စစ်မှန်သောသဘာဝအလှတို့စုဝေးရာ Canada ဆီသို့

Toronto ~ Niagara Fall ~ Ottawa ~ Kingston ~ Montreal ~ Calgary ~ Banff ~ Vancouver

ခရီးစဉ်ဈေးနှုန်း

လူကြီး(၁)ယောက်လျင်
US $ 4,950 + US $ 270
(Change the program for flight and admission)

ခရီးစဉ်ဈေးနှုန်း

လူကြီး(၁)ယောက်လျင်
US $ 4,950 + US $ 270
(Change the program for flight and admission)

Day 1

13th April ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ည ၁၀း၃၀ ခန့်၌ Amazing Planet မှ တိုးလီဒါနှင့် တွေ့ဆုံပြီး၊ ကနေဒါနိုင်ငံ Toronto မြို့သို့ဟောင်ကောင်လေဆိပ်မှ တဆင့်ထွက်ခွါကာ ပျော်ရွှင်စရာခရီးစဉ် စတင်ပါမည်။

Day 2

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနာက် Niagara ရေတံခွန် တည်ရှိရာ နိုင်ရာဂရာမြို့သို့ ၁-နာရီခွဲကြာ ခရီးဆက်ပါမည်။
နိုင်ရာဂရာမြို့အတွင်းလည်ပတ်ပြီးနောက် American နှင့် Canada နယ်စပ်ကြားတွင် တည်ရှိပြီး ရင်သပ်ရှုမောဖွယ် ကောင်းလှသည့် Niagara ရေတံခွန်တွင် Hornblower Niagara (its depends on weather) အပျော်စီးသင်္ဘောဖြင့် လည်ပတ်ပါမည်။ သင်္ဘောစီး၍ မရပါက Journey Behind the Fall ခရီးစဉ် စတင်မည်။ နိုင်ရာဂရာရေတံခွန်ကို ကနေဒါဘက်ခြမ်းမှ ကြည့်ရှုခံစားရသည့် မြင်ကွင်းမှာရင်သပ်ရှုမောလှပလွန်း လှပေသည်။ ညနေစာသုံးဆောင်ပြီး အိပ်စက်မည်။
Hotel: Sheraton Fall View Hotel x 1 night

Day 3

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးကြီးကျယ်ခမ်းနားသောဗိသုကာလက်ရာများကိုလေ့လာနိုင်မည့်ပါလီမန်အဆောက်အအုံနှင့် ပြတိုက်များတည်ရှိရာ အိုတာဝါမြစ်ကမ်းဘေးရှိ Canada နိုင်ငံ၏ မြို့တော် Ottawa မြို့သို့ခရီးဆက်ပါမည်။ Ottawa သို့ သွားရာလမ်းရှိ Kingston မြို့ကိုဝင်ရောက်လည်ပတ်မည်။ ဒဏ္ဍာရီဆန်ဆန်ရဲတိုက်များ၊ စိတ်ကိုကြည်လင်လန်းဆန်းစေသော ရှုခင်းများ၊ရေပြင်ကျယ်ကြီးထက်က နေချင့်စဖွယ်အိမ် ကလေးများတည်ရှိရာ Thousand Islands တွင် Rockport Cruise အပျော်စီးသင်္ဘောဖြင့်လည်ပတ်ပါမည်။ ထိုမှတဆင့် Ottawa မြို့တွင်း၌ Lt Col John တည်ဆောက်ခဲ့သည် ရှေးအကျဆုံးဈေး တစ်ခုဖြစ်သော Byward market, ပါလီမန်အဆောက်အဦးနှင့် ငြိမ်းချမ်းရေးတာဝါ သို့ သွားရောက်လည်ပတ်ပါမည်။
Hotel: Lord Elgin Hotel or similar x 1 night

Day 4

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးOttawa မှ ထွက်ခွာကာ North America တွင်ဒုတိယအများဆုံးသမိုင်းဝင် အဆောက်အအုံများတည်ရှိပြီး Canada နိုင်ငံ၏အကြီးဆုံးနှင့် အချက်အချာအကျဆုံးမြို့ဖြစ်သည့် Montreal သို့ သွားရောက် လည်ပတ်ပါမည်။Saint Lawrence Riverကမ်းဘေးတွင် တည်ရှိသော Montreal မြို့ကလေးသည် ပြင်သစ်ကိုလိုနီ လက်အောက်ခံ ဖြစ်သည့်အလျောက် ပြင်သစ် အငွေ့အသက်များ ရှိနေသောအဆောက်အဦးများနှင့် သာယာလှပေသည်။ ဆက်လက်ပြီးအထင်ကရနေရာများဖြစ်သည့် Notre Dame Basilica ဘုရားကျောင်း၊ Biosphere Museum, ပန်းခြံတို့သို့ သွားရောက်လည်ပတ် ဓါတ်ပုံရိုက်ကြမည်။
Hotel: Le Nouvel Hotel Montreal or similar x 2 nights

Day 5

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးစိတ်ကူးယဉ်ဆန်ဆန်နေရာများနှင့်ဥရောပ၏အငွေ့အသက်များကိုခံစားနိုင်သော Quebec မြို့ဟောင်းလေးသို့ကားဖြင့်နေ့ချင်းပြန်သွားရောက်လည်ပတ်ပါမည်။ Quebec မြို့တွင် ရှေးဟောင်းဥရောပစတိုင် အဆောက်အဦးလေးများကိုထိမ်းသိမ်းထားရှိပြီး၊ အနောက်ဥရောပနိုင်ငံယဉ်ကျေးမှုမပျက် ရှိနေသေးသည့် Chateau Frontenac, Quebec Parliament Hill သို့ သွားရောက်လည်ပတ်ကာဓါတ်ပုံရိုက်ကြပြီး၊ ချစ်သူ့လမ်းကြားလေးတွင် လမ်းလျောက်ရင်းချမ်စိမ့်စိမ့်ရာသီဥတုအောက်တွင် ဇိမ်ကျကျ ကော်ဖီသောက်ရင်းခဏတာပျော်ရွှင်ဖွယ် ဖြတ်သန်းကြမည်။ ထို့နောက် Montreal သို့ပြန်လာကာဟိုတယ်တွင်ညစာသုံးဆောင်ပြီးအေးချမ်းစွာအိပ်စက်အနားယူပါမည်။

Day 6

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီး Montrealလေဆိပ်သို့ သွားပါမည်။ ထိုမှတစ်ဆင့် Calgary/YYCလေဆိပ်သို့ရောက်ရှိကာ ဧည့်လမ်းညွှန်မှ ကြိုဆိုနှုတ်ဆက်ပြီး၊ Columbia Ice Field ရေခဲတောင်ကြီးနှင့် မနီးမဝေးတွင် တည်ရှိရာBanff အပန်းဖြေစခန်းသို့ ကားဖြင့် ၁နာရီခွဲခန့်ကြာခရီးဆက်ပါမည်။ Banff သို့ ရောက်လျင် ပထမဦးဆုံးBanff National Park ဥယျာဉ်ကြီးသို့ သွားရောက် လည်ပတ်ကာ၊ ရေခဲတောင်၏ သဘာဝအလှရှုခင်းများခံစားရန် Banff Gondola ကေဘယ်လ်ကားဖြင့်သွားပါမည်။ ထိုမှတစ်ဆင့်သဘာဝတောရိုင်းအလှအပကိုခံစားနိုင်ရန်လှပသော Lake Louise လူးဝစ်ရေကန်သို့ဆက်လက် လည်ပတ်မည်။ ညနေစာ ကိုးရီးယားအစားအစာဖြင့် ဧည့်ခံပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမည်။
Hotel: Inns of Banff or similar x 2 nights

Day 7

မနက်စာသုံးဆောင်ပြီး Calgary မြို့၊ Banff National Park ရှိ Columbia Ice fields သို့ သွားရောက်ကာ စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသောရေခဲတောင်တက်ကားများဖြင့် ပျော်ရွှင်စွာသွားရောက်လည်ပတ်ပါမည်။ ဆက်လက်ပြီး ဖန်သားဖြင့်ဆောက်လုပ်ထားသည့် Glacier Skywalk သို့ သွားရောက်ကာ ရှုမြော်မဆုံး ရှုခင်းအလှတို့ဖြင့် အလှဓါတ်ပုံများ ရိုက်ကြပါမည်။ ကနေဒါခရီးစဉ်တွင် ၎င်း ရေခဲတောင်ခရီးစဉ်မှာဥရောပသို့ ရောက်လျင် မသွားမဖြစ် သွားရောက်လည်ပတ်သင့် သည့် ဆွစ်ဇာလန်နိုင်ငံရှိ Mt Tilis ကဲ့သို့ ရေခဲတောင် နေရာတစ်ခုပင် ဖြစ်ပါသည်။ ထို့နောက်ဟိုတယ်သို့ ပြန်ကာ ညစာသုံးဆောင်ပြီး အေးချမ်းစွာအိပ်စက်အနားယူပါမည်။

Day 8

မနက်စာသုံးဆောင်ပြီးနောက် နေ့လည်စာသုံးဆောင်ပြီးလျင် Vancouverသို့ ခရီးဆက်ရန် YYC airport သို့ ပို့ဆောင်ပေးပါမည်။ Vancouverသို့ရောက်လျှင်ဧည့်လမ်းညွှန်မှ ကြိုဆိုနှုတ်ဆက်ကာ နေ့လည်စာဖြင့် ဧည့်ခံပြီး၊ Vancouver မြို့အတွင်း ပျော်ရွှင်စွာ လည်ပတ်ရင်း ဈေးဝယ်ကြပါမည်။ ညနေစာသုံးဆောင်ကာ ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမည်။

Day 9

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက်ဗိသုကာလက်ရာအများအပြားရှိသည့် Victoria မြို့သို့ BC Ferry ဖြင့် day trip သွားပါမည်။ Victoria မြို့ရှိပန်းရောင်စုံတို့ဖြင့်ဆေးခြယ်ထားသကဲ့သို့လှပနေသောနှစ်စဉ် ကမ္ဘာ့ ခရီးသွားဧည့်သည် သန်းပေါင်းများစွာလာရောက်လည်ပတ်သည့် Butchart Garden သို့ သွားရောက်လည်ပတ်ကာဓါတ်ပုံလှလှ ရိုက်ကြမည်။ Victoria မြို့တွင်အချိန်ရပါကဧက ၂၀၀ ကျော်ရှိသော Beacon Hill Park, ကမ္ဘာပေါ်တွင် အလှပဆုံးဟုနာမည်ကြီးသော Inner Harbour သို့ သွားရောက်လည်ပတ်ကြပါမည်။ Vancouver မြို့သို့ ပြန်လည်ပြီး ညနေစာသုံးဆောင်ကာ ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမည်။

Day 10

မနက်စာသုံးဆောင်ပြီးလေဆိပ်သို့မသွားမှီ Capilano မြစ်ကို ဖြတ်၍ တည်ဆောက်ထားသော အမြင့် ၇၀ မီတာရှိပြီး 140 မီတာရှည်လျားသည့် နာမည်ကြီး Capilano Suspension Bridge တံတားသို့ သွားရောက်လည်ပတ်မည်။ ထို့နောက်မိမိတို့၏ ရန်ကုန်ရွှေမြို့တော်သို့ပြန်ရန် Vancouver လေဆိပ်သို့ ပို့ပေးပါမည်။ Vancouver မှ နေ့လည် ၂-နာရီခွဲ ခန့်တွင် ဟောင်ကောင် လေဆိပ်သို့ နောက်တစ်နေ့ ညနေ ၆-နာရီခန့်တွင် ဟောင်ကောင် လေဆိပ်သို့ချောမောစွာ ရောက်ရှိပါမည်။

Day 11

ဟောင်ကောင်လေဆိပ်မှ ညနေ ၆း၄၀-နာရီခန့်တွင် ရန်ကုန်ရွှေမြို့တော်သို့ ပြန်လည်ထွက်ခွါပြီး၊ည ၁၀း၁၅ ခန့်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ အေးချမ်းစွာ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

“ပျော်ရွှင်စရာ ကနေဒါ ခရီးစဉ်လေး ပြီးဆုံးပါပြီ”
Price may change base on availability!

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

Flight
Sight seeing
Transfer
Hotels
Meals
Guides
  • ကြယ် (၄)ပွင့်အဆင့်ရှိ ဟိုတယ်တွင် (၂) ယောက်တစ်ခန်း (၃) ယောက်တစ်ခန်း
  • WIFI နှင့် A/C ပါသော အဆင့်မြင့်ကားကြီးများဖြင့် လည်ပတ်ရန် ပို့ဆောင်ပေးခြင်း
  • ခရီးစဉ်တွင် ပါဝင်သော လည်ပတ်ရမည့် ဝင်ကြေးများ
  • လေယာဉ်လက်အမှတ် (အသွား-အပြန်) သတ်မှတ်ထားသည့် ရက်အတိုင်းသာ
  • ပြည်တွင်းလေယာဉ်လက်မှတ် ပါဝင်ပြီး
  • နံနက်စာ၊ နေ့လည်စာ၊ ညနေစာ (ဖော်ပြပါအတိုင်း) တရုတ်၊မြန်မာ၊ထိုင်း၊အီတလီ၊ အမေရိကန်
  • ဧည့်လမ်းညွှန်နှင့်မြန်မာအဖွဲ့ခေါင်းဆောင် (လူဦးရေအနည်းဆုံး ၁၆ ယောက်နှင့်အထက်)
  • ကားပေါ်တွင် နေ့စဉ် ရေသန့်ဗူး ပေးခြင်း

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

  • ခရီးစဉ်တွင် မပါသော ဝင်ကြေးများ
  • မိမိတို့၏ ကိုယ်ပိုင်အသုံးစရိတ်များ
  • စားသောက်ဆိုင်၊ ဟိုတယ်များတွင် အဖျော်ယမကာ သုံးဆောင်စရိတ်များ
  • ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းအား အပိုဆုကြေးငွေပေးခြင်း
  • ဗီဇာကြေးခန့်မှန်းခြေ (US $ 160-225)

Road

Map

အကယ်၍ အောက်ပါဝန်ဆောင်မှုများ အတွက် မိမိတို့အစီအစဉ်နှင့် သွားလိုသူများ ထပ်မံပေးရပါမည်။

  • ဟိုတယ်မှ ခရီးစဉ်ထက်စော၍သော်၎င်း၊ နောက်ကျ၍သော်၎င်း ပိုနေခြင်း
  • သီးသန့် တစ်ယောက်ခန်းတွင် နေခြင်း
  • လေယာဉ်ခရီးစဉ် အချိန်၊ ရက်ပြောင်းလိုခြင်း
  • ခရီးစဉ်တွင် မပါသော နေရာများအား သွားလိုခြင်း

ဗီဇာ လျောက်ထားရန်အတွက် လိုအပ်သော စာရွက်စာတမ်းများ

  • Passport မူရင်း (အနည်းဆုံး ၆-လ သက်တမ်းရှိရပါမည်) နှင့် မိတ္တူ
  • (၆)လ အတွင်း ရိုက်ထားသော အဖြူရောင်နောက်ခံ (၂)လက်ပတ်လည် ဓါတ်ပုံ (၂)ပုံ
  • မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မိတ္တူနှင့် Notary
  • လုပ်ငန်းလိုင်စင်နှင့် ထုတ်ကုန်သွင်းကုန် လိုင်စင် မိတ္တူနှင့် Notary
  • သက်တမ်းအနည်းဆုံး (၆)လရှိဘဏ်စာအုပ် မိတ္တူ (Transition) ရှိရပါမည်။
  • ဇနီးမောင်နှံများ အိမ်ထောင်စုစာရင်း မတူပါက လက်ထပ်စာချုပ် မိတ္တူနှင့် Notary
  • ပိုင်ဆိုင်မှု အဖြစ် ကုမ္ပဏီလုပ်ငန်းလိုင်စင်၊ ထုတ်ကုန်သွင်းကုန်လိုင်စင် (ရှိပါက)
  • ပုံစံ (၆)၊ (၂၆)
  • အိမ်စာချုပ်၊ မြေဂရံ စသည့်ပိုင်ဆိုင်မှုများကို Notary ပြန်ပြီး၊ တင်ပေးရပါမည်။