ဗီယက်နမ်နိုင်ငံ

ဟနွိုင်း - ဟာလောင် - နင့်ဘင်း

( ၃ညအိပ် ၄ရက် ခရီးစဉ် )

Transportation

CAR
BOAT

FLIGHT

Travel Peroid

All Year Around

Transportation

CAR
BOAT

FLIGHT

Travel Peroid

All Year Around

Day 1

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧည့်သည်တော်များအနေဖြင့် ညနေ ၄နာရီ အရောက်လာရမည်ဖြစ်ပြီး Amazing Planet မှ လိုက်ပါဝန်ဆောင်မှုပေးမည့် Tour Leader နှင့် တွေ့ဆုံကာ ဗီယက်နမ်နိုင်ငံ ဟန်နွိုင်းမြို့သို့ Vietnam Airline ဖြင့် စတင်ထွက်ခွာပါမည်။ ဟန်နွိုင်းမြို့ရှိ Noi Bai အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ည ၉နာရီဝန်းကျင်တွင် ရောက်ရှိကာ ဒေသခံဧည့်လမ်းညွှန် မှလာရောက်ကြိုဆိုပြီး တည်းခိုမည့် ဟိုတယ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပါသည်။

Day 2

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် နံနက် ၇နာရီခွဲခန့်တွင် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း မြစ်နီမြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိသော မြို့ငယ်လေးဖြစ်သည့် Ninh Binh သို့ ခရီးဆက်ကြပါမည်။ ထို့နောက် Trang An တွင် စိမ်းစိုသောတောင်တန်းကြီးများကြား လှေငယ်လေးများဖြင့် သွားရောက်လည်ပတ်ကြပါမည်။ တောတောင်ရေမြေသဘာဝအလှတရားများ တည်ရှိရာ Trang An ဧရိယာသို့ သွားရောက်ကာ လှေငယ်လေးများဖြင့် စတင်လည်ပတ်ပါမည်။ Hollywood မှ ရိုက်ကူးခဲ့သည့် နာမည်ကျော် King Kong ကားရိုက်ကူးခဲ့ရာ နေရာဖြစ်သည့် Skull Island သို့ သွားရောက် လည်ပတ်ကြပါမည်။ ထို့နောက် UNESCO ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် တစ်ခုဖြစ်သည့် Bai Dinh ဗုဒ္ဓဘာသာ

ကျောင်းတော်ကြီးသို့ သွားရောက်ကာ ဖူးမြော်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ဟာလောင်မြို့သို့ ခရီးဆက်ကြပါမည်။ ညနေ ၆နာရီခွဲ ဝန်းကျင်တွင် ဟာလောင်မြို့သို့ ရောက်ရှိကာ ညစာသုံးဆောင်ကြပြီးနောက် ဟာလောင်ညဈေးလည်ကြပါမည်။ Hotel check-in ဝင်ကာ ဟာလောင်မြို့ရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 3

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် Halong Bay တွင် နေ့တစ်ဝက်မျှ သင်္ဘောစီးကာ သဘာဝကြီးမှ ဖန်ဆင်းထားသည့် ကျွန်းပေါင်းများစွာဖြင့် ပင်လယ်အော်ကြီး၏ အလှတရားများကို ကြည့်ရှုခံစားကြပါမည်။ ထို့နောက် အလွန်ဆန်းကြယ်လှပသည့် ဂူဖြစ်သည့် Thein Cung Grotto ကို ဝင်ရောက်လေ့လာပြီးနောက် Dau Go Cave ၊ Dinh Houng နှင့် Ga Choi Islet များသို့ သဘာၤဖြင့် လှည့်လည်ကြည့်ရှုကြပါမည်။ နေ့လည်စာကို သင်္ဘောပေါ်တွင်လတ်ဆက်သော ပင်လယ်စာများဖြင့် သုံးဆောင်ကြ ပါမည်။ ထို့နောက် Hanoi သို့ပြန်လည်မောင်းနှင်ကာ ဟနွိုင်းမြို့လည်၏ Oasis ဟု တင်စားခေါ်ကြသော Hoang Kiem Lake နှင့် နာမည်ကျော် Old Quarter ဧရိယာတွင် Shopping လုပ်ကြပါမည်။ ထို့နောက် ဗီယက်နမ်နိုင်ငံ၏ ရိုးရာ နှင့် သမိုင်းကြောင်းများ အခြေခံကာ ကပြဖျော်ဖြေသည့် ထူးခြားပြီး ရသတစ်ခုပေးစွမ်းနိုင်သည့် Water Puppet Show ကြည့်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟနွိုင်းမြို့ရှိ ဟိုတယ်တွင် Check in ဝင်ကာ အေးချမ်းစွာ အိပ်စက်အနား ယူ ပါမည်။

Day 4

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီး လွတ်လပ်ရေးရရှိပြီဖြစ်ကြောင်း ဟိုချီမင်းကိုယ်တိုင် မိန့်ခွန်းပြောခဲ့သည့် Ba Dinh Square (ရင်ပြင်) ၊ Hochiminh Mausoleum (ဟိုချီမင်ဂူဗိမာန် ) ၊ ၁၁ရာစုက တည်ထားခဲ့ပြီး ဒေသခံများမှ သားသမီးရရန် ဆုတောင်းပြည့်သည်ဟု ယုံကြည်ကြသည့် One Pillar Pagoda နှင့် ပထမဆုံးတက္ကသိုလ် Temple of Literature တို့ကိုသွားရောက်လည်ပတ်ကြပါမည်။ နေ့လည်စာကို အမျိုးပေါင်း ၂၀၀ကျော် ခင်းကျင်းထားသည့် ဟနွိုင်း၏ တစ်ခုတည်းသော နာမည်ကျော် Sen Tay Ho Buffet သုံးဆောင်ကြပါမည်။ ညနေပိုင်းလေယာဉ်ဖြင့် Noi Bai လေဆိပ်မှ ရန်ကုန်ရွှေမြို့တော်မြို့ ပြန်လည်ထွက်ခွါလာကြကာ ည၆နာရီ ဝန်းကျင်တွင် အေးချမ်းစွာ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

“ ပျော်ရွှင်စရာ ခရီးစဉ်လေး ဖြစ်ပါစေ ”
လေကြောင်းလိုင်း
:
Vietnam Airline (or) Vietjet Airline
Route လေယာဉ်အမှတ် ထွက်ခွါချိန် ဆိုက်ရောက်ချိန် ခန့်မှန်းမောင်နှင်ချိန်
ရန်ကုန် - ဟနွိုင်း VN 956 18:55 21:15 ၁နာရီ ၄၀မိနစ်
ဟနွိုင်း - ရန်ကုန် VN 957 16:25 17:55 ၁နာရီ ၄၀မိနစ်

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

Flight
Sight seeing
Transfer
Hotels
Meals
Guides
  • ရန်ကုန်-ဟနွိုင်း-ရန်ကုန် အသွားအပြန် လေယာဉ်လတ်မှတ် (၂၀ကီလို)
  • 3 Star အဆင့်ရှိ ဟိုတယ်တွင် ၃ည တည်းခိုမှု (နှစ်ဦး/သုံးဦးလျှင် တစ်ခန်း)
  • ခရီးစဉ်တစ်လျှောက် သီးသန့် အဲကွန်းကားဖြင့် လည်ပတ်မှု
  • ဖော်ပြပါ နံနက်စာ ၊ နေ့လည်စာ ၊ ညစာ
  • Amazing Planet မှ လိုက်ပါဝန်ဆောင်မှုပေးမည့် Tour Leader
  • ဒေသခံ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်
  • ခရီးစဉ်တွင် လည်ပတ်မည့်နေရာအားလုံးအတွက် ဝင်ကြေးများ
  • နေ့စဉ် ကားပေါ်တွင် ရေသန့် တစ်ဗူးစီ
  • ကားဆရာနှင့် ဧည့်လမ်းညွှန်များအတွက် မုန့်ဖိုး

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

  • ဟိုတယ် နှင့် စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲခြင်း
  • ကီလိုအပို သယ်ယူခြင်း
  • လေယာဉ်လတ်မှတ် ရက်ပြောင်း ၊ အချိန်ပြောင်းခြင်း

Road

Map