Hanoi – Sun World Park – Halong Bay

Transportation

CAR
BOAT

FLIGHT

Travel Peroid

All Year Around

Transportation

CAR
BOAT

FLIGHT

Travel Peroid

All Year Around

Day 1

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧည့်သည်တော်များအနေဖြင့် ညနေ ၄နာရီ အရောက်လာရမည်ဖြစ်ပြီး Amazing Planet မှ လိုက်ပါဝန်ဆောင်မှုပေးမည့် Tour Leader နှင့် တွေ့ဆုံကာ ဗီယက်နမ်နိုင်ငံ ဟန်နွိုင်းမြို့သို့ Vietnam Airline ဖြင့် စတင်ထွက်ခွာပါမည်။ ဟန်နွိုင်းမြို့ရှိ Noi Bai အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ည ၉နာရီဝန်းကျင်တွင် ရောက်ရှိကာ ဒေသခံဧည့်လမ်းညွှန် မှလာရောက်ကြိုဆိုပြီး တည်းခိုမည့် ဟိုတယ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပါသည်။

Day 2

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် UNESCO အသိအမှတ်ပြု ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် တစ်ခုဖြစ်သည့် ကျွန်းပေါင်း ၂၀၀၀ နီးပါးရှိသည့် ဟာလောင် ပင်လယ်အော်သို့ စတင် ထွက်ခွါကြပါမည်။ ခန့်မှန်းမောင်နှင်ချိန်မှာ ၃နာရီခန့် ဖြစ်ပါသည်။ ဟာလောင်မြို့တွင် နေ့လည်စာသုံးဆောင်ပြီးနောက် Hotel check-in ဝင်ကြပါမည်။ ထို့နောက် Sun World Halong Park သို့ ၃၆၀ ဒီဂရီ မြင်ရပြီး ပင်လယ်အော်ကိုအပေါ်စီးမှ မြင်ရသည့် နှစ်ထပ်ကေဘယ်ကား ကြီးစီးကာ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် Sun Wheel စီးကာ သဘာဝအလှတရားများကို မျက်ဝါးထင်ထင်ခံစားကြပါမည်။ ဆက်လက်ပြီး ပန်းခြံအတွင်း Zen Garden သို့ လည်ပတ်ပြီး Mystic Mountain Fun Park ထဲတွင် ပျော်စရာကောင်းသည့် Samurai Slide စီးကြပါမည်။ ထို့ပြင် ဖယောင်းရုပ်ထုပြတိုက်တွင် ပျော်စရာဓာတ်ပုံများ ရိုက်ကူးကြပါမည်။ 12D Cinema လည်း ကြည့်ရင်း ပျော်စရာအချိန်များ ကုန်ဆုံးကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဗီယက်နမ်ရိုးရာအင်္ကျီများ ၊ အိတ်များ ဝယ်လို့ကောင်းသည့် ဟာလောင်ညဈေးသို့ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်လည် ရောက်ရှိကာ အေးချမ်းစွာ အိပ်စက် အနားယူကြပါမည်။

Day 3

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် Halong Bay တွင် နေ့တစ်ဝက်မျှ သင်္ဘောစီးကာ သဘာဝကြီးမှ ဖန်ဆင်းထားသည့် ကျွန်းပေါင်းများစွာဖြင့် ပင်လယ်အော်ကြီး၏ အလှတရားများကို ကြည့်ရှုခံစားကြပါမည်။ ထို့နောက် အလွန်ဆန်းကြယ်လှပသည့် ဂူဖြစ်သည့် Thein Cung Grotto ကို ဝင်ရောက်လေ့လာပြီးနောက် Dau Go Cave ၊ Dinh Houng နှင့် Ga Choi Islet များသို့ သဘာၤဖြင့် လှည့်လည်ကြည့်ရှုကြပါမည်။ နေ့လည်စာကို သင်္ဘောပေါ်တွင်လတ်ဆက်သော ပင်လယ်စာများဖြင့် သုံးဆောင်ကြ ပါမည်။ ထို့နောက် Hanoi သို့ပြန်လည်မောင်းနှင်ကာ ဟနွိုင်းမြို့လည်၏ Oasis ဟု တင်စားခေါ်ကြသော Hoang Kiem Lake နှင့် နာမည်ကျော် Old Quarter ဧရိယာတွင် Shopping လုပ်ကြပါမည်။ ထို့နောက် ဗီယက်နမ်နိုင်ငံ၏ ရိုးရာ နှင့် သမိုင်းကြောင်းများ အခြေခံကာ ကပြဖျော်ဖြေသည့် ထူးခြားပြီး ရသတစ်ခုပေးစွမ်းနိုင်သည့် Water Puppet Show ကြည့်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟနွိုင်းမြို့ရှိ ဟိုတယ်တွင် Check in ဝင်ကာ အေးချမ်းစွာ အိပ်စက်အနား ယူ ပါမည်။

Day 4

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီး လွတ်လပ်ရေးရရှိပြီဖြစ်ကြောင်း ဟိုချီမင်းကိုယ်တိုင် မိန့်ခွန်းပြောခဲ့သည့် Ba Dinh Square (ရင်ပြင်) ၊ Hochiminh Mausoleum (ဟိုချီမင်ဂူဗိမာန် ) ၊ ၁၁ရာစုက တည်ထားခဲ့ပြီး ဒေသခံများမှ သားသမီးရရန် ဆုတောင်းပြည့်သည်ဟု ယုံကြည်ကြသည့် One Pillar Pagoda နှင့် ပထမဆုံးတက္ကသိုလ် Temple of Literature တို့ကိုသွားရောက်လည်ပတ်ကြပါမည်။ နေ့လည်စာကို အမျိုးပေါင်း ၂၀၀ကျော် ခင်းကျင်းထားသည့် ဟနွိုင်း၏ တစ်ခုတည်းသော နာမည်ကျော် Sen Tay Ho Buffet သုံးဆောင်ကြပါမည်။ ညနေပိုင်းလေယာဉ်ဖြင့် Noi Bai လေဆိပ်မှ ရန်ကုန်ရွှေမြို့တော်မြို့ ပြန်လည်ထွက်ခွါလာကြကာ ည၆နာရီ ဝန်းကျင်တွင် အေးချမ်းစွာ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

“ ပျော်ရွှင်စရာ ခရီးစဉ်လေး ဖြစ်ပါစေ ”
လေကြောင်းလိုင်း
:
Vietnam Airline
Route လေယာဉ်အမှတ် ထွက်ခွါချိန် ဆိုက်ရောက်ချိန် ခန့်မှန်းမောင်နှင်ချိန်
ရန်ကုန် - ဟနွိုင်း VN 956 18:55 21:15 ၁နာရီ ၄၀မိနစ်
ဟနွိုင်း - ရန်ကုန် VN 957 16:25 17:55 ၁နာရီ ၄၀မိနစ်

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

Flight
Sight seeing
Transfer
Hotels
Meals
Guides
  • ရန်ကုန်-ဟနွိုင်း-ရန်ကုန် အသွားအပြန် လေယာဉ်လတ်မှတ် (၂၀ကီလို)
  • 3.5 Star အဆင့်ရှိ ဟိုတယ်တွင် ၄ည တည်းခိုမှု (နှစ်ဦးလျှင် တစ်ခန်း)
  • ခရီးစဉ်တစ်လျှောက် သီးသန့် အဲကွန်းကားဖြင့် လည်ပတ်မှု
  • ဖော်ပြပါ နံနက်စာ ၊ နေ့လည်စာ ၊ ညစာ
  • Amazing Planet မှ လိုက်ပါဝန်ဆောင်မှုပေးမည့် Tour Leader
  • ဒေသခံ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်
  • ခရီးစဉ်တွင် လည်ပတ်မည့်နေရာအားလုံးအတွက် ဝင်ကြေးများ
  • နေ့စဉ် ကားပေါ်တွင် ရေသန့် တစ်ဗူးစီ
  • ကားဆရာနှင့် ဧည့်လမ်းညွှန်များအတွက် မုန့်ဖိုး

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

  • ဟိုတယ် နှင့် စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲခြင်း
  • ကီလိုအပို သယ်ယူခြင်း
  • လေယာဉ်လတ်မှတ် ရက်ပြောင်း ၊ အချိန်ပြောင်းခြင်း

Road

Map