အင်ဒိုနီးရှားနိုင်ငံ ( ဘာလီကျွန်း ခရီးစဉ် ) နှင့် စင်္ကာပူ ခရီးစဉ်

4-ညအိပ် 5-ရက်

ခရီးစဉ်ဈေးနှုန်း

နှစ်ယောက်တစ်ခန်း (လူကြီး)
USD 900
၁၁-နှစ်အောက် ကလေး
Extra bed
USD

ခရီးစဉ်ဈေးနှုန်း

နှစ်ယောက်တစ်ခန်း (လူကြီး)
USD 900
၁၁-နှစ်အောက် ကလေး
Extra bed
USD

Day 1

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက် ၁၀နာရီခွဲလေယာဉ်ဖြင့် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းသို့ စင်္ကာပူနိုင်ငံမှတဆင့် စတင် ထွက်ခွါကြ ပါမည်။ ဘာလီ လေဆိပ်သို့ ည ၇နာရီ ဝန်းကျင်တွင် ရောက်ရှိကာ ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးစွာ လာရောက်ကြိုဆိုပြီး တည်းခိုမည့် ဟိုတယ်သို့ ပို့ဆောင်ကာ Check-in ဝင်ကြပါမည်။ ညနေစာသုံးဆောင်ပြီး ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 2

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် သွားလည်မယ့် နေရာတွေကတော့
-Tegenungan Waterfall
-ယခုလက်ရှိတွင် နာမည်ကြီးနေသည့် အလွန်လှသည့် နောက်ခံရှုခင်းဖြင့် Bali Swing
-ကြောင်ချီးကော်ဖီ မြည်းကြမယ် Coffee Luwak
-Tegallalang ရွာက နာမည်ကျော် လှေကားထစ်စိုက်ခင်း Rice Terrace Tegallang
-နေ့လည်စာကို Kintamani မီးတောင်ကြီးရဲ့ အလှကို ခံစားရင်းနဲ့ သုံးဆောင်ကြမယ်
-စိတ်အညစ်အကြေးများအား ရေစင်ဖြန်းကာ ဆေးကြောကြမည့် Tirta Empul (Holy Water Temple) တို့ကို လည်ပတ်ကြပါမည်။
-ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည်ရောက်ရှိကာ အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 3

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် သွားရောက်လည်ပတ်မည့် နေရာများကတော့
-Wanagiri Hidden Hills သို့ သွားရောက်ကာ အမိုက်စား ရှုခင်းများဖြင့် ဓာတ်ပုံရိုက်ကူးကြပါမည်။
-ကောင်းကင်ဂိတ်ဟုခေါ်သော Handara Gate တွင် ပျော်စရာပုံများ ရိုက်ကြပါမည်။
-Ulun Danu Beratan ကန်ထဲမှာ ရှိတဲ့ Ulun Danu Temple ကို သွားလည်ကြမယ်
-နာမည်ကြီးလှတဲ့ Tanah Lot Temple မှာ နေဝင်ဆည်းဆာအလှကို ခံစားကြပါမယ်
-ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 4

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် အလွန်လှပ နာမည်ကြီးလှသော Nusa Penida ကျွန်း လေးသို့ တစ်နေ့တာ.. ယခုနောက်ပိုင်းတွင်မှ ခေတ်စားလာသော ဘာလီမှ နူဆာပန်နီ ကျွန်းကလေး သို့ စက်လှေဖြင့် ခရီးဆက်ပါမည်။
-ကမ်းခြေသို့ ကားစီးပြီး 45 မိနစ် ကြာ နူဆာပန်နီ ကျွန်းသို့ စက်လှေဖြင့် ခရီးဆက်ကြရပါမည်။ ကျွန်းပေါ်တွင် ၄-ယောက်တစ်စီး ကားလေးဖြင့် သီးသန့် သွားရောက်လည်ပတ်ကြပါမည်။ လည်ပတ်မည့် နေရာများမှာ
-Kelingking Cliff, Broken Beach, Angel Billabong, Crystal Bay
-ကမ်းခြေတွင် အနားယူအပန်းဖြေ ပျော်ရွှင်စွာ ရေကစားကြပြီး ဘာလီသို့ ပြန်လာကြမည်။
-Khrisna Oleh / Mall Bali Galeria တွင် ပျော်ရွှင်စွာ ဈေးဝယ်ထွက်ကြပါမည်။
-ညနေပိုင်းတွင် ဓါတ်ပုံရိုက်ရန် အလွန်လှပပြီး ကြည်နူးဖွယ်ရာ Sunset view ခံစားရင်း Uluwatu temple သို့ သွားရောက်မည်။
-ဟိုတယ်သို့ ပြန်လည်ရောက်ရှိကာ အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 5

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Hotel check-out လုပ်ကြပါမည်။ ထို့နောက် ရန်ကုန်ရွှေမြို့တော်သို့ ပြန်ရန် ဘာလီလေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ စင်္ကာပူလေဆိပ်မှ တဆင့် ညနေပိုင်းတွင် ရန်ကုန်သို့ချောမောစွာ ပြန်လည်ရောက်ရှိပါမည်။

“ပျော်စရာကောင်းသော ခရီးစဉ်လေး ဖြစ်ပါစေ”
Flight Information (Singapore Airline)
Sector လေယာဉ်အမှတ် ထွက်ခွါချိန် ဆိုက်ရောက်ချိန်
ရန်ကုန် - စင်္ကာပူ SQ 997 10:35 15:10
စင်္ကာပူ - ဘာလီ SQ 946 16:10 19:05
ဘာလီ - စင်္ကာပူ SQ 949 10:25 13:00
စင်္ကာပူ - ရန်ကုန် MI 518 15:15 16:40

Hotel Information

4* Hotel in Bali
:
Sun Island Kuta or Kuta Seaview Hotel

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

Flight
Sight seeing
Transfer
Hotels
Meals
Guides
  • ရန်ကုန် - စကာၤပူ - ဘာလီ - စကာၤပူ - ရန်ကုန် အသွားအပြန် လေယာဉ်လတ်မှတ် (Singapore Airline)
  • ဘာလီကျွန်းရှိ ဟိုတယ်တွင် ၄-ည တည်းခိုမှု (Twin/Triple share)
  • Nusa Pandita ကျွန်းသို့ သွားမည့် သင်္ဘောနှင့် ကျွန်းပေါ်တွင် လည်ပတ်မည့် အစီအစဉ် ပါဝင်ပြီး
  • ခရီးစဉ်တစ်လျှောက် အဆင့်မြင့် Air-con ကားဖြင့် လည်ပတ်ခြင်း
  • ဖော်ပြထားသည့် နံနက်စာ ၊ နေ့လည်စာ ၊ ညစာ
  • ဖော်ပြပါ လည်ပတ်မည့် နေရာအားလုံးအတွက် ဝင်ကြေးများ
  • ခရီးစဉ်တစ်လျှောက် ဒေသခံ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်
  • နေ့စဉ် သောက်ရေသန့် ဗူး
  • ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းအား ပေးရမည့် မုန့်ဖိုး (Tipping)

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

  • ဖော်ပြမထားသော နေရာများအား သွားရောက်လည်ပတ်ခြင်း
  • ကားဆရာနှင့် ဧည့်လမ်းညွှန်များအတွက် မုန့်ဖိုး

Road

Map