Wonderful Vietnam

Ho Chi Minh – Danang – Bana Hill - Hoi an– Hanoi – Halong Bay

Transportation

CAR
BOAT

FLIGHT

Travel Peroid

All Year Around

Transportation

CAR
BOAT

FLIGHT

Travel Peroid

All Year Around

Day 1

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်အဖွဲ့ခေါင်းဆောင်နှင့်တွေ့ဆုံပြီး၊ဟိုချီမင်းမြို့ Tan Son Nhatလေဆိပ်သို့ဗီယက်နမ်လေကြောင်းလိုင်းဖြင့်ထွက်ခွါပါမည်။ဧည့်လမ်းညွှန်မှကြိုဆိုနှုတ်ဆက်ကြပြီး၊ဆက်လက်၍ Hundred Years Red Cathedral နှစ်ပေါင်းရာနှင့်ချီကြာရှည်စွာတည်ရှိနေသောဘုရားကျောင်း၊ဗိသုကာပညာရှင်များ၏ဂန္တဝင်မြောက်လက်ရာများကိုမြင်တွေ့လေ့လာနိုင်မည့်ဟိုချီမင်းမြို့လည်ရှိ Old Post Office နှင့်ကော်မတီခန်းမတို့ကိုသွားရောက် လည်ပတ်ပြီး၊ညနေပိုင်းတွင်ဆိုင်ဂွန်မြစ်တလျောက်မြို့၏အလှအပများကိုသင်္ဘောစီးရင်း၊သင်္ဘောပေါ်တွင်ဖျော်ဖြေကပြ၊ဧည့်ခံသောအကအလှများကိုကြည့်ရှုခံစားရင်း၊ညနေစာသုံးဆောင်ကြပါမည်။

Day 2

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီး၊Danangပင်လယ်ကမ်းခြေမြို့သို့သွားရန်လေဆိပ်သို့ပို့ဆောင်ပေးပါမည်။Danangသို့ရောက်လျင်နေ့လည်စာသုံးဆောင်ပြီး၊ UNESCO မှကမ္ဘာ့ရှေးဟောင်းအမွေအနှစ်မြို့လေးအဖြစ်သတ်မှတ်ထားသောဟိုအမ်းမြို့သို့ခရီးဆက်မည်။နေချင်စဖွယ်လှပသောထိုမြို့ကလေးတွင်ပျော်ရွှင်စွာလည်ပတ်ရင်း၊ဓါတ်ပုံရိုက်၊အဝတ်အစားများဝယ်ကြပြီး၊နာမည်ကြီးအကျီချုပ်ဆိုင်များတွင်လှလှပပဂါဝန်ကလေးများနေ့ချင်းပြီးမိမိတို့ကိုယ်တိုင်းဖြင့်အပ်နိုင်ပါသည်။ထို့နောက်Danangမြို့သို့ပြန်လာပြီးညနေစာသုံးဆောင်ကာ၊ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။

Day 3

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် Halong Bay တွင် နေ့တစ်ဝက်မျှ သင်္ဘောစီးကာ သဘာဝကြီးမှ ဖန်ဆင်းထားသည့် ကျွန်းပေါင်းများစွာဖြင့် ပင်လယ်အော်ကြီး၏ အလှတရားများကို ကြည့်ရှုခံစားကြပါမည်။ ထို့နောက် အလွန်ဆန်းကြယ်လှပသည့် ဂူဖြစ်သည့် Thein Cung Grotto ကို ဝင်ရောက်လေ့လာပြီးနောက် Dau Go Cave ၊ Dinh Houng နှင့် Ga Choi Islet များသို့ သဘာၤဖြင့် လှည့်လည်ကြည့်ရှုကြပါမည်။ နေ့လည်စာကို သင်္ဘောပေါ်တွင်လတ်ဆက်သော ပင်လယ်စာများဖြင့် သုံးဆောင်ကြ ပါမည်။ ထို့နောက် Hanoi သို့ပြန်လည်မောင်းနှင်ကာ ဟနွိုင်းမြို့လည်၏ Oasis ဟု တင်စားခေါ်ကြသော Hoang Kiem Lake နှင့် နာမည်ကျော် Old Quarter ဧရိယာတွင် Shopping လုပ်ကြပါမည်။ ထို့နောက် ဗီယက်နမ်နိုင်ငံ၏ ရိုးရာ နှင့် သမိုင်းကြောင်းများ အခြေခံကာ ကပြဖျော်ဖြေသည့် ထူးခြားပြီး ရသတစ်ခုပေးစွမ်းနိုင်သည့် Water Puppet Show ကြည့်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟနွိုင်းမြို့ရှိ ဟိုတယ်တွင် Check in ဝင်ကာ အေးချမ်းစွာ အိပ်စက်အနား ယူ ပါမည်။

Day 4

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်၊၁နာရီခွဲခန့်ကားဖြင့်သွားရသော Ba-Na-Hill အမည်ရှိဥရောပတွင်ရောက်နေသကဲ့သို့လှပသောအဆောက်အဦးလေးများရှိရာပြင်သစ်စတိုင်ရွာကလေးသို့တနေ့တာလည်ပတ်မည်။Ba-Na တောင်ထိပ်တွင်တည်ထားကိုးကွယ်လျက်ရှိသောLinh Ung Pagoda (ကွမ်ရင်) သို့ Cable Car သွားရောက်ဖူးမြော်လည်ပတ်မည်။ Cable Car စီးစဉ်အချိန်အတွင်းတောင်တက်လမ်းတလျောက်မြင်ရသောမြင်ကွင်းမှာကြည်နူးစရာရေတံခွန်များ၊စိမ်းလန်းစိုပြေနေသောအဆုံးမရှိသစ်ပင်ကြီးများ၊ဥရောပစတိုင်အဆောက်အဦးလေးများကိုအပေါ်စီးများတွေ့မြင်ရပါမည်။ထို့နောက် Fantasy Park ဥယျာဉ်ကြီးထဲတွင် Disney Land ကဲ့သို့ကစားစရာမျိုးစုံတို့ဖြင့်ပျော်ရွှင်စွာလည်ပတ်ကြမည်။ထို့နောက်မြို့တွင်းရှိChampa Museum အမည်ရှိပြတိုက်တွင်၊အကောင်းဆုံးအကျော်ကြားဆုံးပန်းပုထုထားသကဲ့သို့သောရှေးဟောင်းလက်ရာများကိုအချိန်ရပါကဝင်ရောက်လည်ပတ်ကြည့်ရှုပြီး၊ညနေစာသုံးဆောင်ကာ၊ဟိုတယ်တွင်အနားယူပါမည်။

Day 5

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်၊ဟနွိုင်းမြို့သို့လေယာဉ်ဖြင့်ထွက်ခွါမည်။လေဆိပ်ရောက်လျင်နေ့လည်စာ၊ဧည့်ခံပြီးကားဖြင့်ဗီယက်နမ်၏အထင်ကရဟာလောင်ပင်လယ်အော်ရှိရာဟာလောင်မြို့သို့ကားဖြင့်၃နာရီခန့်ကြာခရီးဆက်ပါမည်။ဟိုတယ်တွင်အနားယူမည်။

Day 6

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီး၊ Hon Gaiဆိပ်ကမ်းသို့သွားရောက်ပြီး၊ဟာလောင်ပင်လယ်အော်အတွင်းလည်ပတ်ရန်၄-၅နာရီခန့်ကြာမည့်သင်္ဘောဖြင့်ခရီးစဉ်စတင်မည်။သင်္ဘောပေါ်တက်တက်ချင်း၊ကြိုဆိုနှုတ်ဆက်ဧည့်ခံသည့်ဖျော်ရည်ကိုသုံးဆောင်ပြီး၊ရင်သပ်ရှုမောဖွယ်Ha Long Bay၏အလှအပခံစားကြည့်ရှုရင်း၊သင်္ဘောပေါ်တွင်နေ့လည်စာဖြင့်ဧည့်ခံပါမည်။ထို့နောက်ကျွန်းပေါင်းနှစ်ထောင်ကျော်ရှိသောဟာလောင်ပင်လယ်အောင်အတွင်းကျောက်စက်ပန်းဆွဲများဖြင့်သဘာဝအလှဆင်အပြိုင်အဆိုင်လှနေသောParadise Grotto, Wooden cave ဂူအတွင်းတက်ရောက်လည်ပတ်လေ့လာရင်း၊ဓါတ်ပုံများရိုက်ကြမည်။ထို့နောက်ဟနွိုင်းမြို့သို့ကားဖြင့်ပြန်လာပြီး၊ညနေပိုင်းတွင်လှပသောWest lake ကန်၊ Tran Quocဘုရားကျောင်းနှင့်၊ရေပေါ်ရုပ်သေးပြဇတ်ရုံသို့သွားရောက်ပြီး၊ဗီယက်နမ်ရိုးရာရုပ်သေးကပြဖျော်ဖြေပွဲသွားရောက်ကြည့်ရှုပြီး၊ညနေစာသုံးဆောင်ကာဟိုတယ်သို့ပို့ဆောင်ပေးပါမည်။

Day 7

After breakfast, visit to Literature Temple, Ho Chi Minh Mausoleum, One Pillar Pagoda, Uncle Ho‘s Still House, after lunch, after lunch,free at leisure until transfer to the airport for your flight home.
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီး၊ ထို့နောက်ဗီယက်နမ်နိုင်ငံ၏ပထမဆုံးတက္ကသိုလ်အဖြစ်ထင်ရှားသော Literature Temple, ဟိုချီမင်းမြို့တွင်အထိမ်းအမှတ်စိုက်ထူထားသောကျောက်တိုင်ကြီး Ho Chi Minh Mausoleum, တိုင်တလုံးကျောင်းဆောင်ဟုလူသိများထင်ရှာသော One Pillar Pagoda, ပထမဦးဆုံးသမတ္တဟိုချီမင်းနေထိုင်ခဲ့သော Uncle Ho‘s Still House တို့သို့သွားရောက်လည်ပတ်ပြီး၊နေ့လည်စာသုံးဆောင်ကာ၊အိမ်ပြန်လက်ဆောင်ဈေးဝယ်ရန်အတွက် 36 Old Quarter ဈေးသို့ပို့ဆောင်ပေးပါမည်၊ထို့နောက်မိမိတို့ရွှေမြို့တော်သို့ပြန်ရန်လေဆိပ်သို့ပို့ဆောင်ပေးပါမည်။

“ ပျော်ရွှင်စရာ ခရီးစဉ်လေး ဖြစ်ပါစေ ”

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

Flight
Sight seeing
Transfer
Hotels
Meals
Guides
  • ကြယ် (4)ပွင့်အဆင့်ရှိဟိုတယ်၆ညတည်းခိုခွင့်
  • လေယာဉ်လက်မှတ် (ရန်ကုန်-ဟိုချီမင်း / ဟနွိုင်း-ရန်)
  • ပြည်တွင်းလေယာဉ်လက်မှတ် (ဟိုချီမင်း - ဓနန်း / ဓနန်း - ဟနွိုင်း)
  • ဟာလောင်ပင်လယ်အော်အတွင်းစီးမည့်သင်္ဘောနှင့်သင်္ဘောပေါ်တွင်ကျွေးမည့်နေ့လည်စာ
  • နံနက်၊နေ့လည်၊ညနေစာခရီးစဉ်တွင် ဖော်ပြသည့်အတိုင်း
  • အင်္ဂလိပ်စကားပြောဧည့်လမ်းညွှန် နှင့် တိုးလီဒါ
  • တစ်နေ့လျင်ရေသန့်ဗူးတစ်ဗူး
  • ခရီးစဉ်တွင်ပါဝင်သောဝင်ကြေးများအားလုံး

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

  • ဟိုတယ် နှင့် စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲခြင်း
  • ကီလိုအပို သယ်ယူခြင်း
  • လေယာဉ်လတ်မှတ် ရက်ပြောင်း ၊ အချိန်ပြောင်းခြင်း

Road

Map