘူဖေးသုံးဆောင်ပြီး၊ ထို့နောက် ဖူဂျီတောင် ရှိရာသို့ ခရီးဆက်ပါမည်။ ဖူဂျီတောင်ထိပ်သို့ (Level 5th) တက်ကြမည်။ အဝေးမှ လှမ်း၍မြင်နိုင်သော ပျော်ရွှင်ကြည်နှုးဖွယ် ရှုခင်းတို့ဖြင့် လှလှပပဝံ့ကြွားစွာ နေရောင်ခြည် အောက်တွင် စိန်တုံးကဲ့သို့ လှပနေသော ဖူဂျီတောင်သို့ ပျော်ရွှင်စွာ တက်ပြီး ဓါတ်ပုံရိုက် မှတ်တမ်းတင်ကြမည်။ နေ့လည်စာ Buffet သုံးဆောင်ကာ ဆက်လက်ပြီး၊ Fuji တောင်အနီးရှိ Gotemba မြို့လေးတွင် ရှိသော Gotemba Premium Outlet Mall တွင် ဈေးဝယ်ထွက်ကြပါမည်။ မတ်ဆုမိုတိုမြို့ရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

Day 5

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဂျပန်နိုင်ငံ၏ ခေါင်မိုးပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ တင်စားကြသည့် Alpine Route ကို သွားရောက်ကြပါမည်။ နှင်းတောင်ကြီး ဆီသို့ အဆင့်ဆင့်သွားရောက်ကာ ထူထပ်လှသော နှင်းနံရံကြီးနှစ်ခု ကြား အိပ်မက်ဆန်ဆန် လျှောက်လှမ်းကာ တစ်သက်မမေ့ဖွယ် အမှတ်တရများ ဖန်တီးရင်း မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ညစာ သုံးဆောင်ပြီးနောက် ကန်နာဇဝမြို့ရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူကြပါမည်။

Day 6

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ကန်နာဇဝမြို့၏ နာမည်ကျော် Kanazawa castle သို့ သွားရောက် လည်ပတ် ကြပါမည်။ ထို့နောက် နတ်ပြည်က ဥယာဉ်အလား သာယာလှပသည့် Kenrokuen Garden ကို လည်ပတ်ကြပါမည်။ ထို့နောက် ရှေးဟောင်းဂျပန်လူမျိုးတို့၏ အငွေ့အသက်များ ခံစားရမည်ဖြစ်သော မြို့တော်ဟောင်း Higashichaya District သို့ သွားရောက် လည်ပတ်ကြပါမည်။ ထို့နောက် နာဂိုရာမြို့သို့ ဆက်လက်မောင်းနှင်ပါမည်။ ညစာ သုံးဆောင်ပြီးနောက် နာဂိုရာ မြို့ရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

Day 7

Hotel တွင် နံနက်စာသုံးဆောင်ပြီးနောက် နာဂိုရာမှ ကျိုတိုမြို့သို့ ခရီးဆက်ကြပါမည်။ ထို့နောက် ကမ္ဘာ့ယူနက်စကို အသိအမှတ်ပြု ဂျပန်လူမျိုးတို့၏ တန်ဖိုးထားဂုဏ်ပြုအပ်သော Kiyomizu Temple နှင့် Fushimi Inari Shrine, အချိန်ရလျှင် အလွန်လှပ စိမ်းစိုသော ဝါးရုံပင်လေးများကြားတွင် အမှတ်တရဓာတ်ပုံများရိုက်နိုင်သော Arashiyama bamboo forest တို့ကို သွားရောက်လည်ပတ်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူကြပါမည်။

Day 8

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် အိုဆာကာ Kansai International Airport သို့ ပို့ဆောင် ကူးပြောင်းကာ မိမိနေထိုင်ရာ အမိနိုင်ငံသို့ တိုကျိုမြို့ Narita airport မှ တဆင့် အေးချမ်းစွာပြန်လည်ထွက်ခွာပါမည်။ ရန်ကုန်မြို့သို့ ညနေ(၄:၃၀)နာရီခန့်တွင် ပြန်လည်ရောက် ရှိလာပါမည်။

မှတ်ချက်။ ***အထက်ပါခရီးစဉ်သည် ရာသီဥတုနှင့် လေယာဉ်အချိန်လိုက်ပြီး အပြောင်းအလဲ ရှိနိုင်ပါသည်။***
Reference Flight schedule
လေယာဉ်အမှတ် မှ သို့ ထွက်ခွါမည့်အချိန် ဆိုက်ရောက်မည့်အချိန်
NH 814 RGN NRT 22:10 06:45
NH2176 ITM NRT 07:50 09:05
NH 813 NRT RGN 11:00 16:30

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

Flight
Sight seeing
Transfer
Hotels
Meals
Guides
  • ရန်ကုန် - ဂျပန် - ရန်ကုန် အသွားအပြန် လေယာဉ်လတ်မှတ် (ကီလို ၃၀ပါပြီး)
  • 4 star အဆင့်ရှိ ဟိုတယ်ကြီးများတွင် တည်းခိုခွင့် (ဧည့်သည် နှစ်ဦးလျှင် တစ်ခန်း)
  • ခရီးစဉ် တစ်လျှောက် သီးသန့် Air-con ကားဖြင့် လည်ပတ်ခြင်း
  • ခရီးစဉ်တွင် ဖော်ပြထားသည့် အတိုင်း နံနက်စာ ၊ နေ့လည်စာ ၊ ညစာ
  • ဒေသခံ အင်္ဂလိပ် စကားပြော ဧည့်လမ်းညွှန်
  • ခရီးစဉ်တွင် ပါဝင်သော လည်ပတ်မည့် နေရာအားလုံးအတွက် ဝင်ကြေးများ
  • Amazing Planet မှ အဖွဲ့ခေါင်းဆောင် Tour Leader
  • Driver နှင့် Spare များအတွက် Tip Money များ

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

  • ကိုယ်ပိုင်အသုံးစရိတ်များ
  • Travel Insurance

Road

Map