Beautiful America Tour

Washington Dc – New York - Boston – Niagara Fall – Las Vegas – Grand Canyon – Los Angeles – San Francisco – Hawaii Beach

Transportation

CAR
BOAT

FLIGHT

Travel Peroid

All Year Around

Transportation

CAR
BOAT

FLIGHT

Travel Peroid

All Year Around

Day 1

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ည ၇း၃၀တွင် တွေ့ဆုံပြီး၊ နယူးယောက်မြို့သို့ ဂျပန်နိုင်ငံ နာရီတာ လေဆိပ်မှ တဆင့် ပျံသန်းထွက်ခွါပါမည်။ မနက်ပိုင်းတွင် ဂျပန်လေဆိပ်သို့ရောက်ရှိပြီး၊ ဆက်လက်၍ နယူး ယောက်သို့သွားမည့်လေယာဉ်ဖြင့် ဆက်လက်ပျံသန်းမည်။

Day 2

နံနက်ပိုင်း ဝါရှင်တန်ဒီစီ လေဆိပ်သို့ ချောမောစွာ ဆိုက်ရောက်ပြီး၊ ဧည့်လမ်းညွှန်မှ ကြိုဆိုနှုတ်ဆက်ကာ၊ စားသောက်ဆိုင်တွင် နေ့လည် စာဖြင့် ဧည့်ခံမည်။ ထို့နောက် ဟိုတယ်တွင် ခေတ္တခဏ အနားယူရန် ပို့ဆောင် ပေးပါမည်။
ညနေပိုင်းတွင် အိမ်ဖြူတော် (White House) နှင့် Capitol သို့ သွားရောက်လည်ပတ်ပါမည်။ ညနေစာ သုံးဆောင်ကာ ဟိုတယ်တွင် အနားယူ အိပ်စက်မည်။
Hotel: Washington Homewood Suites By Hilton

Day 3

ယနေ့တွင် ဂျက်ဖာဆန်အထိမ်းအမှတ် (Jefferson Memorial), လင်ကွန်း (Lincoln memorial), ဗီယက်နမ်စစ်ပွဲနှင့် ကိုးရီးယား စစ်ပွဲအထမ်းအမှတ် ဗိမာန် (Vietname & Korea Veteran memorial), ရူစဗဲ့ အထိမ်းအမှတ်နေရာ (Roosevelt Memorial), သွားရောက်လည်ပတ်ပြီး၊ လွတ်လပ်ရေး ကျောက်တိုင်တို့နှင့် ဓါတ်ပုံ ရိုက်ကြမည်။ ထို့နောက် ဆက်လက်ပြီး သဘာဝသမိုင်း ပြတိုက်၊ အာကာသသိပ္ပံပြတိုက်တို့သို့ သွားရောက် လေ့လာကြပါမည်။ ၎င်း လမ်းအနီးပတ်ဝန်းကျင်တွင် မိမိတို့ စိတ်ဝင်စားပြီး အချိန်ရပါက ပြတိုက်များစွာရှိပါသည်။ တခုပြီးတခု လိုက်လံလေ့လာ နိုင်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးနောက် နယူးယောက်သို့ ခရီးဆက်ပါမည်။ မြို့တော်ဟောင်းဖြစ်သော ပင်ဆယ်ဗေးနီးယား ပြည်နယ်ရှိ Philadelphia မြို့ရှိ Benjamin Franklin’s ၏ အုတ်ဂူ၊ လေဘာတီခေါင်းလောင်း၊ လွတ်လပ်ရေးခန်းမတို့ကို ဝင်ရောက်လည်ပတ်လေ့လာပါမည်။ နယူးယောက်သို့ ရောက်ရှိပြီး Double Tree ဟိုတယ်တွင် အနားယူပါမည်။

Day 4

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီ်း၊ နယူးယောက်မြို့၏ အထင်ကရ နေရာများဖြစ်သော Charging Bull (lucky bull), NYSE နယူးယောက်စတော့ဈေးကွက်၊ Wall Street, လေယာဉ်ဖြင့်အတိုက်ခံရပြီး 911 တွင် ပျက်စီးသွားသောနေရာ World Trade Center (ယခု Ground ZERO)တို့ကို လည်ပတ်ပြီး၊ နေ့လည်စာ သုံးဆောင်မည်။ ထို့နောက် Manhattan မြစ်အတွင်း သင်္ဘောစီးရင်း၊ နယူးယောက်မြို့၏ ခန်းနားကြီးကျယ် တိုးတက်ပုံတို့ကို ကြည့်ရှုခံစားရင်း၊ လေဘာတီရုပ်တုရှိရာ ကျွန်းကို အနီးကပ်သွားကာ ရုပ်တုနှင့် ဓါတ်ပုံရိုက်ကြမည်။ ကမ္ဘာကျော်အမှတ် တံဆိပ်ပစ္စည်းများရောင်းချရာ၊ Tiffany, Apple Store တည်ရှိရာနေရာ Fifth Avenue, နာမည်ကြီး သူဌေးတစ်ဦး တည်းပိုင်သော အဆောက်အဦးပေါင်း များစွာ တည်ရှိရာ နယူးယောက်မြို့ ၏ နာမည်အကြီးဆုံး၊ အစည်ကား ဆုံးနေရာ Rock Feller Centre, မီးရောင်စုံတို့ဖြင့် လှပခန့်ငြား လူစည်ကားလှသည့် ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားများ ထုတ်လုပ်သည့်ရုံး၊ ထင်ရှားသော Financial ရုံးများ၊ တည်ရှိရာ ပျော်ရွှင်စွာ ဈေးဝယ် နိုင်သည့် Time Square တို့သို့လည်ပတ်ပြီး၊ ညနေစာ သုံးဆောင်ကာ၊ ဟိုတယ်တွင် အနားယူ အိပ်စက်မည်။ ညနေစာ သုံးဆောင်ပြီး၊ ဟိုတယ်သို့ ပြန်လည် အိပ်စက် အနားယူပါမည်။
Hotel: Double Tree by Hilton Fortlee

Day 5

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီ်း၊ Woodbury Outlet Mall တို့သို့ မနက်ပိုင်း ပျော်ရွှင်စွာ ဈေးဝယ်ရန်ပို့ပေးပါမည်။ နေ့လည်ပိုင်းတွင် ဆက်လက်ပြီး Empire State Building, ကုလသမဂရုံးချုပ် (UN Headquarter), Branded မျိုးစုံရှိသော endless shopping area, ညနေစာသုံးဆောင်ပြီး ဟိုတယ်တွင် အနားယူမည်။

Hotel:  Double Tree by Hilton Fortlee

Day 6

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီ်း၊ ဆက်လက်ပြီး ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်များ တည်ရှိရာ ဘော်စတွန်မြို့သို့ ခရီးဆက် ပါမည်။ Boston မြို့သို့ရောက်လျင် နေ့လည်စာ သုံးဆောင်ပြီး မြို့တွင်း အထင်ကရ နေရာများသို့ သွားရောက်လည်ပတ်မည်။ Boston Harbor, နာမည်ကြီး ဟားဘတ်တက္ကသိုလ်၊ မန်ဆာချုးဆက် စက်မှု တက္ကသိုလ် MIT တို့သို့ သွားရောက်လည်ပတ်ကာ ညနေစာသုံးဆောင်ပြီး ဟိုတယ်တွင် အနားယူပါမည်။
Hotel: Radisson Hotel Nashua

Day 7

နံနက်စာ ဟိုတယ်တွင် သုံးဆောင်ပြီး၊ ကမ္ဘာ့အကြီးဆုံး ရေတံခွန်တစ်ခုဖြစ်သော နိုင်ရာဂရာ ရေတံခွန်ကြီးသို့ သွားရောက် ကြည့်ရှုရန်အတွက် Buffalo မြို့သို့ ခရီး ဆက်ပါမည်။ Buffalo မြို့သည် နာမည်ကြီးတက္ကသိုလ် တည်ရှိရာ နေရာတစ်ခုလည်းဖြစ်ပါသည်။ လမ်းတွင် နေ့လည်စာသုံးဆောင်ပြီး နယူးယောက်ပြည်နယ်၏ ကမ္ဘာ့အကောင်းဆုံး(Corning Glass Center) ဖန်ချက် စက်ရုံကြီးတွင် ဝင်ရောက်လေ့လာ လည်ပတ်ပါမည်။  ကံကောင်းပါက လာရောက်လ လည်ပတ်သော ဧည့်သည်များကို သူတို့ဖန်ချက်စက်ရုံ အကြောင်း ရှင်းပြရင်း ချက်ချင်း လုပ်ပေးသော ဖန်ထည်ပစ္စည်း ပုံစံဆန်းလေး များ ကံစမ်းမဲပါ ပေါက်နိုင်ပါသည်။ ညနေပိုင်း နိုင်ရာဂရာမြို့ရောက်လျင် အချိန်ရပြီး ရာသီဥတု အဆင်ပြေပါက Maid of the Mist, သင်္ဘောစီးရင်း ကနေဒါဘက်ခြမ်းမှ ရေတံခွန်၏ အလှအပကို အနီးကပ်သွားရောက် ကြည့်ရှုပါမည်။ ရေတံခွန်၏ အံ့မခန်း ဖွယ် ညနေခင်းအလှနှင့် ကနေဒါ နယ်စပ်၏ အလှအပတို့ကို ပေါင်းစပ်ကာ အမေရိကန်ရေတံခွန် ဘက်ခြမ်းမှ ကြည့်ရှုခံစား ဓါတ်ပုံရိုက်ကြမည်။ 

Hotel:  Adam’s Mark- Buffalo

Day 8

နံနက်စာသုံးဆောင်ပြီး၊ နိုင်ရာဂရာ ရေတံခွန် နိုင်ရာဂရာပန်းခြံအတွင်း လှည့်ပတ်ကြည့်ရှု၊ ဓါတ်ပုံရိုက်၊ လက်ဆောင်ပစ္စည်းများ ဝယ်ကြမည်။ ထို့နောက် နေ့လည်စာသုံးဆောင်ပြီး၊ လက်စ်ဗီးဂက်စ်သို့သွားရေန် လေဆိပ် သို့ ပို့ဆောင်ပေးပါမည်။ Las Vegas မြို့သို့ရောက်လျင် ဧည့်လမ်းညွှန်မှ တွေ့ဆုံနှုတ်ဆက်ပြီး၊ ညစာ သွား စားကြမည်။ ထို့နောက် the city never sleep ဟု အမည်တွင်သော Vegas မြို့၏ စည်ကားလှပပုံ၊ ထူးဆန်းလှပသော မီးရောင်စုံတို့ဖြင့် အလှဆင်ပြီး၊ အကအလှ၊ အတီးမျိုးစုံ တေးဂီတဖြင့် ဧည့်ခံ ဖျော်ဖြေတင်ဆက်လျက်ရှိသော ယခင်ရှေးဟောင်း Las Vegas မြို့တော်ဟောင်းနေရာ Freemont လမ်းသို့ သွားရောက်ကြည့်ရှုမည်။ ဆက်လက်ပြီး၊ Casino မြို့တော်၏ စည်ကားသိုက်မြိုက်ပြီး၊ မီးရောင်စုံ၊ အဆောက်အဦးဒီဇိုင်းမျိုးစုံ၊ ဖျော်ဖြေတင်ဆက်မှု မျိုးစုံတို့ဖြင့် လှပစည်ကားလျက်ရှိသော နေရာ၊ ရေပန်း အလှပြပွဲရှိပြီး၊ ပန်းရောင်စုံမျိုးစုံတို့ဖြင့် အလှဆင်ထားသော ခံညားလှပသည့် Bellagio, မီးတောင်ပြပွဲ ရှိသော the Mirage, အီတလီနိုင်ငံ ဗင်းနစ်စ်မြို့ကဲ့သို့ အလှဆင်ထားသော The Venetian Hotel တို့သို့ သွားရောက်လည်ပတ် ဓါတ်ပုံရိုက်ရင်းပျော်ရွှင်စွာ စည်ကားလှသော လမ်းတစ်လျောက် လမ်းလျှောက် ကြမည်။
မှတ်ချက်၊ မြို့တော်၏ ညအလှကို ကြည့်ရှုခံစားရင်း တံခါးခြောက်ပေါက်ပါ Limousine car ဖြင့် စီးကာ လည်ပတ်လိုပါက (မိမိတို့စရိတ်)ဖြင့် စီစဉ်ပေးပါမည်။
Hotel: Treasure Island Hotel Vegas

Day 9

နောက်တနေ့မနက် စောစော Grand Canyon ကမ္ဘာ့အနက်ဆုံးချောက်ကြီးဟု လူသိများပြီး Red Indian (Native American) များ၏ နယ်မြေရှိ အံ့သြဖွယ်ရာ ချောက်ကမ်းပါးကြီးကို West Rim ဘက်မှ သွားရောက်ကြည့်ရှု လေ့လာမည်။ အဆိုပါ ချောက်ကမ်းပါးကြီး၏ သဘာဝအလှအပများနှင့် ထူးခြား အံသြဖွယ်လှပပုံတို့ကို ရှင်းလင်းစွာ ကြည့်ရှုနိုင်ရန် အတွက် ပေ ၄၀၀၀ ကျော်အနက်ရှိ နေရာတွင် ဖန်သားပြင် တံတားလေး ဖန်တီးဆောက်လုပ်ထားသော လျှောက်လမ်းမှ ဧည့်သည်များ အလှည့်ကျဖြင့် ၎င်းဖန်သားပြင်ပေါ် လမ်းလျှောက်ရင်း အလှဓါတ်ပုံများ ရိုက်ကြမည်။ ထို့နောက် အနီးတဝိုက်ရှိ ဌာနေလူမျိုးများ၏ ဓလေ့ထုံးတမ်းများလေ့လာခြင်း၊ Red Indian လူမျိုးတို့၏ အကအလှ ဖျော်ဖြေမှုတို့ကို ရှုစားပြီး၊ နေ့လည်စာသုံးဆောင်ပြီးနောက်၊ လက်စ်ဗီးဂက်မြို့သို့ ပြန်လာမည်။ အပြန်လမ်းတွင် လက်စ်ဗီးဂက်စ် တစ်မြို့လုံးရှိ ထိန်ထိန်းညီးအောင် လင်းနေသော မီးအားလျှပ်စစ်ထုတ်လုပ် ပေးရာနေရာ Hoover Dam သို့ ဝင်ရောက်လည်ပတ်လေ့လာပြီး၊ ညနေစာသုံးဆောင်ကာ၊ ဟိုတယ်တွင် ပြန်လည်အနားယူပါမည်။ ညပိုင်းတွင် မိမိတို့ စိတ်တိုင်းကျ Casino ကစားခြင်း၊ (သို့) Ka’ Show, Jubliee Show ကဲ့သို့သော ဖျော်ဖြေပွဲများအား သွားရောက်ကြည့်ရှုခြင်း၊ Worldwide Brand ပစ္စည်းများ ဈေးဝယ်ခြင်း၊ ဟိုတယ်အတွင်းရှိ Entertainment များကိုလိုက်လံကြည့်ရင်း လမ်းလျှောက် နိုင်ပါသည်။
Hotel: Treasure Island Hotel Vegas

Day 10

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး၊ လော့စ်အိမ်ဂျယ်မြို့သို့ ဆက်လက်ထွက်ခွါမည်။ လမ်းတွင် ခရီးသွား ဧည့်သည် အများစု ကြိုက်နှစ်သက်၍၊ အရည်အသွေးပြည့်ဝပြီး ဈေးနှုန်း သက်သာသော ပစ္စည်းများကို Barstow Outlet Store တွင် ဈေးဝယ်ရန် ခေတ္တခဏ ရပ်နားရင်း၊ ပျော်ရွှင်စွာ ဈေးဝယ်ကြ ပါမည်။ Los Angeles မြို့သို့ရောက်လျင် ကမ္ဘာကျော် ရုပ်ရှင် မင်းသမီးမင်းသားများ နေထိုင်ရာ Beverly Hill သို့သွားရောက် လည်ပတ်မည်။ Griffith Observatory နက္ခတ္တာရာပြခန်းမှ Los Angeles မြို့၏ ရှုခင်းကို တွေ့မြင်နိုင်ရန် နှင့် Griffith တောင်ထိပ်ပေါ်မှ Hollywood နောက်ခံဆိုင်းဘုတ်နှင့်အတူ မြို့အလှ၏ ညနေရှုခင်းကို ခံစားရင်း ဓါတ်ပုံရိုက်ကြမည်။ ညနေစာသုံးဆောင်ပြီး အနားယူမည်။
Hotel: Double Tree by Hilton 4* (3 nights)

Day 11

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် တစ်နေ့တာလုံး ကမ္ဘာ့ပထမဆုံး Disney Land တွင် သွားရောက် လည်ပတ် ပျော်ရွှင်စွာ ကစားကြပါမည်။ The whole day in Disney Land. ညနေပိုင်း အချိန်ပိုပါက ဈေးဝယ်ကြပါမည်။
မှတ်ချက်။ ဇူလိုင်လ (၄)ရက်နေ့သည် အမေရိကန်နိုင်ငံ လွတ်လပ်ရေး နေ့ ဖြစ်ပါသည်။
Hotel: Double Tree by Hilton 4* (3 nights)

Day 12

ယနေ့တစ်နေ့တာ ယူနီဗာဆယ်ရုပ်ရှင် စတူဒီယို အတွင်းတွင် တစ်နေကုန် ပျော်ရွှင်စွာ အချိန်ကုန်ဆုံး စေပါမည်။ ရုပ်ရှင်ရိုက်ကွက်၊ ရိုက်ချက်များ၊ ကောင်းဘွိုင်၏ စတန့် ပြကွက်များ၊ ကင်းကောင်၊ နာမည်ကျော် ရုပ်ရှင်ကားများ မည်ကဲ့သို့ ဖန်တီး ရိုက်ကူးခဲ့ပုံများကို စိတ်လှုပ်ရှားဖွယ်များ စွာဖြင့် လည်ပတ် လေ့လာနိုင်ပါသည်။ ညနေပိုင်းတွင် မြို့တွင်း သို့ ပြန်လည်ရောက်ရှိလာပြီး၊ LA မြို့တွင်းနှင့် ဟောလီးဝုဒ်သို့ သွားရောက်လည်ပတ်မည်။ Hollywood တွင် Music Center, Koda Theatre, ကျော်ကြားသူတို့၏ ပလက်ဖေါင်း (Walk of the Fame) တို့သို့ ဝင်ရောက်လည်ပတ်ပြီး၊ တောင်ထိပ် တွင်ရေးထားသော Hollywood ဆိုင်းဘုတ်နှင့် ဓါတ်ပုံများ ရိုက်ကြမည်။ ညနေပိုင်းတွင် အချိန်ရပါက တရုတ်တန်း (China Town)၊ ဂျပန်ရပ်ကွက် (little Tokyo)၊ ညနေစာ သုံးဆောင်ကာ ဟိုတယ်တွင် အနားယူပါမည်။
Hotel: Double Tree by Hilton 4* (3 nights)

Day 13

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊ ဆန်ဖရန်စစ္စကိုမြို့သို့ ခရီးဆက်ရန် ထွက်ခွါမည်။ ဆန်ဖရန်သို့ ရောက်လျင် အချိန်ရပါက အထင်ကရနေရာ များဖြစ်သော အမွှာညီနောင် တောင်ထိပ် (Twin Peak), Palace of Fine Art, Golden Gate Bridge တို့သို့ သွားရောက် လည်ပတ်ပြီး ညနေစာ သုံးဆောင်ကာ အနားယူပါမည်။
Hotel: Double Tree by Hilton 4* (2 nights)

Day 14

တနေ့တာ ဆန်ဖရန်မြို့တွင်း ကျန်ရှိသော ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ မသွားမဖြစ် နာမည်ကြီး Fishermen Wharf’s, Fifth Avenue တွင်ဈေးဝယ်ပြီး၊ ထိုမှတဆင့် Cable ကားဖြင့် ကမ္ဘာ့အကွေ့ အကောက်အများဆုံးနှင့် အလှဆုံး တောင်ပေါ် လမ်းကျဉ်း Lombard Street သို့ သွားပါမည်။ နေ့လည်စာ သုံးဆောင်ပြီး ဆက်လက်၍ တရုတ်တန်း၊ City Hall သို့ သွားရောက် လည်ပတ်ပါမည်။

Day 15

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး ဟာဝိုင်အီသို့ ခရီးဆက်ရန် လေဆိပ်သို့ ပို့ပေးပါမည်။ နေ့လည်ပိုင်းတွင် အမေရိကန် ပြည်ထောင်စု၏ ပစိဖိတ်သမုဒ္ဒရာအတွင်းမှ ကမ္ဘာ့နာမည်ကြီး ပြည်နယ်ဖြစ်သည့် ဟာဝိုင်အီကျွန်းသို့ ရောက်ရှိပါမည်။ လေဆိပ် တွင် ဧည့်လမ်းညွှန်မှ ကြိုဆိုနှုတ်ဆတ်ပြီး၊ မြို့တွင်း လည်ပတ်ပြီး၊ ဟာဝိုင်အီအက အလှတို့ ဖြင့် ဧည့်ခံ သည့် ဘူဖေး (သို့) တရုတ်စာ ဖြင့် ဧည့်ခံပြီးမည်။ ထို့နောက် တည်းခိုမည့် ဟိုတယ်သို့ ပို့ဆောင် ပေးပါမည်။
Hotel: Sheraton Honolulu Resort / 4* (3 nights)

Day 16

နံနက်စာသုံးဆောင်ပြီးနောက် ဂျပန်တို့မှ စစ်မကြေငြာပဲ တိုက်ခိုက်ခဲ့သည့် ပုလဲဆိပ်ကမ်း အမှတ်တရဖြစ်သည့် (Arizona Memorial Visitor Center) သို့ သင်္ဘောဖြင့် သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Visitor Center သို့ ပြန်ရောက်ပြီး၊ Center တွင်းရှိ ပြတိုက်များ၊ အမှတ်တရ စစ်သင်္ဘော၊ ရေငုတ်သင်္ဘောတို့ကို သွားရောက်ကြည့်ရှု လည်ပတ်မည်။ နေ့လည်စာကို တရုတ်စာ၊ သို့ ဂျပန်စာဖြင့် ဧည့်ခံပြီး၊ နေ့လည်ပိုင်းတွင် ထို့နောက် အမေရိကန် ပြည်ထောင်စု၏ တစ်ခုတည်းသော တော်ဝင် အထိမ်းအမှတ် နေရာ ဖြစ်သည့် (Lolani Palace) နန်းတော်ဟောင်းသို့ လည်ပတ်ပါမည်။ ဟာဝိုင်အီကျွန်း၏ ဘုရင်ဖြစ်ခဲ့သည် King Kamehameha ရုပ်တု နှင့် မြို့တော်ခမ်းမ၊ မီးတောင်ဟောင်း ဖြစ်သည့် Punchbowl သို့ သွားရောက် လည်ပတ်ပြီး၊ ညနေပိုင်းတွင် သာယာလှပသည့် ကမ်းခြေတစ်လျှောက်တွင် Endless Happiness အပန်းဖြေရင်း Endless Shopping ဈေးဝယ်ထွက်နိုင်ရန် အမေရိကားနိုင်ငံ၏ အခွန်အနည်းဆုံး ဟာဝိုင်အီမြို့ရှိ Outlet သို့ ပို့ပေးပါမည်။ မိမိတို့ တည်းခိုမည့် ဟိုတယ်သည် ဈေးဝယ်စင်တာ အများအပြား ရှိသော ဝေကီကီ ကမ်းခြေတွင် တည်ရှိပါသည်။ ထို့ကြောင့် ဈေးဝယ်လို လျင်သော်လည်းကောင်း၊ ကမ်းခြေတွင် ရေကူး အပန်းဖြေလိုလျင်သော်လည်းကောင်း၊ မိမိတို့ စိတ်တိုင်းကျ အပန်းဖြေနိုင်သော နေရာဖြစ်သည်။
Hotel: Sheraton Honolulu Resort / 4*

Day 17

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် လွတ်လပ်စွာ ဈေးဝယ်ထွက်ပါမည်။ ထို့နောက် ဟာဝိုင်အီကျွန်းသား တို့၏ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာများကို လေ့လာနိုင်သည့် Polynesian Cultural Center သို့ လည်ပတ်ပါမည်။ PCC တွင် ဟာဝိုင်အီကျွန်းသားတို့၏ ဖျော်ဖြေပွဲများ၊ ဟာဝိုင်အီ ကျွန်း၏ အံ့မခန်းလှပပုံကို ကောင်းကင်မှ ရဟတ်ယာဉ် ဖြင့်ရိုက်ထားသော 5D ရုပ်ရှင်ကို သွားရောက် ကြည့်ရှုပြီး၊ အမှတ်တရ ပစ္စည်းများ ဝယ်ကြမည်။ ညပိုင်းတွင် နာမည်ကျော် ဟာဝိုင်အီ ရိုးရာအစားစာဖြင့် ဧည့်ခံပြီး၊ ကျွန်းသားတို့၏ ဟာဝိုင်အီကျွန်းဖြစ်ပေါ်လာပုံ၊ ကျွန်းသား တို့၏ ယဉ်ကျေးမှု တို့ကို ဖော်ကျူးသော တင်ဆက် သရုပ်ဆောင် ကပြမှု တို့ကို ရှုစားကြည့်ရှုပြီးနောက်၊ မိမိတို့ တည်းခိုရာ ဟိုတယ်သို့ ပို့ဆောင်ပေးမည်။
Hotel: Sheraton Honolulu Resort / 4*

Day 18

နံနက်ပိုင်းတွင် ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ အချိန်ရပါက မိမိတို့ စိတ်တိုင်းကျ ကမ်းခြေတလျောက် ဟိုတယ်အနီးအနားတွင် ဈေးဝယ်၊ ရေကူး၊ ကမ်းခြေတလျောက်လမ်းလျောက်ရင်း အပန်းဖြေနိုင်ပါသည်။ နေ့လည်ပိုင်းတွင် ဟိုနိုလူလူ မြို့မှ ပြန်လည်ထွက်ခွာပြီး မိမိတို့၏ ရွှေမြို့တော်သို့ ပြန်ရန် လေဆိပ်သို့ ပို့ပေးမည်။

Day 19

လေဆိပ်သို့ မိမိတို့၏ ရွှေမြို့တော်သို့ ပြန်ရန်အတွက် တိုကျိုလေဆိပ်သို့ ပျံသန်းထွက်ခွါမည်။ ညနေပိုင်းတွင် တိုကျို  လေဆိပ်သို့ ရောက်ရှိပြီး ဘန်ကောက် လေဆိပ်သို့ ဆက်လက် ထွက်ခွါ ပျံသန်းပြီး ဘန်ကောက်လေဆိပ်ဟိုတယ်တွင် ညအိပ်ပါမည်။

Day 20

ဘန်ကောက်လေဆိပ်မှ တဆင့် ရန်ကုန်မြို့တော်သို့ ပြန်လည်ထွက်ခွါ နံနက် ၀၈:၅၀ တွင် ပြန်လည် ရောက်ရှိလာပါမည်။

မှတ်ချက်။ ***အထက်ပါခရီးစဉ်သည် ရာသီဥတုနှင့် လေယာဉ်အချိန်လိုက်ပြီး အပြောင်းအလဲ ရှိနိုင်ပါသည်။***

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

Flight
Sight seeing
Transfer
Hotels
Meals
Guides
  • ကြယ် (၄)ပွင့်အဆင့်ရှိ ဟိုတယ်တွင် ၁၆-ည တည်းခိုခွင့်
  • WIFI နှင့် A/C ပါသော အဆင့်မြင့်ကားကြီးများဖြင့် လည်ပတ်ရန် ပို့ဆောင်ပေးခြင်း
  • ခရီးစဉ်တွင် ပါဝင်သော လည်ပတ်ရမည့် ဝင်ကြေးများ
  • လေယာဉ်လက်အမှတ် (အသွား-အပြန်) သတ်မှတ်ထားသည့် ရက်အတိုင်းသာ
  • နံနက်စာ၊ နေ့လည်စာ၊ ညနေစာ (ဖော်ပြပါအတိုင်း) တရုတ်၊မြန်မာ၊ထိုင်း၊အီတလီ၊ အမေရိကန်
  • ဧည့်လမ်းညွှန်နှင့် မြန်မာအဖွဲ့ခေါင်းဆောင် (၁၆-ဦးနှင့် အထက်)
  • ကားပေါ်တွင် နေ့စဉ် ရေသန့်ဗူး ပေးခြင်း

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

  • ခရီးစဉ်တွင် မပါသော ဝင်ကြေးများ
  • မိမိတို့၏ ကိုယ်ပိုင်အသုံးစရိတ်များ
  • စားသောက်ဆိုင်၊ ဟိုတယ်များတွင် အဖျော်ယမကာ သုံးဆောင်စရိတ်များ
  • ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းအား အပိုဆုကြေးငွေပေးခြင်း
  • ဗီဇာကြေးနှင့် ဝန်ဆောင်မှုများ

Road

Map

အကယ်၍ အောက်ပါဝန်ဆောင်မှုများ အတွက် မိမိတို့အစီအစဉ်နှင့် သွားလိုသူများ ထပ်မံပေးရ ပါမည်။

  • ဟိုတယ်မှ ခရီးစဉ်ထက်စော၍သော်၎င်း၊ နောက်ကျ၍သော်၎င်း ပိုနေခြင်း
  • သီးသန့် တစ်ယောက်ခန်းတွင် နေခြင်း
  • လေယာဉ်ခရီးစဉ် အချိန်၊ ရက်ပြောင်းလိုခြင်း
  • ခရီးစဉ်တွင် မပါသော နေရာများအား သွားလိုခြင်း

မှတ်ချက်။

  • ခရီးစဉ်တွင် လိုက်ပါရန် အမည်စာရင်းသွင်းပါက USD 1,000 စီ စရံအဖြစ် ပေးသွင်းရန်။
  • ကျန်ရှိသော ငွေအား ဗီဇာရရှိပြီး၊ ၃-ရက်အတွင်း ပေးချေရပါမည်။
  • ဗီဇာလျောက်ရန်အတွက် ဖော်ပြပါ လိုအပ်သော စာရွက်စာတမ်းများ ပေးရပါမည်။
  • ဗီဇာ ရရှိပြီး၊ ခရီးစဉ်မလိုက်ဖြစ်ပါက စရံငွေပြန်အမ်းမည် မဟုတ်ပါ။
  • ခရီးစဉ်လိုက်ပါရန်အတွက် မတ်လ အတွင်း စာရင်းပေးပြီး လိုအပ်သော ဗီဇာ လျောက်ထားရန် စာရွက်စာတမ်း အပြည့်အစုံ ပေးသောသူများ အကယ်၍ ဗီဇာမရရှိပါက စာရွက်စာတမ်းကြေး US $ 15 သာလျင် ပေးရပါမည်။
  • စာရွက်အထာက်အထား ပြည့်စုံလျင် ၉၉.၉% ရရန် အာမခံပါသည်။