“The Great Britain”

England ~ Scotland ~ Wale

ခရီးစဉ်ဈေးနှုန်း

လူကြီး(၁)ယောက်လျင်
US $ 4,150
ကလေးတစ်ဦးလျင်
(2-10) years old
US $ (Child with bed)
US $ (လူကြီး ၂-ယောက်နှင့်အတူ)

ခရီးစဉ်ဈေးနှုန်း

လူကြီး(၁)ယောက်လျင်
US $ 4,150
ကလေးတစ်ဦးလျင်
(2-10) years old
US $ (Child with bed)
US $ (လူကြီး ၂-ယောက်နှင့်အတူ)

Day 1

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်မြန်မာTour Leaderနှင့်တွေ့ဆုံပြီးရန်ကုန်မှလန်ဒန်မြို့သို့စတင်ထွက်ခွာပါမည်။

Day 2

နေ့လည် ၃-နာရီခန့်တွင် ဧဒင်ဘတ်လေဆိပ်သို့ရောက်ရှိပြီး ဧည့်လမ်းညွှန်မှ နွေးထွေးစွာကြိုဆိုနှုတ်ဆက်ပါမည် ။ ထို့နောက် ဧဒင်ဘတ်မြို့အတွင်း သွားရောက်လည်ပတ်ကြည့်ရှုကြပြီး နောက်လွန်ခဲ့သော နှစ်သန်းပေါင်း ၃၅၀-ကတည်းက တည်ရှိနေသော Castle Rock ပေါ်တွင်တည်ရှိသည့်သမိုင်းဝင်ခံတပ်ကြီး Edinburgh Castle သို့သွားရောက်လေ့လာကြပါမည်။ ထို့နောက် ညနေတွင် Edinburgh ရှိ Luxury Brand များ ရောင်းချရာ ဈေးတန်းသို့ လမ်းလျှောက်ထွက်ပါမည်။ ညနေစာသုံးဆောင်ပြီး နောက်တနေ့ လန်းဆန်းတက်ကြွစွာ လည်ပတ်နိုင်ရန် ညနေစာ သုံးဆောင်ကာ ဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။

Hotel: Holiday Inn Edinburgh or similar x 2 nights

Day 3

မနက်စောစောဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် Amazing Planet မှ ကြိုတင် စီစဉ်ထားသည့်အတိုင်း Edinburghမြို့သားတို့၏ အထွတ်အမြတ်ထားကိုးကွယ်ရာ St. Giles Cathedral နှင့် ယူနက်စကို ကမ္ဘာ့အမွေအနှစ် အဖြစ် သတ်မှတ်ထားသည့်အပြင် City view ကြည့်ရန်အကောင်းဆုံး နေရာဖြစ်သည့် Calton Hill သို့ဆက်၍သွားပါမည်။ ထို့နောက်ဗြိတိသျှဧကရာဇ်ဖြစ်သည့်Queen Elizabeth II နေထိုင်ရာ Palace of Holyroodhouse သို့ ဝင်ရောက် လေ့လာကြမည်။ St. Andrew Square သို့ ခရီးဆက်ကြမည်။ဤ St. Andrew Square တွင်ရှိသော ကမ္ဘာ့အမွေအနှစ်တစ်ဖြစ်လဲမြို့၏ ပြယုဒ်တစ်ခုဖြစ်သော Melville Monument သို့ ဝင်ရောက်လေ့လာကြဦးမည်။ ထို့နောက် စကော့တလန်လူမျိုးစာရေးဆရာ Sir Walter Scott ၏ အောက်မေ့ဖွယ် အထိမ်းအမှတ်အဆောက်အအုံဖြစ်သည့် ဗိသုကာလက်ရာမြောက် Scott Monument သို့ သွားရောက် လေ့လာကြပြီးလျှင် Royal Mile Old Town တွင် ပျော်ရွှင်စွာ လမ်းလျောက်ကြရင်း ဈေးဝယ်ကြပါမည်။ ညစာကိ သုံးဆောင်ပြီး ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day 4

ယနေ့တွင် Manchesterမြို့ သို့ ထွက်ခွာပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် မန်ချက်စတာမြို့လည်ခေါင်တွင်ရှိသော Manchester Cathedral, Albert Square, Manchester Town Hall သို့ သွားကာ ဗိသုကာလက်ရာ များကိုသွားရောက်လည်ပတ်ကြည့်ရှူပြီးလျှင် ဥရောပတွင်တတိယအကြီးဆုံးဖြစ်သော Chinatown သို့ လည်ပတ်ကြပါမည်။ ထို့နောက် Castle Field, ကမ္ဘာကျော်ဘောလုံးအသင်း Manchester United Football Club မန်ချက်စတာ ဘောလုံးကွင်းသို့ သွားရောက်ကာ အမှတ်တရဓာတ်ပုံရိုက်ကြပါမည်။ Liverpool မြို့သို့ 60km ခရီးဆက်ပါမည်။ ဟိုတယ်သို့ပြန်ကာ နောက်တစ်နေ့လန်းဆန်းစွာ လည်ပတ်နိုင်ရန်အတွက် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day 5

ဟိုတယ်တွင်မနက်စာစားပြီးနောက် Liverpool မြို့အတွင်း Liverpool Cathedral, Albert Dock တို့သို့ သွားရောက်လည်ပတ်ပါ မည်။ နေ့လည်စာ သုံးဆောင်ပြီး ဝေလပြည် Cardiff မြို့ သို့ ၃နာရီခန့်ကြာ ခရီးဆက်ပါမည်။ Cardiff Castle ရဲတိုက်သို့ သွားရောက်လည်ပတ်ပြီး၊ ညနေစာသုံးဆောင်ကာ ဟိုတယ်တွင် အနားယူပါမည်။

Day 6

ဟိုတယ်တွင်မနက်စာစားပြီးနောက် ရောမလူမျိုးတို့၏ ရေကစားရန် ပထမဆုံး တည်ဆောက်ခဲ့သော ရေချိုးခန်း Roman Bath သို့ (56 km) ၁-နာရီခန့်ကြာခရီးဆက်ပါမည်။ Roman Bath, Royal Crescent, Pulteney Bridge တို့သို့ ဝင်ရောက်လည်ပတ်လေ့လာကြပြီး၊ ကျောက်တိုင်အဆောက်အဦး Stonehenge သို့သွားရောက်လည်ပတ်ပါမည်။ ညနေပိုင်းတွင် Oxford သို့ ၁း၃၀-နာရီခန့် ကြာခရီးဆက်ပါမည်။

Day 7

ဟိုတယ်တွင်မနက်စာစားပြီးနောက် Oxford တွင် APTS ခေါင်းဆောင်နှင့် ဧည့်လမ်းညွှန်တို့၏ ဦးအောင်မှုဖြင့် တက္ကသိုလ်အဆောက်အအုံများ၊ Oxford Castle၊ ကမ္ဘာ့ပထမဆုံးတက္ကသိုလ်ပြတိုက်ဖြစ်ကာ ရှေးဟောင်းအမွေအနှစ်များ ပြသထားသည့် Ashmolean Museum၊Christ Church College ၊ University Church of St Mary the Virgin ဥရောပတွင်ရှေးအကျဆုံးစာကြည့်တိုက်တစ်ခုဖြစ်သည့် Bodleian Library ၊ Trinity College စသည့် Oxford ၏ အထင်ကရ နေရာများကိုသွားရောက်လေ့လာကြပါမည်။ ထို့နောက် Bicester Village တွင် ပျော်ရွှင်စွာဈေးဝယ်ထွက်ကြပါမည်။ ထို့နောက် London သို့ ၁-နာရီခွဲခန့်ကြာဆက်၍သွားပါမည်။ ဟိုတယ် check-in ဝင်ကာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day 8

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီး Windsor သို့ (68km) ခန့် ဆက်လက်ထွက်ခွာကာ ကမ္ဘာပေါ်တွင်ရှေးအကျဆုံး နှင့်အကြီးဆုံး ရဲတိုက် Windsor Castle နှင့်၎င်းအထဲရှိခမ်းနားလှသော State rooms များသို့ သွားရောက်လေ့လာကာ အမှတ်တရဓာတ်ပုံများ ရိုက်ကြပါမည်။ Covert Garden တွင် ပျော်ရွှင်စွာဈေးဝယ်ကြပြီး ညနေစာ သုံးဆောင်ကာ ဟိုတယ်တွင် အနားယူကြပါမည်။

Accommodation – Dorsett Shepherds Bush London in Dorsett room or similar x 3 nights

Day 9

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးလျှင်လန်ဒန်မြို့အတွင်းလည်ပါမည်။ Amazing Planet ခေါင်းဆောင်နှင့်အတူ တနေ့တာ လည်ပတ်ကြပါမည်။ Gothic ဘုရားကျောင်းတခုဖြစ်သည့် Westminster Abbey၊ ယဉ်ကျေးမှုပြယုဒ်ဖြစ်သည့် နာမည်ကျော် Big Ben Clock Tower နာရီစင်, ဝန်ကြီးချုပ်ရုံးများ၊ အစိုးရ Residence များတည်ရှိရာ Downing Street, Buckingham Palace, ပြတိုက်များ ၊ ပန်းချီပြခန်းများ ၊ Tower Bridge, လန်ဒန်မြို့အုပ်ချုပ်ရေး အကြီးအကဲများ၏ ဌာနချုပ်ဖြစ်သည့် City Hall, နေ့လည်စာသုံးဆောင်ပြီးလျှင် Tower Pier မှ London Eye Pier ထိ cruise စီးကာ အေးအေးဆေးဆေးအပန်းဖြေအနား ယူရင်း ညနေခင်းကိုကုန်ဆုံးပါမည်။ ထို့နောက်ညစာကို သုံးဆောင်ကာ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 10

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးလျှင် 25-km မိနစ် (၃၀)ခန့် ကားဖြင့် သွားရသော May Field Lavender Farm လန်ဒန်၏ လာဗန်ဒါ ပန်းခင်းသို့ ပျော်ရွှင်စွာ သွားရောက်လည်ပတ် APTS ခေါင်းဆောင်နှင့် အတူ ဓါတ်ပုံလှလှလေးများ ရိုက်ကြမည်။ (Open only from 1st June to 16th September). ပန်းခင်းထဲတွင် ပျော်ရွှင်စွာ ဓါတ်ပုံရိုက်နေ့လည်စာသုံးဆောင်ကြပြီးနောက် နာမည်ကြီး ဒီဇိုင်းနာ Fashion များသာ ရောင်းချသော အင်္ဂလန်၏ နာမည်ကြီး Harrods Shopping Mall နှင့် Outlet သို့ ပို့ဆောင် ပေး ပါမည်။

Day 11

ဒူဘိုင်း (သို့) ဒိုဟာ မှတစ်ဆင့်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Amazing Planet ၏ Tour Leader နှင့် အတူ ပျော်ရွှင်ချောမွေ့စွာပြန်လည်ရောက်ရှိလာပါမည်။

“ပျော်ရွှင်စရာ ခရီးစဉ်လေး ဖြစ်ပါစေ”
Price may change base on availability!

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

Flight
Sight seeing
Transfer
Hotels
Meals
Guides
  • ကြယ် (၄)ပွင့်အဆင့်ရှိဟိုတယ်တွင် 8-ညတည်းခိုခွင့်
  • WIFI နှင့် A/C ပါသောအဆင့်မြင့်ကားကြီးများဖြင့်လည်ပတ်ရန်ပို့ဆောင်ပေးခြင်း
  • ခရီးစဉ်တွင်ပါဝင်သောလည်ပတ်ရမည့်ဝင်ကြေးများ
  • လေယာဉ်လက်အမှတ် (အသွား-အပြန်) သတ်မှတ်ထားသည့်ရက်အတိုင်းသာ
  • နံနက်စာ၊နေ့လည်စာ၊ညနေစာ (ဖော်ပြပါအတိုင်း)
  • ဧည့်လမ်းညွှန်နှင့် Amazing Planet မြန်မာအဖွဲ့ခေါင်းဆောင် (၁၆-ဦးနှင့်အထက်)
  • ကားပေါ်တွင်နေ့စဉ်ရေသန့်ဗူးပေးခြင်း
  • ဧည့်လမ်းညွှန်နှင့်ယာဉ်မောင်းအားအပိုဆုကြေးငွေပေးခြင်း

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

  • ခရီးစဉ်တွင်မပါသောဝင်ကြေးများ
  • မိမိတို့၏ကိုယ်ပိုင်အသုံးစရိတ်များ
  • ဗီဇာကြေးနှင့်ဝန်ဆောင်မှုများ (Visa fee – US $ 200 ခန့်)
  • စားသောက်ဆိုင်၊ဟိုတယ်များတွင်အဖျော်ယမကာသုံးဆောင်စရိတ်များ

Road

Map

အကယ်၍ အောက်ပါဝန်ဆောင်မှုများ အတွက် မိမိတို့အစီအစဉ်နှင့် သွားလိုသူများ ထပ်မံပေးရ ပါမည်။

  • ဟိုတယ်မှ ခရီးစဉ်ထက်စော၍သော်၎င်း၊ နောက်ကျ၍သော်၎င်း ပိုနေခြင်း
  • သီးသန့် တစ်ယောက်ခန်းတွင် နေခြင်း
  • လေယာဉ်ခရီးစဉ် အချိန်၊ ရက်ပြောင်းလိုခြင်း
  • ခရီးစဉ်တွင် မပါသော နေရာများအား သွားလိုခြင်း